Environment, Disasters & Accidents
တရုတ် အနောက်မြောက်ပိုင်းတွင် မြေပြိုမှုကြောင့် လူပေါင်း ၁၀၀ ကျော် မြေအောက်နစ်မြုပ်ခဲ့
ချန်ဒူ၊ ဇွန် ၂၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ်တွင် ဇွန်လ ၂၄ ရက် နံနက်ပိုင်းက မြေပြိုကျမှု ဖြစ်ပွားခဲ့ရာ နေအိမ် ၄၀ ခန့် ပြိုကျခဲ့သလို လူပေါင်း ၁၀၀ ခန့် မြေမြှုပ်ခံခဲ့ရကြောင်း မောက်ရှန်နယ်မြေ တာဝန်ရှိသူ သတင်းရင်းမြစ်များထံမှ သိရသည်။
မြေပြိုမှု ဖြစ်ပွားခဲ့သည့် ချန်း ကိုယ်ပိုင်အုပ်ချုပ်ခွင့် စီရင်စုရှိ ချင်းမိုကျေးရွာ အခြေအနေအား ဇွန်လ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အဆိုပါ မြေပြိုမှုမှာ ဒေသစံတော်ချိန် နံနက် ၆း၀၀ နာရီခန့်က တိဘက်ဒေသရှိ တောင် တစ်လုံး၏ ထိပ်ဆုံးပိုင်း ပြိုကျခဲ့ခြင်း ဖြစ်ပြီး ချန်း ကိုယ်ပိုင်အုပ်ချုပ်ခွင့် စီရင်စုရှိ ချင်းမိုကျေးရွာ မြေမြုပ်သွားခဲ့သလို ယင်း ဒေသရှိ မြစ် တစ်စင်းမှာလည်း ၂ ကီလိုမီတာခန့် ပိတ်ဆို့သွားခဲ့သည်။ (Xinhua)