Connect with us

Environment, Disasters & Accidents

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ပဲရစ် မြို့တွင် ပြင်သစ် နိုင်ငံ သမ္မတ ဖရန်ဆွာ ဟော်လန်ဒိုနှင့် တွေ့ဆုံ၍ ရာသီဥတု ဆိုင်ရာ ညီလာခံ ရေးရာ ဆွေးနွေး

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ဇနီး ဖျိန်လိယွမ် ပဲရစ် နိုင်ငံ တကာ လေဆိပ်သို့ရောက်ရှိလာစဉ် (ဆင်ဟွာ)

ပဲရစ်၊ နိုဝင်ဘာ ၃၀ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ဇနီး ဖျိန်လိယွမ်၊ တရုတ် နိုင်ငံမှ အကြီးတန်း အရာရှိများသည် ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ နိုင်ငံတကာ ညီလာခံ ဖွင့်ပွဲ အခမ်းအနား တက်ရောက်ရန် အတွက် ပဲရစ်မြို့သို့ နိုဝင်ဘာလ ၂၉ ရက်က ရောက်ရှိလာကြောင်း သိရသည်။

ကမ္ဘာ့ခေါင်းဆောင် ၁၅၀ ခန့်် နိုဝင်ဘာလ ၃၀ ရက်တွင် ပြုလုပ်မည့် ညီလာခံအား တက်ရောက်ရန်အတွက် ပဲရစ်သို့ ရောက်ရှိလာပြီဖြစ်ကြောင်းသိရသည်။

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ပြင်သစ် နိုင်ငံ သမ္မတ ဖရန်ဆွာ ဟော်လန်ဒို တို့သည် နိုဝင်ဘာလ ၂၉ ရက်က ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ ညီလာခံ အကြို တွေ့ဆုံခဲ့ကြပြီး ညီလာခံအောင်မြင်ရေးအတွက် အတူတကွ လုပ်ဆောင်ရန် ကတိကဝတ်ပြုခဲ့ကြကြောင်းသိရသည်။

သမ္မတရှီ က ညီလာခံသို့ တက်ရောက်ခြင်းဖြင့် ပြင်သစ် မှရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ ညီလာခံအား အောင်မြင်စွာ ကျင်းပ နိုင်ရန်၊ အဖွဲ့အစည်း အားလုံး နှင့် သင့်လျော် အဆင်ပြေသည့် နိုင်ငံတကာ သဘော တူညီချက်များ ရရှိစေရန် အတွက် တရုတ် နိုင်ငံမှ နိုင်ငံတကာ အသိုင်းအဝန်းတွင် ခိုင်မာစွာ ထောက်ပံ့ ပေးနိုင်မှုကို ပြသနိုင်မည်ဟု မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်။

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ပြင်သစ် နိုင်ငံ သမ္မတ ဖရန်ဆွာ ဟော်လန်ဒို တို့ တွေ့ဆုံစဉ် (ဆင်ဟွာ)

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ပြင်သစ် နိုင်ငံ သမ္မတ ဖရန်ဆွာ ဟော်လန်ဒို တို့ တွေ့ဆုံစဉ် (ဆင်ဟွာ)

သမ္မတ ရှီကျင့်ဖိန်သည် နိုဝင်ဘာလ ၃၀ ရက်နေ့ မှ စ၍ နှစ်ပတ်ကြာ ပြုလုပ်မည့် ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ ညီလာခံ ဖွင့်ပွဲ အခမ်းအနား၌ အဖွင့် အမှာစကား ပြောကြားမည် ဖြစ်ကြောင်း သိရသည်။

ပြင်သစ် နိုင်ငံ သမ္မတ ဖရန်ဆွာ ဟော်လန်ဒိုမှ တရုတ်နိုင်ငံ သမ္မတရှီ၏ တက်ရောက်မှုအား ဝမ်းမြောက်စွာ ကြိုဆိုပါကြောင်း နှင့် ထိုသို့ တက်ရောက်လာခြင်း သည် ညီလာခံ၌ သဘော တူညီချက်များ ထွက်ပေါ် လာစေရန် ကူညီ ထောက်ပံ့ ပေးနိုင်သည့် တရုတ် နိုင်ငံ၏ ခိုင်မာသည့် ဆုံးဖြတ်ချက်များ အား ကိုယ်စားပြုကြောင်း ပြောကြားခဲ့သည်။
၂၀၁၆ ခုနှစ် G-20 ထိပ်သီး ညီလာခံအား အိမ်ရှင် အဖြစ် လက်ခံ ကျင်းပမည့် တရုတ်နိုင်ငံ အနေဖြင့် ညီလာခံ အောင်မြင်စွာ ကျင်းပနိုင်ရန် ပြင်သစ် နှင့် နီးကပ်သည့် ဆက်ဆံရေးအား ထိန်းသိမ်းသွားရန်နှင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး အုပ်ချုပ်မှု တွင် ညှိနှိုင်းခြင်းနှင့် ပူးပေါင်း ဆောင်ရွက်ခြင်း ဗျူဟာများအား ကောင်းလာရန် ဆန္ဒ ရှိပါကြောင်း ရှီမှ ပြောကြားခဲ့သည်။
ပြင်သစ် နိုင်ငံ သမ္မတ ဖရန်ဆွာ ဟော်လန်ဒို မှ ပြင်သစ် နှင့် တရုတ်တို့သည် နှစ်နိုင်ငံကြား အရေးကြီးသည့် အထွေထွေ သဘော တူညီချက်များ ရရှိရန် တက်ကြွစွာ လုပ်ဆောင်သင့်ကြောင်းနှင့် ရင်းနှီးမြှုပ်နှံမှု၊ စီးပွားရေး၊ ကုန်သွယ်ရေး နှင့် နျူကလီးယား စွမ်းအင်ဆိုင်ရာ နယ်ပယ်များတွင် ပူးပေါင်း ဆောင်ရွက်မှုများ နက်ရှိုင်း လာစေရန် ဆောင်ရွက်သင့်ကြောင်း ပြောကြားခဲ့သည်။
ထို့အပြင် လူပေါင်း ၁၃၀ သေဆုံးခဲ့ပြီး ၃၅၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့် ပဲရစ် အကြမ်းဖက်မှု ဖြစ်စဉ်အတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့ပေးခဲ့သည့် အတွက် တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်အား အထူးပင် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)