Environment, Disasters & Accidents
လေထု သန့်စင်ရေးအတွက် ယွမ် ၁၆.၅ ဘီလီယံ တရုတ် သုံးစွဲမည်
ပေကျင်း၊ ဇန်နဝါရီ ၂၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံသည် ၂၀၁၆ ခုနှစ်အတွင်း လေထု အရည်အသွေး တိုးတက်ရန်အတွက် ယွမ် ၁၆.၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂.၅၇ ဘီလီယံ) သုံးစွဲရန် လျာထားကြောင်း တရုတ် သဘာဝပတ်ဝန်းကျင် အာဏာပိုင် များက ပြောသည်။
ထို ရန်ပုံငွေများဖြင့် မြို့တော်အတွင်း မီးသွေး အသုံးပြုမှု လျှော့ချရန်နှင့် ယာဉ်အို ယာဉ်ဟောင်းများအား ဖယ်ရှားရန် သုံးစွဲသွားမည်ဟု ဆိုသည်။
ပေကျင်းမြို့၌ အချင်း ၂.၅ မိုက်ခရွန်ထက် သေးငယ်သည့် လေထုအတွင်း အမှုန်များ၏ ပျမ်းမျှသိပ်သည်းမှု ပမာဏ PM2.5 မှာ တစ်နှစ်ထက်တစ်နှစ် ၆.၂ ရာခိုင်နှုန်း ကျဆင်းလာကြောင်း ပေကျင်း သဘာဝပတ်ဝန်းကျင် ကာကွယ်ရေး ဗျူရို စာရင်းဇယားများက ပြသနေသည်။ ၂၀၁၆ ခုနှစ်တွင် အမှုန်သိပ်သည်းမှုအား ၅ ရာခိုင်နှုန်း အထိ ကျစေရန် ပေကျင်းက ရည်မှန်းထားကြောင်း သိရသည်။
ကာဗွန်စွန့်ထုတ်မှု မြင့်မားသည့် ယာဉ်ပေါင်း နှစ်သိန်းအား ဖယ်ရှားပေးရန်နှင့် ကျေးရွာပေါင်း လေးရွာအား သန့် စင်သော စွမ်းအင် အသုံးပြုနိုင်ရေး မြှင့်တင်ပေးမည်ဖြစ်ကြောင်း တရုတ် အစိုးရက ကတိပေးထား သည်။ (Xinhua)