Connect with us

Environment, Disasters & Accidents

ပေကျင်းတွင် ခြောက်သွေ့ရာသီအတွင်း ဆောက်လုပ်ရေးလုပ်ငန်းများအား တားမြစ်

ပေကျင်းမြို့၏ မြို့လယ်ခေါင်နေရာတစ်ခုအားတွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ)

ပေကျင်းမြို့၏ လေထုအရည်အသွေးအား ပိုမိုမြှင့်တင်နိုင်ရန်အတွက် ခြောက်သွေ့သည့် ဆောင်းရာသီအတွင်း ဆောက်လုပ်ရေးလုပ်ငန်းများကို ခေတ္တရပ်ဆိုင်းထားမည်ဖြစ်ကြောင်း အိမ်ရာနှင့် မြို့ပြကျေးလက်ဖွံ့ဖြိုးတိုးတက်မှု စည်ပင်သာယားရေးကော်မရှင်က ပြောကြားခဲ့သည်။

ကော်မရှင်၏ပြောကြားချက်အရ ပေကျင်းမြို့၏ ခရိုင်၆ခုနှင့် ပတ်ဝန်းကျင်ရှိ ဒေသများတွင် နေအိမ်များဖြိုဖျက်သည့် လုပ်ငန်းများအပါအဝင် လမ်း နှင့် ရေရှိရေး စီမံကိန်းများအတွက် မည်သည့်ဆောက်လုပ်ရေးလုပ်ငန်းများကိုမဆို ၂၀၁၇ခုနှစ် နိုဝင်ဘာ ၁၅ ရက်မှ ၂၀၁၈ခုနှစ် မတ်လ ၁၅ ရက်အထိ တားမြစ်သွားမည်ဖြစ်ကြောင်း သိရသည်။တားမြစ်ကာလအတွင်း ရပ်ဆိုင်း၍မရသည့် အဓိကကျသော စီမံကိန်းများ နှင့် အချို့သော အရေးကြီးစီမံကိန်းများအနေဖြင့် ကော်မရှင်ထံတွင် ခွင့်ပြုချက်ယူရမည်ဖြစ်ကြောင်း သိရသည်။ကော်မရှင်က စောင့်ကြည့်စစ်ဆေးမှုများ အရှိန်အဟုန်ဖြင့်လုပ်ဆောင်သွားမည်ဖြစ်ပြီး တားမြစ်မှုအား ချိုးဖောက်သူများကို ပြင်းထန်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.