Connect with us

Environment, Disasters & Accidents

မီးလောင်ကျွမ်းခဲ့သည့် မန္တလေး မင်္ဂလာဈေး အဆောက်အဦ ကြံ့ခိုင်မှု စစ်ဆေးလျက် ရှိပြီး ဆိုင်ခန်း/တိုက်ခန်း များ ယာယီ နေရာများ စီစဉ် ဆောင်ရွက် ပေးမည်ဟုဆို

မန္တလေးမြို့ မင်္ဂလာဈေး အဆောက်အဦ မီးလောင်မှု အားတွေ့ရစဉ် (ဓာတ်ပုံ- Myanmar Fire Services Department)

ရန်ကုန် ၊ မတ် ၂၃ ရက် (ဆင်ဟွာ)

မန္တလေးမြို့ရှိ မီးလောင်ကျွမ်းခဲ့သည့် မင်္ဂလာဈေးအား ယခုအခါ အဆောက်အဦ ကြံ့ခိုင်မှုကို စစ်ဆေးလျက်ရှိပြီး မီးဘေးသင့် ဈေးဆိုင်ခန်းများနှင့် လူနေတိုက်ခန်းရှင်များ အား ယာယီနေရာများ စီစဉ် ဆောင်ရွက်ပေးနိုင်ရေး အတွက် မန္တလေး မြို့တော် စည်ပင်သာယာရေး ကော်မတီ မှ ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ယနေ့မတ် ၂၃ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

မတ်လ ၂၂ ရက်တွင် မီးလောင်ကျွမ်းခဲ့သော မင်္ဂလာဈေးသည် ရုံးခန်း ၇ ခန်း၊ အရောင်းပြခန်း ၆ ခန်း၊ အထည်ဆိုင်ခန်း ၄၈၁ ခန်း၊ လူနေတိုက်ခန်း ၅၆ ခန်း၊ စုစုပေါင်း အခန်း ၅၅၀ ရှိသည့် အနက် ရုံးခန်း ၁ ခန်း၊ အရောင်းပြခန်း ၅ ခန်း ၊ အထည်ဆိုင်ခန်း ၂၆၃ ခန်း ၊ လူနေတိုက်ခန်း ၂၈ ခန်း စုစုပေါင်း ၂၉၇ ခန်း ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

ဈေးမီးလောင်ကျွမ်းခဲ့သည့် အကြောင်းအရင်းနှင့် ပျက်စီးဆုံးရှုံးမှု တန်ဖိုးကို အသေး စိတ် စစ်ဆေး စိစစ်လျက်ရှိပြီး မီးလောင်မှု အပြီးသတ်ငြိမ်းခြင်း ကို မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ဆောင်ရွက် လျက်ရှိနေကြောင်း သိရသည်။

မန္တလေးမြို့ မင်္ဂလာဈေး မီးလောင်မှုအား မီးသတ်ယာဉ် ၁၀၀ ကျော်နှင့် မီးသတ်တပ်ဖွဲ့ဝင် ၆၀၀ ကျော်ဖြင့် ငြိမ်းသတ်ခဲ့ရပြီး ကနဦး ခန့်မှန်း တွက်ချက်မှုအရ ဈေးတစ်ခုလုံး၏ ၆၅ ရာခိုင်နှုန်း ခန့်နှင့် ထိခိုက် ဒဏ်ရာရရှိသူ ၇ ဦးခန့် ရှိကြောင်း သတင်း ထုတ်ပြန်ထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.