Connect with us

Environment, Disasters & Accidents

ယန်ဇီမြစ်အတွင်း ငါးဖမ်းခွင့် ၁၀ နှစ်တာ ပိတ်ပင်မှု တရုတ်နိုင်ငံ စတင်

တရုတ်နိုင်ငံ ယန်ဇီမြစ်အတွင်း ငါးဖမ်းခြင်းကို ကင်းလှည့်စောင့်ကြည့်နေသည့် တာဝန်ရှိသူများအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ အရှည်ဆုံးမြစ်သော ယန်ဇီမြစ်အတွင်းရှိ ဇီဝမျိုးကွဲများအား ကာကွယ်ရန် မြစ်အတွင်းရှိ အဓိကနေရာများတွင် ငါးဖမ်းခွင့် ၁၀ နှစ်တာပိတ်ပင်မှုအား ဇန်နဝါရီ ၁ ရက်၌ စတင်ခဲ့ကြောင်း စိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာဝန်ကြီးဌာနက သိရသည်။

ယခုနှစ်မှစတင်ကာ အဆိုပါ ပိတ်ပင်မှုအား ယန်ဇီမြစ်ဝှမ်းရှိ ထိန်းသိမ်းစောင့်ရှောက်ရာနယ်မြေ ၃၃၂ ခုတွင် စောင့်ကြည့်သွားမည်ဖြစ်ပြီး ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်မတိုင်မီ ယန်ဇီမြစ်၏ သဘာဝရေကြောင်းများအားလုံးနှင့် အဓိက မြစ်လက်တက်များအားလုံးတွင်လည်း ငါးဖမ်းခွင့် ပိတ်ပင်မှုကို တိုးချဲ့သွားမည် ဖြစ်သည်။

 ယန်ဇီမြစ်၏ မြစ်လက်တက်တစ်ခုဖြစ်သော Pengxi မြစ်ရှိ သင်္ဘောဆိပ်တွင် ငါးဖမ်းလှေများ ကျောက်ချရပ်နားထားသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ဖမ်းဆီးရမိထားသည့် ငါးများအား တွေ့ရစဉ် (ဆင်ဟွာ)

ထို့ပြင် ယန်ဇီမြစ်နှင့် ချိတ်ဆက်နေသော Dongting ကန်နှင့် Poyang ကန်များတွင်လည်း ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်ထက်နောက်မကျစေဘဲ ငါးဖမ်းခြင်းကို တားမြစ်သွားမည်ဖြစ်သည်။

ငါးဖမ်းခွင့်ပိတ်ပင်မှုများမှာ ယန်ဇီမြစ်ဝှမ်းအတွင်းရှိ အခြားသဘာဝရေကြောင်းများပေါ်တွင်လည်း ထပ်မံ တားမြစ်သွားမည်ဖြစ်ကြောင်း၊ ပိတ်ပင်မှုပမာဏနှင့် အချိန်အတိုင်းအတာကမူ ပြည်နယ်အဆင့် ငါးဖမ်းလုပ်ငန်း အာဏာပိုင်များ၏ ဆုံးဖြတ်ချက်ပေါ်မူတည်ကြောင်း သိရသည်။

ငါးဖမ်းခွင့် တားမြစ်ခြင်းသည် လူသားများ၏ လုပ်ဆောင်မှုများဖြစ်သော အလွန်အကျွံငါးဖမ်းခြင်း၊ ညစ်ညမ်းမှုနှင့် ပျက်စီးမှုများကို ကာလရှည်ကြာခံစားနေရသည့် ယန်ဇီမြစ်အတွင်းရှိ ဇီဝဗေဒဆိုင်ရာ အရင်းအမြစ်များနှင့် သက်ရှိအမျိုးမျိုးပူးတွဲတည်ရှိမှု လျော့ကျြခင်းများကို တိုက်ဖျက်ရေး အဓိကလှုပ်ရှားမှုတစ်ခုအဖြစ် စောင့်ကြည့်ခြင်းလည်းဖြစ်ကြောင်း စိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာ ဒုတိယဝန်ကြီး Yu Kanhzhen က ပြောခဲ့သည်။

၁၀ နှစ်တာငါးဖမ်းခွင့်ပိတ်ပင်မှုက ယန်ဇီမြစ်တစ်လျှောက် ပြည်နယ်ဆိုင်ရာဒေသ ၁၀ ခုရှိ ငါးဖမ်းလှေ ၁၁၀,၀၀၀ ကျော်နှင့် တံငါသည် ၂၈၀,၀၀၀ နီးပါးအပေါ် သက်ရောက်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။ အဆိုပါ တံငါသည်များအတွက် ဘဝနေထိုင်မှု နည်းလမ်းသစ်များ ရှာဖွေနိုင်ရန် လူမှုရေးဆိုင်ရာ လုံခြုံရေးဝန်ဆောင်မှုများ၊ ငွေကြေးထောက်ပံ့မှုနှင့် အသက်မွေးမှု သင်တန်းများ ထောက်ပံ့ပေးရန် ဝန်ကြီးဌာနက ကတိပြုထားကြောင်း သိရသည်။

ထို့ပြင် တံငါသည်များအနေဖြင့် ကမ်းပေါ်သို့ ပြောင်းရွှေ့ကာ ငါးဖမ်းခွင့်ပိတ်ပင်မှုကို စောင့်ကြည့်ရေးအဖွဲ့ဝင်များအဖြစ် မြစ်ကြောင်း ကင်းလှည့်သူများနှင့် ကာကွယ်ပေးသူများအဖြစ် ကမ်းပေါ်တွင် ပြောင်းရွှေ့လုပ်ကိုင်နိုင်ကြောင်း Yu က ပြောခဲ့သည်။

တရုတ်နိုင်ငံ ဟူနန်ပြည်နယ် ဟန်ရှိုနယ်မြေရှိ တံငါသည်အဖြစ်မှ ဒေသတွင်းဈေးတစ်ခုတွင် ကြက်၊ ဘဲများသတ်ကာရောင်းချသူဖြစ်လာသည့် ယန်ကျိမင်က “အခု ၁၀ နှစ်တာငါးဖမ်းခွင့်ပိတ်ပင်တာ စတင်တာကို ကျွန်တော့်မိသားစုကတော့ သိပ်ပြီးစိတ်မပူလှပါဘူး။ ဈေးထဲမှာလည်း စီးပွားရေးတွေ ကျွန်တော်တို့ လုပ်နိုင်တာပဲလေ” ဟု ပြောခဲ့သည်။

“Dongting ကန်က ကျွန်တော်တို့ တံငါသည်တွေအတွက်တော့ နေအိမ်ပါပဲ။ ကျွန်တော်တို့အိမ်ကို ကာကွယ်ဖို့ ငါးဖမ်းတာကို ရပ်တန့်လိုက်ပါပြီ” ဟု ၎င်းက ဆိုသည်။ (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.