Connect with us

Environment, Disasters & Accidents

ချင်းတွင်းမြစ်ရေကျချိန် ညအိပ်ရပ်နားထားသော ကုန်တင်ရေယာဉ်တစ်စီး တိမ်းမှောက်

တိမ်းမှောက်နေသော ရေယာဉ်အားတွေ့ရစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ သြဂုတ် ၃ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကနီဆိပ်ကမ်းတွင် သြဂုတ် ၃ ရက်နေ့ နံနက်ပိုင်းတွင် ချင်းတွင်းမြစ်ရေကျချိန် ညအိပ်ရပ်နားထားသော ရေယာဉ်သည် တင်ဆောင်လာသော တန်ပိုဝိန်ကြောင့် ညာဘက်သို့ တိမ်းစောင်းနစ်မြုပ်မှု ဖြစ်ပွားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ယင်း တိမ်းမှောက်သွားသော ရွှေပြည်စိုးရေယာဉ်အသင်းမှ သိန်းထိုက်အောင်မော်တော်ယာဉ်(အသားခွံသေး) ရေယာဉ်အမှတ် (မရ-၁၄၁)ရေယာဉ်သည် ချင်းတွင်းမြစ်အတွင်း သြဂုတ် ၂ ရက်နေ့ ညနေ ၄နာရီအချိန်က မုံရွာမှ နန့်တောသို့ ဆန်တက်ရန်အတွက် ထွက်ရှိလာပြီး ကုန်တင်ရေယာဉ်ပေါ်၌ ဒီဇယ်ပေပါအလုံး(၁၇၀)နှင့် မိသားစုသုံး ကုန်ပစ္စည်းများ တင်ဆောင် လာကြောင်း သိရသည်။

အဆိုပါ ရေယာဉ်ပေါ်တွင် မိသားစုခရီးသည် စုစုပေါင်းလူ(၅)ဦးလိုက်ပါလာပြီး တိမ်းမှောက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း၊ ရေယာဉ်ပိုင်ရှင်အား ရေယာဉ်ပေါ်တွင် ဆီပေပါအလုံး(၁၇၀)နှင့် ကုန်ခြောက်ပစ္စည်းများ ပိုမိုတင်ဆောင် လာသဖြင့် ကနီမြို့မစခန်းတွင် အမှုဖွင့်အရေး ယူဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.