Connect with us

Environment, Disasters & Accidents

ဘေးအန္တရာယ်များကြောင့် ဆုံးရှုံးမှုများ ကာကွယ်နိုင်ရန်နှင့် လျော့နည်းစေရန် အစွမ်းကုန်ဆောင်ရွက်ဟု ပြည်ထောင်စုဝန်ကြီးဆို

(၅)ကြိမ် မြောက် သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ အာဆီယံဝန်ကြီးများအဆင့် အစည်းအဝေးကျင်းပစဉ်(ဓာတ်ပုံ-

ရန်ကုန်၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံသည် သဘာဝဘေးအန္တရာယ်များနှင့် လူကြောင့်ဖြစ်သော ဘေးအန္တရာယ်များကို ယခင်ကထက် ပိုမို ခံစားနေရပြီး အစိုးရအနေဖြင့် ဘေးအန္တရာယ် ကြောင့် ဆုံးရှုံးမှုများကို ကာကွယ်နိုင်ရန်နှင့် လျော့နည်းစေ ရန် အစွမ်းကုန်ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၌ ကျင်းပသော(၅)ကြိမ် မြောက် သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ အာဆီယံဝန်ကြီးများအဆင့် အစည်းအဝေး၌ ပြောကြားသည်။

အမျိုးသားသဘာဝ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီနှင့် လုပ်ငန်း ကော်မတီများဖွဲ့စည်း၍ ကြိုတင်ကာကွယ်ရေးနှင့်ကြိုတင် ပြင်ဆင်ရေးလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်လျက် ရှိကြောင်း၊ ကြိုတင်သတိပေးစနစ်များ ဖော်ဆောင်ခြင်း၊ ကျေးလက်လမ်းများအဆင့်မြှင့်တင်ခြင်း၊ ဘက်စုံသုံး Cyclone Shelter များ ဆောက်လုပ်ခြင်း စသည်တို့ကို ဆောင်ရွက်လျက် ရှိကြောင်း၊ ရန်ပုံငွေများလည်း တိုးမြှင့် ချထားဆောင်ရွက်လျက် ရှိပါကြောင်း ၎င်းက ဆိုသည်။

လူသားအရင်း အမြစ်များ စွမ်းရည်မြင့်မားရေးအတွက်လည်း သင်တန်း ကျောင်းများ ဖွင့်လှစ်၍ ဆောင်ရွက်နေကြောင်း၊Myanmar Action Plan for Disaster Risk Reduction (MAPDRR) ကိုလည်း ရေးဆွဲ၍ ဦးစားပေး လုပ်ငန်း ၃၂ ခုဖြင့် အကောင်အထည်ဖော်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် သဘာဝဘေးဒဏ်ခံနိုင်သော အာဆီယံဒေသဖြစ်စေရန်နှင့်ONE ASEAN ONE RESPONSE လုပ်ငန်းစဉ် အကောင်အထည်ဖော်ဆောင် ရွက်ရန်အတွက် အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

(၅)ကြိမ် မြောက် သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ အာဆီယံဝန်ကြီးများအဆင့် အစည်းအဝေး၌

AHA Centre မှတစ်ဆင့် အာဆီယံနိုင်ငံများမှ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ပြည်သူများ အတွက် အမေရိကန်ဒေါ်လာ လေးသိန်းကျော်တန်ဖိုးရှိသော လူသားချင်း စာနာမှုဆိုင်ရာ အကူအညီပစ္စည်းများ ထောက်ပံ့ပေးခြင်း အတွက် ကျေးဇူးတင်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

အဆိုပါ အစည်းအဝေးတွင်AHA Centre မှ သဘာဝ ဘေးအန္တရာယ်များတွင် သာမက လူကြောင့်ဖြစ်သော ဘေးဒုက္ခများတွင်ပါ လူသားချင်း စာနာထောက် ထားမှု အကူအညီများ ပေးနေမှုကိုလည်း အလေးထား ဆွေးနွေးခဲ့ ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.