Connect with us

Environment, Disasters & Accidents

တောင်တရုတ် ပင်လယ်အတွင်း ဆူနာမီ သတိပေးချက် ဗော်ယာများ တရုတ် တပ်ဆင်မည်

တောင်တရုတ်ပင်လယ်အတွင်း ဆူနာမီ သတိပေးချက် ဗော်ယာ တပ်ဆင်ထားခြင်းအား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

ပေကျင်း၊ ဇွန် ၁၁ ရက် (ဆင်ဟွာ)

တောင်တရုတ်ပင်လယ်၊ ထိုင်ဝမ်ကျွန်းနှင့် Ryukyu ပင်လယ်မြောင်းနက် အရှေ့ပိုင်း ပင်လယ်ပြင်တို့တွင် ဆူနာမီ သတိပေးချက် ဗော်ယာများ တရုတ်နိုင်ငံက တပ်ဆင်ရန် အစီအစဉ် ရှိကြောင်း သိရသည်။

ယင်းသည် နိုင်ငံတကာ ဆူနာမီ သတိပေးချက် ကွန်ရက်နှင် ချိတ်ဆက်မှုရှိပြီး တရုတ်နိုင်ငံ အရှေ့ပိုင်းနှင့် တောင်ပိုင်း ကမ်းရိုးတန်း ဒေသများနှင့် အနီးဝန်းကျင်ရှိ နိုင်ငံများအတွက် သတိပေးချက် ဆောလျင်စွာ ထုတ်ပြန် ပေးနိုင်မည် ဖြစ်ကြောင်း ပင်လယ် သမုဒ္ဒရာဆိုင်ရာ စီမံ အုပ်ချုပ်ရေးဋ္ဌာန (SOA) ၏ ဆူနာမီ သတိပေး စင်တာ ညွှန်ကြားရေးမှူး ယွမ်ယီက ယခု ရက်သတ္တပတ် အစောပိုင်းက ပြောသည်။

ဗော်ယာအချို့အား တောင်တရုတ်ပင်လယ် အတွင်း ဆူနာမီ ဖြစ်ပေါ်စေနိုင်သော နေရာ တစ်ခု ဖြစ်စေသည့် မနီလာ ပင်လယ်မြောင်းနက် အနောက်ဘက်၌ တပ်ဆင်ထားပြီး ဖြစ်ကြောင်း ယွမ်ကဆိုသည်။

ပစိဖိတ် ဝန်းကျင်ဒေသ၏ ငလျင်ဇုန်အတွင်း တည်ရှိနေသော တရုတ်နိုင်ငံသည် ဒေသတွင်းနှင့် သမုဒ္ဒရာ ဖြတ်ကျော် ဆူနာမီ ခြိမ်းခြောက်မှုများအား ရင်ဆိုင်နေရသော နိုင်ငံ တစ်ခုဖြစ်သည်။ နန်ကိုင် ရေပြင်ချိုင့်ဝှမ်းနှင့် မနီလာ ပင်လယ်မြောင်းနက်သည် တောင်တရုတ်ပင်လယ်အား ဆူနာမီဒဏ်ခံရရန် အဓိက ခြိမ်းခြောက်လျက် ရှိသည်။

တရုတ် ဆူနာမီ သတိပေးချက် ကွန်ရက်သည် ပစိဖိတ်သမုဒ္ဒရာအတွင်း ဆူနာမီ ဖြစ်ပွားခဲ့ပါက ငါးမိနစ်အတွင်း၊ သမုဒ္ဒရာ၏ မြောက်နှင့် အနောက်ဘက်တွင် ဖြစ်ပွားပါက တစ်မိနစ်အတွင်းနှင့် တောင်တရုတ်ပင်လယ်အတွင်း ဆိုပါက စက္ကန့် သုံးဆယ် အတွင်း သိရှိနိုင်မည် ဖြစ်သည်။

အဆိုပါ ကွန်ရက်သည် ကမ္ဘာတစ်ဝှမ်းမှ ဒီရေနှင့် ရေစီးကြောင်းဆိုင်ရာ စခန်းပေါင်း ၈၀၀ နှင့် ဆူနာမီ သတိပေးချက် တပ်ဆင်ထားသည့် ဗော်ယာ ၆၀ ခုအပြင် နိုင်ငံပိုင် ကမ်းရိုးတန်းတလျှောက်ရှိ ဒီရေစခန်း ၁၁၂ ခုမှ အချက် အလက်များအား လက်ခံနိုင်မည် ဖြစ်သည်။

၂၁ ရာစု၏ ပထမ ၁၅ နှစ်အတွင်း ဆူနာမီ သဘာဝဘေး ၁၀ ခု ကျော်ရှိခဲ့ကြောင်း မှတ်တမ်းတင်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.