Connect with us

Environment, Disasters & Accidents

တရုတ်နိုင်ငံ တွင် ရာသီဥတု ဆိုးရွားမှုကြောင့် လေဆိပ် နှင့် အဝေးပြေးလမ်းများ ယာယီပိတ်ထားရ

တရုတ်နိုင်ငံတွင် အအေးလွန်ကဲမှုကြောင့် ရေခဲနေသည့် ဆိပ်ကမ်းတစ်ခုအားတွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သည် ယခင် နှစ်များထက် အအေးလွန်ကဲမှု ကြောင့် ပြည်နယ် အများစု ရှိ လေကြောင်းလိုင်းများ နှင့် အဝေးပြေးလမ်းများ အား ယာယီ ပိတ်ထားရကြောင်း သိရသည်။

ဇန်နဝါရီလ ၂၂ ရက် နံနက် ၈နာရီ မှစ၍ အနည်းဆုံး ပြည်နယ် နှင့် စည်ပင်သာယာနယ်မြေ ၁၂ခုရှိ အဝေးပြေးလမ်းမ များအား နှင်းမုန်တိုင်းများ တိုက်ခတ်မှုကြောင့် ပိတ်ထားရကြောင်း သိရသည်။

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှိ ကျောင်ရှီး ပြည်နယ် နေရာ အများစု တွင် ဇန်နဝါရီလ ၂၂ ရက်နေ့က နှင်းမုန်တိုင်း များ ကျရောက်ခဲ့ပြီး မြို့တော် ဖြစ်သည့် နန်ချောင်း ရှိ လေဆိပ်အား နံနက်ပိုင်းတွင် ပိတ်ခဲ့ရသည့် အပြင် ပြည်နယ်အတွင်း ရှိ အဝေးပြေးလမ်းမများကိုလည်း ပိတ်ပစ်ခဲ့ရကြောင်း သိရသည်။

ဇန်နဝါရီလ ၂၂ရက်နေ့တွင် ပေကျင်းမြို့ ၏ အပူချိန်သည် -10°C အထိ ကျဆင်းသွားခဲ့ပြီး ဇန်နဝါရီလ ၂၃ရက် နေ့တွင် နှစ်၃၀ အတွင်း စံချိန်တင် အဖြစ် -17°C အထိ ကျဆင်းသွားနိုင်ခြေ ရှိကြောင်း ပေကျင်း မိုးလေဝသ လေ့လာရေး စခန်းက ခန့်မှန်းခဲ့ကြောင်းသိရသည်။

တရုတ်နိုင်ငံ မြောက်ပိုင်း မွန်ဂိုလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေ ရှိ ကန်ဟဲ မြို့၌ အပူချိန်သည် ဇန်နဝါရီလ ၂၁ရက်နေ့တွင် -47.8°C အထိကျဆင်းခဲ့ကာ ၎င်း၏ သမိုင်းဝင် အပူချိန်အမှတ် -49.6°C နား သို့ရောက်ခဲ့ကြောင်းသိရသည်။ ကန်ဟဲမြို့သည် တရုတ်နိုင်ငံ တွင်အးဆုံးဒေသ တစ်ခု ဖြစ်ကြောင်း သိရသည်။

ကန်ဟဲ မြို့ လမ်းမတစ်လျှောက်တွင် ရေခဲ ဆီးနှင်းများ ဖုံးလွှမ်းလျက်ရှိပြီး အေးလွန်းသောကြောင့် ငါးရောင်းသူများသည် အေးခဲနေသော ငါးများ ကို အလွယ်တကူပင် ချိုးဖဲ့ကာ နှစ်ပိုင်း ပိုင်းနိုင်ကြောင်း သိရသည်။

Ergune မြစ် နှင့် အနီးတစ်ဝိုက် ဧရိယာ များတွင် အပူချိန်သည် -40°C အထိကျဆင်းလျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.