Connect with us

International Organizations

ကပ်ရောဂါသက်ရောက်မှုကို ဖြေရှင်း၍ ဆောင်ရွက်ခဲ့သော ပေကျင်းဆောင်းရာသီအိုလံပစ် ပြင်ဆင်မှုလုပ်ငန်းများက အံ့ဖွယ်ဖြစ်ကြောင်း အိုလံပစ် ကော်မတီ ဥက္ကဋ္ဌပြောကြား

နိုင်ငံတကာအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ Thomas Bach အား သတင်းစာရှင်းလင်းပွဲ တစ်ခုတွင် မြင်တွေ့ရစဉ်(ဆင်ဟွာ)

 

ပေကျင်း ၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး
နိုင်ငံတကာအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ Thomas Bach က ဇန်နဝါရီ ၂၈ ရက်၌ ဆင်ဟွာသတင်းဌာန၏ အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံမေးမြန်းမှုကို ဖြေကြားရာတွင် တရုတ်နိုင်ငံအနေဖြင့် ကပ်ရောဂါ၏ စိန်ခေါ်မှုနှင့် ရင်ဆိုင်ခဲ့ရသော်လည်း ပေကျင်းဆောင်းရာသီအိုလံပစ် ၏ ပြင်ဆင်မှုလုပ်ငန်းများမှာ လွန်စွာ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ခဲ့သဖြင့် အံ့ဖွယ်တစ်ခုဟု ဆို၍ရကြောင်း ပြောကြားခဲ့သည်။

ဆင်ဟွာသတင်းဌာန ၏ မေးမြန်းမှုအားဖြေကြားရာတွင် Bach က ပေကျင်းဆောင်းရာသီအိုလံပစ် ဦးစီးကော်မတီ အနေဖြင့် ပေကျင်းဆောင်းရာသီ အိုလံပစ် ကျင်းပပြုလုပ် ရန်အတွက် ရှည်လျားသည့် ရည်မှန်းချက် နှင့် မဟာကြီးမားသော မျှော်မှန်းချက်ရှိကြောင်း ၊ ဆောင်းရာသီ အိုလံပစ်အား ရေရှည်အဆက်မပြတ်ဖွံ့ဖြိုးတိုးတက်နိုင်အောင် ဆောင်ရွက်ခဲ့ခြင်းသည် အိုလံပစ်အားကစားအတွက် လွန်စွာကောင်းမွန်သည့် စံနမူနာကို ထူထောင်ပေးနိုင်ခဲ့ကြောင်း ၊ ပေကျင်းဆောင်းရာသီ အိုလံပစ် ၏ အားကစားကွင်းများစွာသည် ၂၀၀၈ ခုနှစ် ပေကျင်း အိုလံပစ် ကျင်းပပြုလုပ်ရာတွင် ကျန်ရှိခဲ့သည့် အားကစားကွင်းများဖြစ်ကြပြီး ပေကျင်းဆောင်းရာသီအိုလံပစ်အတွက် တည်ဆောက်ခဲ့သည့် အားကစားကွင်းများမှာလည်း ပြိုင်ပွဲအပြီးတွင် အပြည့်အဝအသုံးချသွားရန် ရွည်ရွယ်ထားကာ ဆောင်းရာသီအိုလံပစ် အပေါ် တစ်နေ့တစ်ခြား ပိုမိုစိတ်ဝင်စားလာသော တရုတ်နိုင်ငံ ပြည်သူလူထု အတွက် အသုံးပြုခွင့်ပေးအပ်သွားမည်ဖြစ်ကြောင်း ၊ ပေကျင်းဆောင်းရာသီအိုလံပစ် ကျင်းပခွင့်ရရှိရန် တင်ပြချိန်က အဆိုပြုခဲ့သော လူပေါင်း သန်း ၃၀၀ အား ဆောင်းရာသီ အားကစားတွင် ပါဝင်လာစေရန် မျှော်မှန်းချက်သည် တဖြည်းဖြည်း အကောင်အထည်ဖော်လာနိုင်ခဲ့ပြီးဖြစ်ကြောင်း ၊ ပေကျင်းဆောင်းရာသီအိုလံပစ် ကျင်းပပြုလုပ်ခြင်းသည် တရုတ်နိုင်ငံအတွက် လွန်စွာကြီးမားသည့် အမွေအနှစ်ကျန်ရှိစေမည်ဖြစ်ပြီး ကမ္ဘာ့ဆောင်းရာသီအားကစား ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း သမိုင်းသွင်စေမည့် အနှစ်သာရရှိသော ကိစ္စရပ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

လက်ရှိချိန်တွင် ကမ္ဘာတစ်ဝန်း၌ ဖြစ်ပွားနေသော COVID-19 ကပ်ရောဂါ အခြေအနေပေါ် မူတည်၍ ပေကျင်းဆောင်းရာသီအိုလံပစ် စမ်းသပ်ပွဲကျင်းပမည် အပေါ် ပြောင်းလဲမှုများ ဆောင်ရွက်ခဲ့သည်။ ယင်းနှင့်ပတ်သက်၍ Bach က နိုင်ငံတကာ အိုလံပစ်ကော်မတီအနေဖြင့် ပြန်လည်ပြောင်းလဲမှု ပြုလုပ်ထားသည့် စမ်းသပ်မှုအစီအစဉ်အပေါ် အပြည့်အဝ ချီးမွမ်းကြိုဆိုကြောင်း ၊ အိုလံပစ်ပြိုင်ပွဲ တစ်ကြိမ်ကျင်းပပြုလုပ်ရာတွင် လုံခြုံမှု သည် အရေးကြီးဆုံးကိစ္စရပ် ဖြစ်သောကြောင့် ဖြစ်ကြောင်း ၊ မိမိအနေဖြင့် တရုတ်နိုင်ငံ၏ COVID-19 ကပ်ရောဂါတိုက်ဖျက်ရေးတွင် ဆောင်ရွက်ခဲ့သည့် ကြီးမားသောကြိုးပမ်းအားထုတ်မှုများအပေါ် အသိအမှတ်ပြုကြောင်း ၊ တရုတ်နိုင်ငံအနေဖြင့် ပြည်တွင်းကပ်ရောဂါ အခြေအနေအား ဦးစွာထိန်းချုပ်နိုင်ခဲ့ပြီး စီးပွားရေးပြန်လည်ကောင်းမွန် လာအောင်ဆောင်ရွက်နိုင်ခဲ့ခြင်းသည် ကြီးမားသည့် အောင်မြင်မှုဖြစ်ကြောင်း ၊ နိုင်ငံတကာ အိုလံပစ်ကော်မတီ အနေဖြင့် လက်ရှိချိန်တွင် ကပ်ရောဂါကာကွယ်ရေးအတွက် ထိရောက်သော ဆောင်ရွက်မှုအားလုံးကို ထောက်ခံအားပေးပြီး ယင်းဆောင်ရွက်မှုများ အောင်မြင်ခဲ့သောကြောင့် ဆောင်းရာသီအိုလံပစ်အောင်မြင်စွာ ကျင်းပနိုင်စေရန် အတွက် ယုံကြည်မှု ပိုမိုရရှိစေခဲ့ကြောင်း ပြောကြားခဲ့သည်။

၂၀၀၈ ခုနှစ် ပေကျင်းအိုလံပစ် နှင့်ပတ်သက်၍ မေးမြန်းခဲ့ရာတွင် နိုင်ငံတကာအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ က ပေကျင်းအိုလံပစ်ကျင်းပပြုလုပ်ခဲ့ချိန်တွင် မိမိအနေဖြင့် မီးတိုင်ကိုင်ဆောင်သူ အဖြစ် မီးတိုင်လက်ဆင့်ကမ်းမှုတွင် ပါဝင်ခဲ့ပြီး ထိုချိန်က မိမိအနေဖြင့် နိုင်ငံတကာအိုလံပစ် ကော်မတီ ၏ ဒုတိယဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်နေကြောင်း ၊ ၂၀၀၈ ခုနှစ် ပေကျင်းအိုလံပစ် အားကစားပွဲ တွင် ပါဝင်ခဲ့သူအားလုံးသည် ယင်းအကြိမ် အိုလံပစ်အားကစားပွဲ ၌ တရုတ်နိုင်ငံ ပြည်သူလူထု၏ဖော်ရွေမှု အပေါ် နက်ရှိုင်းစွာ အမှတ်ရခဲ့ကြမည်ဖြစ်ပြီး တရုတ်နိုင်ငံ မှ မိတ်ဆွေများအနေဖြင့်လည်း ကာလတစ်လျှောက်ကကဲ့သို့ မြင့်မားသည့် ထိရောက်မှု နှင့် တက်ကြွမှု တို့ကို ထိန်းသိမ်းထားခဲ့ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

—————————
(Chinese Version)
(北京冬奥会)巴赫:克服疫情影响 北京冬奥筹办工作几乎是一个奇迹
2021-01-28 23:04:35 分类: 体育
  新华社北京1月28日电(记者王楚捷、苏斌、姬烨)国际奥委会主席巴赫28日接受新华社视频连线专访。巴赫表示,尽管面对疫情的挑战,北京冬奥筹办工作进展十分平稳顺利,“几乎是一个奇迹”。
  巴赫表示,北京冬奥组委对举办北京冬奥会拥有远大抱负和伟大愿景,其可持续发展工作为奥林匹克运动树立了非常好的榜样。一方面,北京冬奥会的很多场馆是2008年北京奥运会遗产;另一方面,北京冬奥会的场馆建设充分考虑赛后利用,很多场馆将向冬季运动参与度越来越高的中国人民开放。北京申冬奥时提出的“带动三亿人参与冰雪运动”的愿景如今正一步步变为现实,北京冬奥会的举办,不仅将为中国留下巨大遗产,对全球冬季运动的发展也将是一个具有里程碑意义的事件。
  鉴于当前的全球新冠疫情形势,北京冬奥测试赛将进行调整。巴赫对此表示,国际奥委会十分赞赏和欢迎调整后的测试方案,因为对于一届奥运会来说,安全是最重要的。巴赫同时肯定了中国在抗击新冠肺炎疫情中所做出的巨大努力,“中国率先控制住国内疫情并实现经济复苏,这是了不起的成就。当前,国际奥委会支持所有有效的防疫措施,因为这些措施的成功,让我们对成功举办冬奥会更有信心”。
  谈及2008年北京奥运会,巴赫称,在北京奥运会开幕当天,他作为火炬手参与了火炬传递活动,同时他还是时任国际奥委会副主席。“所有参与过2008年北京奥运会的人,都会对那届奥运会、热情好客的中国人印象深刻,而中国朋友们也一如既往地保持着高效和活力。”(完)

Photo
11月16日,国际奥委会主席巴赫在发布会上。新华社记者 杜潇逸 摄