Environment, Disasters & Accidents
ဇူလိုင်လ တတိယ(၁၀)ရက်ပတ်အတွင်း ဧရာဝတီမြစ် နှင့် ချင်းတွင်းမြစ်ရေ မြင့်တက်နိုင်မှု၊ ကျဆင်းနိုင်မှုအခြေအနေ မိုးဇလထုတ်ပြန်
ရန်ကုန်၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ)
ဇူလိုင်လ တတိယ(၁၀)ရက်ပတ်အတွင်း ဧရာဝတီမြစ် နှင့် ချင်းတွင်းမြစ်ရေ မြင့်တက်နိုင်မှု၊ ကျဆင်းနိုင်မှု အခြေအနေ နှင့် ပတ်သက်၍ မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သတင်းထုတ်ပြန်သည်။
ဧရာဝတီမြစ်ရေသည် ဇူလိုင်လ တတိယ(၁၀)ရက်ပတ်အတွင်း မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့နှင့် ကသာမြို့တို့တွင် ၅-ပေမှ ၇-ပေခန့်၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့နှင့် ညောင်ဦးမြို့ တို့တွင် ၁-ပေမှ ၃-ပေခန့် မြင့်တက်လာနိုင်ပြီး ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် ၁-ပေမှ ၂-ပေခန့် ကျဆင်းနိုင်ကြောင်း သိရသည်။
ချင်းတွင်းမြစ်ရေသည် ဇူလိုင်လ တတိယ(၁၀)ရက်ပတ်အတွင်း ခန္တီးမြို့၊ ဟုမ္မလင်းမြို့နှင့် ဖောင်းပြင်မြို့တို့တွင် ၄-ပေမှ ၇-ပေခန့်နှင့် မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် ၂-ပေမှ ၃-ပေခန့် မြင့်တက်လာနိုင်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)