Connect with us

Environment, Disasters & Accidents

တရုတ်နိုင်ငံက အားလပ်ရက်အတွင်း ပြည်တွင်းခရီးစဉ် ၂၅၀ သန်း ရှိရန် မျှော်မှန်း

တရုတ်နိုင်ငံ၌ လေကြောင်းဖြင့် ခရီးသွားလာသူများအား တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဧပြီ ၂၇ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံက လာမည့် အလုပ်သမားနေ့အားလပ်ရက်အတွင်း လေယာဉ်လက်မှတ်များ ၊ ဝင်ခွင့်လက်မှတ်များ နှင့် ဟိုတယ်အခန်းများ ကြိုတင်စာရင်းပေးသွင်းမှုများသည် ၂၀၁၉ ခုနှစ် အလားတူကာလထက် သိသိသာသာ ကျော်လွန်နေခြင်းနှင့်အတူ ပြည်တွင်းခရီးစဉ် သန်း ၂၅၀ ဝန်းကျင် ရှိမည်ဟု မျှော်မှန်းထားကြောင်း သိရသည်။

နိုင်ငံတစ်ဝှမ်း မှတ်ပုံတင်ထားသော ယာဉ်အရေအတွက်မှာ မတ်လကုန်တွင် ၂၂၉ သန်းသို့ ရောက်ရှိလာခဲ့ပြီး ယာဉ်အသွားအလာ တာဝန်ရှိသူများက မေ ၁ ရက်မှ ၅ ရက်အထိ အားလပ်ရက်အတွင်း ခရီးတို နှင့် ခရီးဝေး ကိုယ်တိုင်မောင်းနှင်သွားလာကြမည့် ခရီးစဉ်များ မြင့်တက်လာနိုင်ခြေအတွက် ပြင်ဆင်လျက် ရှိကြောင်း သိရသည်။

တရုတ်နိုင်ငံ၌ ရထားဖြင့် ခရီးသွားလာသူများအား‌ တွေ့ရစဉ်(ဆင်ဟွာ) 

ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ယာဉ်အသွားအလာ ဘေးကင်းလုံခြုံရေး အတွက် သတိပေးခဲ့ပြီး အထူးသဖြင့် နာမည်ကြီး ခရီးသွားနေရာများ နှင့် အဓိက သာယာလှပသော နေရာများသို့ သွားရောက်သူများအတွက် သတိပေးခဲ့ကြောင်း သိရသည်။

ဓိကလမ်းကွန်ရက်များပေါ်တွင် ယာဉ်ကြောပိတ်ဆို့မှုများ မြင့်တက်လာလိမ့်မည် ဖြစ်ပြီး အမြန်လမ်းမကြီးပေါ်တွင် ပိတ်ဆို့မှုသည် ပြီးခဲ့သောနှစ် အလားတူကာလကထက် ၁၀ ရာခိုင်နှုန်း တိုးလာနိုင်ကြောင်း ခန့်မှန်းထားသည်။
ယာဉ်မောင်းနှင်သူများအား ယာဉ်အသွားအလာ သတင်းအချက်အလက်နှင့် ဘေးကင်းလုံခြုံရေး သတိပေးချက်များကို သတိပြုရန် နှင့် ပင်ပန်းနွမ်းနယ်ပြီး မောင်းနှင်ခြင်း ၊ အရက်သေစာသောက်စား မောင်းနှင်ခြင်း နှင့် ယာဉ်မောင်းလိုင်စင် မရှိဘဲ မောင်းနှင်ခြင်းကဲ့သို့ အန္တရာယ်ရှိသော မောင်းနှင်ခြင်းများအား ရှောင်ကြဉ်ရန် ဝန်ကြီးဌာနက အကြံပြုခဲ့ကြောင်း သိရသည်။ (Xinhua)
————————————————-
(English Version)

China expects 250 mln domestic trips during holiday
BEIJING, April 26 (Xinhua) — China expects to see around 250 million domestic trips during the upcoming Labor Day holiday, with bookings of air tickets, admission tickets and hotel rooms significantly surpassing that of the same period in 2019.
As the number of cars registered across the country reached 229 million by the end of March, traffic authorities are bracing for a foreseeable surge in medium- and long-distance self-drive trips during the holiday from May 1 to 5.
The Ministry of Public Security Monday warned against road traffic safety risks, especially in popular tourist destinations and around major scenic areas.
There will be rising traffic volumes on major road networks, and congestion on expressways is estimated to increase by 10 percent from the same period last year.
The ministry advised drivers to pay attention to traffic information and safety warnings and avoid dangerous driving such as fatigued driving, drunk driving and driving without a license. Enditem

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.