Connect with us

Environment, Disasters & Accidents

တရုတ်နိုင်ငံ အရှေ့ပိုင်းရှိ မိုင်းတွင်း ပြိုကျမှုကြောင့် ၁၁ ဦး ကယ်ဆယ်နိုင်ခဲ့ပြီး၊ ၁၈ ဦး ပိတ်မိနေဆဲ

gypsum မိုင်းတွင်းတွင် ပိတ်မိနေသူများ အနက် အချို့ကို ကယ်ဆယ်ရေး အဖွဲ့ဝင်များက ကယ်တင်လာစဉ် (ဆင်ဟွာ)

ကျီးနန်၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့ပိုင်းရှိ ကျောက်သလင်း (Gypsum) မိုင်းတွင်း တစ်ခု ဒီဇင်ဘာလ ၂၅ ရက် ပြိုကျမှုကြောင့် လူ ၂၉ ဦး ပိတ်မိနေခဲ့ရာ ၁၁ ဦးကို ဒီဇင်ဘာလ ၂၆ ရက် နံနက်ပိုင်းအထိ ကယ်တင်ပြီး ဖြစ်ကြောင်း ကယ်ဆယ်ရေး သမားများက ပြောကြားခဲ့သည်။

ကျောက်တုံးကြီးများ အောက်တွင် ခြေထောက်ပိမိနေသော သတ္တုတွင်း အလုပ်သမားအား တစ်နာရီကြာ ခက်ခက်ခဲခဲ ကြိုးစား လုပ်ကိုင်ပြီးနောက် ဒီဇင်ဘာလ ၂၆ ရက် နံနက်ပိုင်းတွင် ကယ်တင်နိုင်ခဲ့ကြောင်း ကယ်ဆယ် ရေးသမား များက ပြောသည်။

ရှန်ဒေါင်းပြည်နယ်၊ ဖျင်ဂျီး ခရိုင်တွင် ဒီဇင်ဘာလ ၂၅ ရက် နံနက် ၈း၀၀ နာရီခန့် အချိန်တွင် မိုင်းတွင်း ပြိုကျခဲ့ ရာ အလုပ်သမား စုစုပေါင်း ၂၉ ဦးမှာ မြေအောက် လုပ်ငန်းခွင်၌ အလုပ်လုပ်နေခဲ့သည်။ အလုပ်သမား ၁၀ ဦးအား ယင်းနေ့တွင်ပင် ကယ်ဆယ်နိုင်ခဲ့သည်။

မတူညီသော နေရာ နှစ်ခုရှိ ပိတ်မိနေသည့် အလုပ်သမား ၁၈ ဦးအား ဆက်လက် ကယ်တင်ရန် ကျန်ရှိနေပါ သေးသည်။ ဥမင် လိုဏ်ခေါင်းမှာ ပြိုကျနေခြင်းနှင့် ကျောက်တုံးများ ပြုတ်ကျခြင်းများ ဆက်လက် ဖြစ်ပွားနေခြင်း များကြောင့် ကယ်ဆယ်ရေး လုပ်ငန်းများက နှောင့်နှေး နေရကြောင်း ကယ်ဆယ်ရေး အဖွဲ့မှ ကျွမ်းကျင်သူက ပြောသည်။

မိုင်းတွင်း ပြိုကျရခြင်း အကြောင်းရင်းကိုမူ စုံစမ်း စစ်ဆေးနေဆဲ ဖြစ်သည်။

တရုတ်နိုင်ငံ ငလျင် ကွန်ရက် စင်တာ၏ တရားဝင် မိုက်ခရိုဘလော့ အရ ဖျင်ဂျီး ခရိုင်တွင် ပြင်းအား ရစ်ချက် စတာ စကေး ၄ ပမာဏ ရှိသော ငလျင်တစ်ခု လှုပ်ခတ်သွားခြင်းကြောင့် မိုင်းတွင်း ပြိုကျရခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။

ထိုငလျင်ကြောင့် ဒီဇင်ဘာလ ၂၅ ရက် နံနက်ပိုင်းမှ နေ့လည်ပိုင်း အထိ ကုန်တင် ရထား ၁၀ စင်း ရပ်နားခြင်းနှင့် လူစီးရထား ၈ စင်း ခရီးစဉ် နှောင့်နှေးခြင်းများ ဖြစ်ခဲ့ကြောင်း Jinan ရထားဗျူရိုက ပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.