Connect with us

Environment, Disasters & Accidents

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ပဲရစ် ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ ဆွေးနွေးပွဲတွင် တန်းတူညီမျှမှု ရှိသော ရာသီဥတု ပြောင်းလဲမှု ကာကွယ်ရေး စနစ်အား တည်ဆောက်သွားရန် ပြောကြား

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် ကျင်းပခဲ့သည့် ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ ဆွေးနွေးပွဲတွင် မိန့်ခွန်း ပြောကြားနေစဉ် (ဆင်ဟွာ)

ပဲရစ် ၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ပြင်သစ် နိုင်ငံ ပဲရစ်မြို့တွင် ကျင်းပ ခဲ့သည့် ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ ဆွေးနွေးပွဲကို တက်ရောက်ခဲ့ပြီး “အတူတကွ လက်တွဲ ပူးပေါင်း ဆောင်ရွက်ကာ တန်းတူညီမျှပြီး တရားမျှတသည့် ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ ကာကွယ်ရေး စနစ် တစ်ရပ် တည်ဆောက် သွားရန်” ဟူသည့် ခေါင်းစဉ်ဖြင့် မိန့်ခွန်း ပြောကြား ခဲ့သည်။

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် မှ “ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ မူဘောင် သဘောတူညီချက်” စတင် အကောင်အထည် ဖော်ခဲ့သည်မှာ နှစ်ပေါင်း ၂၀ ရှိခဲ့ပြီး ဖြစ်ကြောင်း ၊ အဘက်ဘက်မှ ပူးပေါင်း ဆောင်ရွက်မှု များပြုလုပ် ခဲ့သဖြင့် ကမ္ဘာ့ ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ ကာကွယ်ရေး လုပ်ငန်း များတွင် အောင်မြင်မှု များစွာ ရရှိခဲ့ကြောင်း ၊ ယခု အကြိမ် ပဲရစ် ဆွေးနွေးပွဲတွင် ၂၀၂၀ ခုနှစ် နောက်ပိုင်း ကမ္ဘာလုံး ဆိုင်ရာ ရာသီဥတု ပြောင်းလဲမှု ကာကွယ်ရေး နှင့် ပတ်သက်၍ ရေရှည် ဖွံ့ဖြိုး တိုးတက်မှု ရရှိရန် အတွက် တွန်းအား ပေးဆောင်ရွက် သွားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် သမ္မတ ရှီမှ ဖွံ့ဖြိုးပြီး နိုင်ငံ များအနေဖြင့် ၂၀၂၀ ခုနှစ်တွင် နှစ်စဉ် ထောက်ပံငွေ အမေရိကန် ဒေါ်လာ ၁၀၀ ဘီလီယံ ထောက်ပံ့မှု ကို အကောင်အထည် ဖော်သွားရန်လိုအပ်ကြောင်း နှင့် ၂၀၂၀ ခုနှစ် နောက်ပိုင်းတွင် ဖွံ့ဖြိုးပြီး နိုင်ငံ များအနေဖြင့် ဖွံ့ဖြိုးဆဲ နိုင်ငံ များအား ငွေကြေး ထောက်ပံ့မှု များကို ပိုမို ထောက်ပံ့ သွားရန် လိုအပ်ပြီး နည်ပညာ ထောက်ပံ့မှု များလည်း ဆောင်ရွက်ကာ အစိမ်းရောင် စီးပွားရေး ပုံစံ ဖွံ့ဖြိုး တိုးတက်လာရေး အတွက် ကူညီ ထောက်ပံ့သွားရန် လိုအပ်ကြောင်း ပြောကြား ခဲ့သည်။

ရှီကျင့်ဖိန်မှ တရုတ် နိုင်ငံသည် ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှု ပတ်သက်၍ တက်ကြွစွာ ပါဝင် ဆောင်ရွက်သော နိုင်ငံ တစ်နိုင်ငံ ဖြစ်ကြောင်း ၊ ပြီးခဲ့သည့် နှစ်ပေါင်း ဆယ်နှင့်ချီ ကတည်းက တရုတ် နိုင်ငံ၏ စီးပွားရေး လုပ်ငန်းများသည် အရှိုန် အဟုန်မြင့်စွာ တိုးတက်လာခဲ့ပြီး လူနေမှု အဆင့်အတန်းကိုလည်း မြင့်တင် နိုင်ခဲ့ကြောင်း ၊ သို့သော်လည်း အရင်းအမြစ်နှင့် သဘာဝ ပတ်ဝန်းကျင် ဘက်တွင်လည်း ပေးဆပ်ခဲ့ရကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ယခု နှစ်တွင် တရုတ်ယွမ်ငွေ ၂၀ ဘီလီယံ မတည်ခဲ့ပြီး တရုတ် နိုင်ငံ ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ ဖောင်ဒေးရှင်းကို ထူထောင် နိုင်ခဲ့ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ၂၀၁၆ ခုနှစ် တွင် ကာဗွန် ထုတ်လွှင့်မှု နည်းပါးသော ဒေသ ၁၀ ခု သတ်မှတ်သွားမည် ဖြစ်ပြီး ရာသီဥတု ပြောင်းလဲမှု ကာကွယ်ရေး စီမံကိန်း အခု ၁၀၀ ကို အကောင်အထည် ဖော်သွားမည် ဖြစ်ကာ ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ ပူးပေါင်း လေ့ကျင့်ရေး စီမံကိန်း အခု ၁,၀၀၀ ကို လည်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

နောက်ဆုံးတွင် တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်မှ ရာသီဥတု ပြောင်းလဲမှု ကာကွယ်ရေး ဆောင်ရွက်မှု များသည် လူသား အားလုံး၏ အတူတကွ ပူးပေါင်း ဆောင်ရွက်ရမည့် ကိစ္စရပ် ဖြစ်ကြောင်း ၊ ကျွန်တော်တို့ အနေဖြင့် အတူတကွ လက်တွဲကာ တန်းတူ ညီမျှပြီး လက်တွေ့အကျိုးဖြစ်ထွန်းစေမည့် ကမ္ဘာလုံးဆိုင်ရာ ရာသီဥတု ပြောင်းလဲမှု ကာကွယ်ရေး စနစ် တစ်ရပ်ကို တည်ဆောက်သွားရမည် ဖြစ်ကြောင်း ၊ ပိုမို အဆင့်အတန်းမြင့်မားသည့် ရေရှည်ဖွံ့ဖြိုးတိုးတက် နိုင်သော တတူတကွ ပူးပေါင်ဆောင်ရွက်သည့် အပြည်ပြည်ဆိုင်ရာ မူဘောင်တစ်ရပ် အား တည်ဆော်၍ ပေးဆပ် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ (Xinhua)