Environment, Disasters & Accidents
ထိုင်ဝမ် ပင်လယ်ပြင်တွင် ပြင်းအား ၆.၂ ရှိ ငလျင်လှုပ်ခတ်

ပေကျင်း၊ မေ ၃၁ ရက် (ဆင်ဟွာ)
ထိုင်ဝမ်ဒေသရှိ တိုင်ပေမြို့ ကမ်းရိုးတန်း ပင်လယ်ပြင်၌ ပေကျင်း စံတော်ချိန် နေ့လည် ၁း၂၃ နာရီက ပြင်းအား ၆.၂ ရှိ ငလျင် တစ်ခု လှုပ်ခတ်ခဲ့ကြောင်း တရုတ် ငလျင် ကွန်ရက် စင်တာ (CENC) ထံမှ သိရသည်။
အဆိုပါ ငလျင်သည် မြောက်လတ္တီကျု ၂၅.၄၃ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၁၂၂.၄၁ ဒီဂရီသို့ ဗဟိုပြု လှုပ်ခတ်ခဲ့ပြီး ငလျင်အနက်မှာ ၂၃၉ ကီလိုမီတာ ရှိကြောင်း သိရသည်။ (Xinhua)