Connect with us

Environment, Disasters & Accidents

တရုတ်နိုင်ငံ ထိုင်ဝမ်ဒေသတွင် ပြင်းထန်သည့် ရထားမတော်တဆမှုဖြစ်ပွား၊ လူ (၅၀) ဦးသေဆုံး၍ (၁၄၆)ဦး ဒဏ်ရာရရှိ

တရုတ်နိုင်ငံ ထိုင်ဝမ်ဒေသ ရထားမတော်တဆမှုဖြစ်ပွားခဲ့သည့် နေရာအား ဧပြီ ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟွားလျန်၊ ဧပြီ ၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ထိုင်ဝမ်ဒေသတွင် ချင်းမင်ပွဲတော်ကာလ ရုံးပိတ်ရက် (၄) ရက်စတင်ခဲ့သည့် ဧပြီ ၂ ရက်က နှစ်ပေါင်း (၄၀)ကျော်ကာလအတွင်း သေဆုံးဒဏ်ရာရမှု အဆိုးဆုံးဖြစ်သည့် ရထားမတော်တဆမှုတစ်ခုဖြစ်ပွားခဲ့ရာ လူပေါင်း ဒါဇင်နှင့်ချီ၍ အသက်ဆုံးရှုံးမှုဖြစ်ပွားခဲ့သလို လူပေါင်းတစ်ရာကျော် ဒဏ်ရာရရှိခဲ့သည်။

ဧပြီ ၂ ရက် နံနက် ၉ နာရီ ၂၈ မိနစ်တွင် ထိုင်ဝမ် မီးရထား Taroko Express 408 သည် လျန်ဟွာခရိုင် တာ့ချင်းဆွေ ဥမင်လိုဏ်ခေါင်းအရောက်တွင် အနီးရှိဆောက်လုပ်ရေးသုံးယာဉ်တစ်စီး ပြုတ်ကျလာမှုကြောင့် ရထားလမ်းချော်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အခင်းဖြစ်ပွားမှုကြောင့် ရထားအတွဲ (၃) မှ (၈)အထိ ဥမင်လိုဏ်ခေါင်းတွင် ညပ်မိနေပြီး သေဆုံး ဒဏ်ရာရမှုများ ဖြစ်ပွားခဲ့သည်။

တရုတ်နိုင်ငံ ထိုင်ဝမ်ဒေသ ရထားမတော်တဆမှုဖြစ်ပွားခဲ့သည့် နေရာအား ဧပြီ ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ထိုင်ဝမ်ဒေသ ရထားမတော်တဆမှုဖြစ်ပွားခဲ့သည့် နေရာအား ဧပြီ ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ထိုင်ဝမ်ဒေသ သယ်ယူပို့ဆောင်ရေးဦးစီးဌာန၏ သတင်းများအရ လက်ရှိ အခင်းဖြစ်ပွားမှုကြောင့် ရထားမောင်းသူ အပါအဝင် လူ (၅၀)သေဆုံးခဲ့ပြီး ခရီးသည်(၁၄၆) ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ရထားအတွင်းပိတ်မိနေသူ မရှိကြောင်း သိရသည်။

အခင်းဖြစ်ပွားသည့် ညနေပိုင်းအထိ ရထားသည် လိုဏ်ခေါင်းတွင် ပိတ်မိနေရာ ယင်းနေရာသို့ ချဉ်းကပ်ခြင်းမပြုရန် အဝါရောင်သတိပေးစည်းမျဉ်းများ တားထားကြောင်းသိရသည်။ “တချို့ရထားတွဲတွေက ဆိုးဆိုးဝါးဝါး ပုံစံပျက်တဲ့အထိ ဖြစ်တယ်။ ညပိုင်းမှာ အပြီးရှင်းလင်းနိုင်ဖို့ ခက်ခဲတယ်။ ဒဏ်ရာရတဲ့သူတွေရဲ့အခြေအနေကိုတော့ အခင်းဖြစ်နေရာက ကူညီကယ်ဆယ်ရေး ညွှန်ကြားမှုအဖွဲ့က ထုတ်ပြန်ပါလိမ့်မယ်။ ”ဟု အခင်းဖြစ်ရာနေရာရှိ ကူညီကယ်ဆယ်ရေး ဝန်ထမ်း တစ်ဦးက ဆင်ဟွာကို ပြောသည်။

ဟွာလျန်ခရိုင်အစိုးရ၏ သတင်းများအရ ဒဏ်ရာရသူများကို ချီကျိဆေးရုံ၊ မန်နော့်ဆေးရုံနှင့် ဟွာလျန်ဆေးရုံများသို့ ဆေးကုသရန် ပို့ဆောင်ထားကြောင်း သိရသည်။

ရထားမတော်တဆမှုဖြစ်ပွားပြီးနောက် သေဆုံးသူအရေအတွက် အဆက်မပြတ်မြင့်တက်လာခဲ့ရာ ထိုင်ဝမ်ဒေသ လူမှုအသိုက်အဝန်း၏ အထူးအာရုံစိုက်ဖွယ်ရာနှင့် (၄)ရက်ကြာ ပိတ်ရက်ကာလအတွင်း ဝမ်းနည်းကြေကွဲဖွယ်ရာဖြစ်ခဲ့သည်။
“ထိုင်ဝမ်ရထားမတော်တဆမှုဖြစ်မယ်လို့ မထင်မိဘူး။ ပိတ်ရက်ကာလ သွားလာသူတွေဒီလောက်များတဲ့အချိန်မှာ ရထားတွဲချော်တဲ့ မတော်တဆမှုက လူတွေရဲ့ စိုးရိမ်စိတ်ကို ပိုကြီးစေတယ်။”ဟု တိုင်ပေမှ ဟွာလျန်သို့သွားသည့် ယင်းရထားတွင် လိုက်ပါသူ ခရီးသည်တစ်ဦးက ဆင်ဟွာကို ပြောသည်။

၂၀၁၈ ခုနှစ် အောက်တိုဘာ ၂၁ ရက်က ထိုင်ဝမ်ဒေသ ရီလန်စူးအောက်မြို့နယ်တွင် ရထားလမ်းချော် တိမ်းမှောက်မှု ဖြစ်ပွားခဲ့ရာ လူ (၁၈) ဦး သေဆုံးခဲ့ပြီး (၂၁၅) ဦးကျော် ဒဏ်ရာရရှိခဲ့သည်။ ၂၀၁၃ ခုနှစ်၊ ၂၀၁၅ ခုနှစ် ၊ ၂၀၁၆ ခုနှစ်များ တွင် ရထားမတော်တဆဖြစ်ပွားမှုကြောင့် သေဆုံးဒဏ်ရာရမှုများ ဖြစ်ပွားခဲ့သည်။

ယခု ရထားမတော်တဆမှုဖြစ်ပွားသည့် ဥမင်လိုဏ်ခေါင်းဘေးတွင် ဆောက်လုပ်ရေးလုပ်ငန်းရှိရာ လုပ်ငန်းသုံးယာဉ်ဘရိတ်မဆွဲထားမိဘဲ ပြုတ်ကျကာ ရထားတွဲကို တိုက်မိခြင်းဖြစ်နိုင်ကြောင်း ဟွာလျန်ခရိုင်ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ အခင်းဖြစ်ပွားချိန်၌ ဆောက်လုပ်ရေးယာဉ်တွင် လူမရှိကြောင်း၊ သက်ဆိုင်ရာ တာဝန်ရှိသူများကို စစ်ဆေးနေကြောင်းဆိုသည်။ (Xinhua)
 
————————————
(Chinese Version)
50死146伤:台湾铁路发生惨重交通事故
2021-04-02 22:48:49
新华社台湾花莲4月2日电(记者吴济海、姜婷婷)2日,台湾开启连续4天清明假期。这一天,台湾铁路却发生了四十多年来死伤最惨重的交通事故,数十人罹难,逾百人受伤。这一不幸事件震惊台湾社会。
上午9时28分,台铁太鲁阁号408次列车行驶至花莲县境内的大清水隧道时,疑似与自隧道附近滑落的工程车碰撞致列车出轨。列车第3至第8车厢卡在隧道中且有变形,伤亡惨重。 
台当局交通事务主管部门消息,截至记者发稿时,事故总共造成包含司机在内的50人罹难。146名乘客受轻重伤,列车中目前已无人受困。
傍晚,记者来到事故现场时看到,列车仍深陷在隧道中。现场已经拉起黄色警戒线不让旁人靠近。身着橘黄色、暗红色服装的救援人员不时分批列队进出隧道。一位从隧道中走出来的救援人员告诉记者,有的车厢受损变形严重,当晚怕是难以清理完毕。记者问及车辆中是否还有受困人员,他说要由救援现场指挥部统一发布。
 罹难人员遗体已运离现场,现场并无受难者家属,只有救援人员和媒体记者。据花莲县政府消息,受伤人员被分别送至慈济医院、门诺医院、花莲医院等医院救治。
事故消息当天上午传出后,随着伤亡人数的不断上升,成为台湾社会最关注的事件,给4天假期蒙上悲伤。在自台北前往花莲的火车上,一位乘客对记者说,没想到又是台铁发生事故,假期出行人员这么多,出轨事故让人对交通安全更加担心。
 台铁最近一次交通事故发生于2018年10月21日,台铁列车行经宜兰苏澳镇的新马车站附近时发生出轨翻覆事故,造成18人死亡、超过215人受伤。2013年、2015年、2016年,台铁也曾发生不同程度死伤的交通事故。
 对于事故原因,花莲县警察局表示,事故隧道的旁边有工程进行,疑工程车未拉手刹,停车不慎导致车辆滑落撞上列车。事发当时工程车上没人。疑涉肇事的相关负责人已被警方带回侦讯。记者在现场看到,这处工程地点即位于铁路一侧的斜坡上,工地堆满了废弃轮胎等施工设备。
台交通事务主管部门负责人当晚来到事故现场,称将尽快抢修完毕事故路段。

这是4月2日拍摄的事故现场。新华社发