Connect with us

Environment, Disasters & Accidents

ဟန်ကျိုးမြို့ရှိ ကမ္ဘာ့ ရှေးဟောင်း အမွေအနှစ် ရေကြောင်းအား ကာကွယ်ရန် စည်းမျဉ်း ထုတ်ပြန်

ပေကျင်း-ဟန်ကျိုး Grand တူးမြောင်းအတွင်း သွားနေသည့် Water Bus အား တွေ့ရစဉ် (ဆင်ဟွာ)

ဟန်ကျိုး၊ မေ ၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ်မြို့တော် ဟန်ကျိုးရှိ ကမ္ဘာပေါ်တွင် အရှည်ဆုံး လူလုပ်တူးမြောင်း ဖြစ်သော ပေကျင်း-ဟန်ကျိုး Grand တူးမြောင်းအား ကာကွယ်ရန်အတွက် စည်းမျဉ်းများ ထွက်ရှိလာကြောင်း သိရသည်။

အဆိုပါ စည်းမျဉ်း စည်းကမ်းများအား ပြည်နယ်ဆိုင်ရာ ပြည်သူ့ ကွန်ဂရက် အမြဲတမ်း ကော်မတီမှ ခွင့်ပြုခဲ့ပြီး မေလ ၁ ရက်တွင် စတင် အသက်ဝင်ခဲ့သည်။

နှစ်ပေါင်း ၂၄၀၀ ကျော် သမိုင်းကြောင်းရှိခဲ့သည့် Grand တူးမြောင်းမှာ ၂၀၁၄ ခုနှစ် ဇွန်လတွင် ကမ္ဘာ့ ရှေးဟောင်း အမွေအနှစ် စာရင်းဝင်ခဲ့သည်။ ကီလိုမီတာ ၁,၀၁၁ ရှည်လျားပြီး ပေကျင်းမှ ဟန်ကျိုးသို့ ဆက်သွယ်ပေးထားသည့် တူးမြောင်းမှာ စက်မှုတော်လှန်ရေးမတိုင်မီ ကာလကတည်းက အကြီးဆုံး မြို့ပြ အင်ဂျင်နီယာ စီမံကိန်း တစ်ခု ဖြစ်သည်။

တူးမြောင်း၏ တောင်ဘက်စွန်းတွင် ရှိသော ဟန်ကျိုးမြို့သည် မြစ်ရေလက်ကြား ငါးခုဆုံရာ နေရာဖြစ်သလို ကမ္ဘာ့ အမွေအနှစ် ရေကြောင်း တစ်လျှောက်တွင် အဓိက သမိုင်းဝင် နေရာ ခြောက်ခုလည်းရှိကြောင်း သိရသည်။

“လက်ရှိမှာ တူးမြောင်းအတွင်း သဘာဝ ရေတိုက်စားမှုနဲ့ လူသားများရဲ့ အလွန်အကျွံ သုံးစွဲမှု၊ တိုးတက်မှုတွေကို ရင်ဆိုင်နေရတယ်” ဟု Grand တူးမြောင်း (ဟန်ကျိုးဘက် အပိုင်း) ဘက်စုံ ကာကွယ်ရေး သတင်းရင်းမြစ်များက ပြောသည်။

ကာကွယ်ရေးဆိုင်ရာ စည်းမျဉ်းများတွင် သမိုင်းဝင်နေရာများ ဘေးကင်းလုံခြုံရေးနှင့် တူးမြောင်း တစ်လျှောက် သဘာဝ ပတ်ဝန်းကျင်ကို ခြိမ်းခြောက်မည့် ဆောက်လုပ်မှုများအား တားမြစ်ထားကြောင်း သိရသည်။

အဆိုပါ ရေလမ်းကြောင်း ဘေးကင်းရေးအတွက် ခြိမ်းခြောက်မှုနှင့် တူးမြောင်းအား ညစ်ညမ်းမှု ဖြစ်စေမည့် အဆောက်အအုံများအား ဖယ်ရှားခြင်း သို့မဟုတ် ဖျက်သိမ်းခြင်းများ လုပ်ဆောင်သင့်ကြောင်း အဆိုပါ စည်းမျဉ်းအရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.