Connect with us

Environment, Disasters & Accidents

ဟောင်ကောင်၌ ဆန္ဒပြသူများ ဖျက်ဆီးခဲ့သည့် လမ်းမီးပွိုင့်များအား ကန်ဒေါ်လာ ၃ ဒသမ ၈၅ သန်း အကုန်ကျခံ ပြင်ဆင်

ဟောင်ကောင် ဒေသရှိ လမ်းမီးပွိုင့် တစ်ခုအား တွေ့ရစဉ်(ဆင်ဟွာ)

ဟောင်ကောင် ၊ ဒီဇင်ဘာ ၃၁ ရက်(ဆင်ဟွာ)

ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR) အမှုဆောင် အုပ်ချုပ်ရေးမှူးချုပ် ကယ်ရီလမ်းက ပြီးခဲ့သော လများ အတွင်း ဆန္ဒပြသမားများကြောင့် ပျက်စီးခဲ့သည့် လမ်းမီးပွိုင့်များ ပြင်ဆင်ရန် ဟောင်ကောင် ဒေါ်လာ သန်း ၃၀ ကျော်(အမေရိကန် ဒေါ်လာ ၃ ဒသမ ၈၅ သန်း) ကုန်ကျနိုင်ကြောင်း ဒီဇင်ဘာ ၃၀ ရက်တွင် ပြောကြားခဲ့သည်။

အဆိုပါ ပျက်စီးသွားခဲ့သည့် လမ်းမီးပွိုင့်များ အတွက် မီးလုံး အရေအတွက် ၅,၀၀၀ ကျော် နှင့် ထိန်းချုပ် ကိရိယာ ၁၀၀ ကျော် တို့အား အစားထိုးခဲ့ပြီး ယင်းအစားထိုးခဲ့သည့် အရေအတွက်များမှာ ပုံမှန် အခြေအနေများ အရ ၁၀ နှစ်ကြာ အသုံးပြုရန် လုံလောက်လိမ့်မည်ဟု အုပ်ချုပ်ရေးမှူးချုပ် ကယ်ရီလမ်းက ပြောကြားခဲ့သည်။

ခြောက်လကျော်ကြာ ဆက်လက် ဖြစ်ပွားနေသော လူမှု မတည်ငြိမ်မှုများ အတွင်း သယ်ယူပို့ဆောင်ရေး အဆောက်အဦ များအပေါ်တွင် အဓိကရုဏ်း ဖြစ်စဉ်များကြောင့် မလိုလားအပ်သော ဖျက်ဆီးခြင်းများကြောင့် ပြည်သူများ သွားလာမှုတွင် ဆိုးရွားစွာ ထိခိုက် ပျက်စီးခဲ့ကြောင်း အုပ်ချုပ်ရေးမှူးချုပ် ကယ်ရီလမ်းက ဟောင်ကောင် အုပ်ချုပ်ရေး အဖွဲ့၏ လျှပ်စစ် နှင့် စက်မှု ဝန်ဆောင်မှု ဌာန နှင့် သယ်ယူပို့ဆောင်ရေးဌာနသို့ သွားရောက်ခဲ့ရာတွင် ပြောကြားခဲ့သည်။

ဇွန်လမှ စ၍ ဟောင်ကောင် ဒေသ အနှံ့ရှိ လမ်းဆုံ အချက်ပြမီး ခန့်မှန်းခြေ ၇၅၀ ခန့်မှာ အကြိမ်ပေါင်း ၁,၄၀၀ ကျော် ဖျက်ဆီးခံခဲ့ရကြောင်း ၊ ဒီဇင်ဘာ ၃၀ ရက်တွင် ပြန်လည် ပြုပြင်သူများ၏ ကြိုးစား အားထုတ်မှုများကြောင့် ပျက်စီးသွားခဲ့သည့် လမ်းမီးပွိုင့်များ အားလုံး ပုံမှန်အတိုင်း ပြန်လည် လည်ပတ်နိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။(Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.