Connect with us

Environment, Disasters & Accidents

မီးခိုးမြူ ထူထပ်မှု အတွက် အလျင်အမြန် တုံ့ပြန် လုပ်ဆောင်ကြရန် တရုတ် အားပေး

တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ ထျန်းအန်းမင် ရင်ပြင်တွင် မီးခိုးမြူများ ဖုံးလွှမ်းနေပုံအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ)

မြို့တော်အတွင်း မီးခိုးမြူ ထူထပ်မှုအတွက် တုံ့ပြန် လုပ်ဆောင်မှုများအား အလျင်အမြန် လုပ်ဆောင်ကြရန် တရုတ်နိုင်ငံ သဘာဝ ပတ်ဝန်းကျင် ကာကွယ်ရေး ဝန်ကြီးဋ္ဌာနက ကြေညာ လိုက်ပါသည်။

အဆိုပါ ဝန်ကြီးဋ္ဌာန ကနေ တရုတ်နိုင်ငံ အလယ်ပိုင်း ဟဲနန် ဒေသသို့ ဆိုးဝါးသော လေထု ညစ်ညမ်းမှုအား စုံစမ်း စစ်ဆေး တိုင်းတာရန် အဖွဲ့နှစ်ဖွဲ့ကို ဒီဇင်ဘာလ ၈ ရက်နေ့က စေလွှတ်ထားကြောင်း သိရသည်။

ထိုအဖွဲ့ မတိုင်မီ လေထု ညစ်ညမ်းမှု တိုင်းတာရန် ပေကျင်းမြို့ ဝန်းကျင်သို့ အဖွဲ့ ၁၀ ဖွဲ့ စေလွှတ်ထားပြီး အရေးပေါ် အစီအမံများ လုပ်ဆောင်ထားခဲ့သည်။ ယင်းအဖွဲ့များသည် ကျောက်မီးသွေး လောင်ကျွမ်းခြင်းနှင့် ယာဉ်များ၏ မြင့်မားသော ကာဘွန် စွန့်ထုတ်မှုများ ကဲ့သို့ သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်း စေမှုများကို စောင့်ကြည့် မှတ်သားထားသည်။

တရုတ်နိုင်ငံ ပေကျင်းမြို့လယ် စီးပွားရေး ဗဟိုဒေသတွင် မီးခိုးမြူများ ဖုံးလွှမ်းနေပုံအား ဒီဇင်ဘာလ ၇ ရက်နေ့က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်းတွင် ဒီဇင်ဘာလ ၈ ရက် နံနက်ပိုင်း မှစ၍ ဒီဇင်ဘာလ ၁၀ ရက် နေ့လည် အထိ လေထု ညစ်ညမ်းမှု အမြင့်ဆုံး အဆင့်ဖြစ်သည့် အနီရောင် အဆင့် သတ်မှတ်ထားပါသည်။ ယင်း သတိပေး သတ်မှတ်ချက် အရ စာသင်ခန်းများ၊ ဆောက်လုပ်ရေး လုပ်ငန်းခွင်များ ဆိုင်းငံ့ထားခြင်းနှင့် ကားအသုံးပြုမှုများအား ကန့်သတ်ထား ခြင်းများ ပါဝင်သည်။

“သဘာဝ ပတ်ဝန်းကျင် အာဏာပိုင်များက ဒီအခြေအနေများအား နီးကပ်စွာ လုပ်ဆောင်နေပြီး စောင့်ကြည့်ရေးနဲ့ ခန့်မှန်းချက်များ၊ ဒေသခံ အစိုးရရဲ့ အရေးပေါ် တုံ့ပြန်မှု အစီအစဉ်တွေကို လမ်းညွှန်မှု ပေးနေပါတယ်” ဟု သဘာဝ ပတ်ဝန်းကျင် ဝန်ကြီး ချန်းကျီနင်က သတင်းစာ ရှင်းလင်းပွဲ၌ ပြောသည်။

သတိပေး အဆင့်ကို လေထု ညစ်ညမ်းမှု၏ အခြေအနေမှန်အရ ချိန်ညှိပြီး ထုတ်ပြန် ပေးသွားမည် ဖြစ်ကြောင်း ချန်က ပြောသည်။ ဒေသဆိုင်ရာ အခြေအနေ နောက်ဆုံး သတင်း အချက်အလက်များအား ပွင့်လင်း မြင်သာမှု ရှိစွာ ထုတ်ပြန်ပေးသွားမည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.