Connect with us

Environment, Disasters & Accidents

ရှန်းကျန့် မြေပြိုမှုမှာ သဘာဝဘေးကြောင့် မဟုတ်ဘဲ လူတို့၏ ပယောဂကြောင့် ဟုဆို

တရုတ်နိုင်ငံ ရှန်းကျန့် စက်မှု လုပ်ငန်းခွင်၌ ဒီဇင်ဘာလ ၂၄ ရက် က ဖြစ်ပွားခဲ့သော မြေပြိုမှုအား ဝေဟင်မှ တွေ့ရစဉ် (ဆင်ဟွာ)

ရှန်းကျန့်၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ)

လူဦးရေ ဒါဇင်ပေါင်းများစွာ ပျောက်ဆုံးခဲ့ရသည့် တရုတ်နိုင်ငံ တောင်ပိုင်း ရှန်းကျန့်မြို့ လုပ်ငန်းခွင်၌ ဖြစ်ပွားခဲ့ သော မတော်တဆမှုသည် သဘာဝ ပထဝီမြေ အနေအထားကြောင့် ဖြစ်ပွားရခြင်း မဟုတ်ကြောင်း တရုတ် နိုင်ငံ အစိုးရ စုံစမ်း စစ်ဆေးရေး အဖွဲ့က ဒီဇင်ဘာလ ၂၅ ရက်တွင် အတည်ပြု ပြောကြားလိုက်သည်။

ယင်းဖြစ်ရပ်မှာ အခြားသော သဘာဝ ပထဝီမြေ အကြောင်းအရင်းကြောင့်ထက် ထိုနေရာတွင် ဆောက်လုပ်ရေး လုပ်ငန်းသုံး စွန့်ပစ် ပစ္စည်းများစွာ စုပုံ စွန့်ပစ်မှုကြောင့် ဖြစ်ကြောင်း စုံစမ်းစစ်ဆေးရေး အဖွဲ့ သတင်းထုတ်ပြန် ချက်တွင် ပြောကြားထားသည်။

နိုင်ငံတော် အဆင့် လုပ်ငန်းခွင် ဘေးကင်းလုံခြုံရေး စီမံခန့်ခွဲမှုအဖွဲ့ ကလည်း ယင်း မတော်တဆမှု စုံစမ်းစစ် ဆေးရေး လုပ်ငန်းအား ဦးဆောင်လိမ့်မည် ဖြစ်သည်။

“စုံစမ်းစစ်ဆေးမှုတွေကို အလျင်အမြန် စတင်မှာပါ၊ ဒီမတော်တဆမှုမှာ တာဝန်ရှိသူတွေကို တရားဥပဒေနဲ့ အညီ ပြင်းပြင်းထန်ထန် အပြစ်ပေးသွားမယ်” ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ရှန်းကျန့်ပါတီ အတွင်းရေးမှူး Ma Xingrui နှင့် အခြား တာဝန်ရှိသူများကလည်း ရှန်း ကျန့်အစိုးရနှင့် ပါတီကော်မတီဝင်များ ကိုယ်စား ဒီဇင်ဘာလ ၂၅ ရက် ညက ရုပ်မြင်သံကြား သတင်းစာရှင်း လင်း ပွဲ မှတဆင့် တောင်းပန်လိုက်ခဲ့သည်။ စုံစမ်းစစ်ဆေးရာတွင်လည်း ရှန်းကျန့် အနေဖြင့် တက်ကြွစွာ ပူးပေါင်း ပါဝင်သွားမည် ဖြစ်ကြောင်း မာက ပြော ကြားခဲ့သည်။

ရှန်းကျန့် အိုးအိမ်နှင့် မြို့ပြ-ကျေးလက် ဖွံ့ဖြိုးမှု ဗျူရို အကြီးအကဲ Yang Shengjun က အဆိုပါ စက်မှုမြို့အ တွင်း နေရာ သုံးခု၌လည်း မြေပြိုမှု ဖြစ်နိုင်ခြေရှိသည့် နေရာများ ကျန်ရှိနေသေးကြောင်းနှင့် ယင်းကို အသေအချာ ကိုင်တွယ် ဖြေရှင်းသင့်ကြောင်း ပြောခဲ့သည်။

“အဲဒီမှာ ဖော်ထုတ်စစ်ဆေးဖို့လိုတဲ့ အန္တရာယ်ရှိ ဓာတု ပစ္စည်းများ ရှိနေသေးတယ်” ဟု Yang ကပြောကြားခဲ့ပြီး မတော်တဆမှု ဖြစ်ပြီးကတည်းက အနီးဝန်းကျင်က လေနှင့် ရေထဲတွင် ညစ်ညမ်းမှု မရှိကြောင်း ဖြည့်စွက် ပြောကြားခဲ့သည်။

အဆိုပါ ဆောက်လုပ်ရေး စွန့်ပစ် ပစ္စည်းများသည် ရှန်းကျန့်ရှိ ဂေါင်မင်း နယ်မြေသစ်ရှိ ဟန်တိုင်ယူ စက်မှုှုဥယျာဉ် တွင် ဒီဇင်ဘာလ ၂၀ ရက်က ပြိုကျခဲ့ပြီး မြေဧရိယာ ၃၈၀,၀၀၀ စတုရန်း မီတာအပေါ် သက်ရောက်ခဲ့ကာ အဆောက်အဦ ၃၃ လုံး ပျက်စီး ဆုံးရှုံးခဲ့သည်။

ယင်းဖြစ်စဉ်တွင် တစ်ဦးအား အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့ပြီး သေဆုံးသူ လေးဦးအား ရှာဖွေတွေ့ရှိခဲ့သည်။ လူဦးရေ ၇၅ ဦးမှာမူ ပျောက်ဆုံးလျက် ရှိနေသေးသည်။ (Xinhua)