Environment, Disasters & Accidents
တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း မြေပြိုမှုတွင် ရုပ်အလောင်း ၈ လောင်းအား ရှာဖွေတွေ့ရှိထား

ဖူဇူး ၊ မေ ၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း ဖူဂျန်ပြည်နယ် တိုင်နင်း စီရင်စု (Taining) တွင် ဖြစ်ပွားခဲ့သော မြေပြိုမှုတွင် လူပေါင်း ၃၃ ဦး ပျောက်ဆုံးနေပြီး ၊ ရုပ်အလောင်း ၈ လောင်းကို ရှာဖွေ တွေ့ရှိထားကြောင်း တိုင်နင်းစီရင်စု အာဏာပိုင်များက မေလ ၉ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။
အဆိုပါ မြေပြိုမှုသည် တိုင်နင်း စီရင်စုတွင် မေလ ၈ ရက် နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ အခင်းဖြစ်နေရာတွင် ရွှံ့ညွန် ၁ဝဝ,ဝဝဝ ကုဗမီတာ အထိ ဖုံးလွှမ်း သွားခဲ့ကြောင်း နှင့် ယာယီ ရေအား လျှပ်စစ် စက်ရုံ တည်ဆောက်ရေး လုပ်ငန်းခွင် တစ်ခုလုံး ရွှံ့ညွန်များ ဖုံးလွှမ်းပြီး ရုံးအဆောက်အအုံ များလည်း ပျက်စီးသွားကြောင်း သိရသည်။
ယခု ရှာဖွေတွေ့ရှိထားသော ရုပ်အလောင်းများသည် မည်သူမည်ဝါ ဖြစ်သည်ကို အတည်ပြုနိုင်ရန် စောင့်ဆိုင်းနေကြဆဲ ဖြစ်ကြောင်း သိရသည်။ (Xinhua)