Connect with us

Environment, Disasters & Accidents

တရုတ်နိုင်ငံ တောင်ပိုင်း တွင် မိုး အဆက်မပြတ်ရွာသွန်းမှုကြောင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ သတိပေးချက် ထုတ်ပြန်

တရုတ်နိုင်ငံ တွင်မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် စက်ရပ်သွားသည့် ကားတစ်စီးအား ရဲများ က အကူအညီပေးနေစဉ်- (ဓါတ်ပုံ-ဆင်ဟွာ)

ပေကျင်း၊ မေလ ၈ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ မိုးလေဝသဋ္ဌာနက တောင်ပိုင်းရှိ ဒေသများတွင်မိုး အဆက်မပြတ်ရွာသွန်းမှုကြောင့် ဖြစ်ပေါ် လာနိုင်သည့် ဘူမိဗေဒ ဆိုင်ရာ သဘာဝဘေးအန္တရာယ် များကို မေလ ၇ရက် က သတိပေးချက် ထုတ်ပြန် ခဲ့သည်။

အမျိုးသား မိုးလေဝသ စင်တာ (NMC) က ဖုကျင့်၊ ကျောင်းရှီး ပြည်နယ်နှင့် ကွမ်ရှီးကျွမ်း ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသများတွင် ဘူမိဗေဒ ဆိုင်ရာ သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာနိုင်ကြောင်း သတိပေးချက် ထုတ်ပြန်ထားပြီး အဆိုပါဒေသတွင် နေထိုင်သူများ အား ဖြစ်ပေါ်လာနိုင်သည့် တောင်ပြိုမှုများ၊ ရွှံကျောက်တုံး များ ပြိုဆင်းမှု နှင့် မြေပြိုမှုများမှ လွတ်မြောက်ရန် အကာအကွယ်များ ပြုလုပ်ထားရန် တိုက်တွန်းထားသည်။

NMC က မေလ ၇ရက် နေ့လည်ပိုင်းတွင် မိုးမုန်တိုင်း အတွက် အပြာရောင် အဆင့် သတိပေးချက် ထုတ်ပြန်ခဲ့ပြီး ကွေ့ကျိုး၊ ဟူနန်၊ ကွမ်ရှီး၊ ကျောင်းရှီး၊ ဖုကျင့် နှင့် ကျဲ့ကျန်း ဒေသများတွင် မေလ ၇ရက် ညမှ မေလ ၈ရက် ညအထိ မိုးသည်းထန်စွာ ရွာသွန်းနိုင်ပြီး မိုးရေချိန် သည် ၁၂၀ မီလီမီတာ အထိ ရောက်ရှိ နိုင်ကြောင်း မိုးလေဝသ ခန့်မှန်းချက်များအရ သိရသည်။

တရုတ်နိုင်ငံ တွင် ဆိုးရွားသည့် ရာသီဥတု သတိပေးချက် စနစ် အတွက် အရောင်လေးမျိုး စနစ်ကို အသုံးပြုပြီး အနီရောင်မှာ အမြင့်ဆုံး ရာသီဥတု ဆိုးရွားမှု သတိပေးချက်ဖြစ်ကာ ၎င်းနောက်တွင် လိမ္မော်၊ အဝါ နှင့် အပြာ ရှိကြောင်း သိရသည်။ (Xinhua)