Connect with us

Environment, Disasters & Accidents

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း တွင် ပန်ဒါကြီး တစ်ကောင်မှ ပန်ဒါ အမွှာပူး မွေးဖွား

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ် ရှိ ပန်ဒါ ပေါက်လေးများအားတွေ့စဉ် (ဆင်ဟွာ)

ချန်ဒူး၊ ဇွန် ၂၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ် မြို့တော် ချန်ဒူးမြို့ တွင် ဇွန်လ ၂၀ ရက် က ပန်ဒါကြီး တစ်ကောင်မှ ပန်ဒါ အမွှာပူး မွေးဖွား ခဲ့ပြီး ကမ္ဘာပေါ်တွင် ၂၀၁၆ ခုနှစ် အတွင်း ပထမဆုံး ပန်ဒါ အမွှာပူး မွေးဖွားခြင်း ဖြစ်ကြောင်း အချက်အလက်များ အရ သိရသည်။

ပန်ဒါကြီး မျိုးပွားမှု ဆိုင်ရာ ချန်ဒူး သုတေသန အခြေစိုက်ရုံး၌ ယလီ အမည်ရှိ ပန်ဒါမကြီးသည် ဒေသစံတော်ချိန် နံနက် ၅း၅၂ နာရီတွင် ပထမ ပန်ဒါလေး အား မွေးဖွားခဲ့ပြီး နောက် ၁၀ မိနစ် အကြာတွင် ဒုတိယ ပန်ဒါလေးအား ထပ်မံ မွေးဖွားခဲ့သည်။ ပန်ဒါပေါက် နှစ်ကောင်စလုံးသည် အမလေးများ ဖြစ်ပြီး အလေးချိန်အားဖြင့် ၁၄၄ ဂရမ် နှင့် ၁၁၃ ဂရမ် အသီးသီး ရှိကြကြောင်း သိရသည်။
မိခင် ပန်ဒါမကြီးသည် ကိုယ်ဝန် မွေးဖွားလိုသည့် လက္ခဏာများ မပြသခင် ဇွန်လ ၁၉ ရက် မတိုင်ခင်အထိ မေလ ၂၂ ရက်တွင် အစားစားချင်စိတ်များ လျော့နည်းလာပြီး နောက်ပိုင်း နေ့များတွင် အိပ်စက် အနားယူခြင်း မရှိတော့ကြောင်း အခြေစိုက်ရုံး မှ ရန်ကွေရှင်း ကပြောကြားသည်။
ရာလိ အား ၂၀၀၉ ခုနှစ် ဇူလိုင်လ တွင် အမွှာညီအမ ဖြစ်သူ ဝန်လိ နှင့် အတူ မွေးဖွားခဲ့ပြီး ၎င်းတို့အောက် မွေးချင်း ပန်ဒါ အမ တစ်ကောင် နှင့် အထီးတစ်ကောင် ရှိသေးကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.