Connect with us

Environment, Disasters & Accidents

တရုတ်နိုင်ငံဗဟိုအစိုးရက ရှင်းကျန်းငလျင်ကယ်ဆယ်ရေးအတွက် ထောက်ပံ့ကူညီမှုပြုလုပ်

တရုတ်နိုင်ငံ ရှင်းကျန်းဝေဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ငလျင်လှုပ်ခတ်မှုကြောင့် ပြည်သူများ ဘေးလွတ်ရာသို့ စုဝေးနေစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဇန်နဝါရီ ၂၁ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံဗဟိုအစိုးရက တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ရှင်းကျန်းဝေဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(Xinjiang Uygur) တွင် ငလျင်ဒဏ်ကယ်ဆယ်ရေးအတွက် တရုတ်ယွမ်ငွေ သန်း ၃၀ (အမေရိကန်ဒေါ်လာ ၄ဒသမ၃၇) တန်ဖိုးရှိ ဘဏ္ဍာရေး ထောက်ပံ့ကူညီမှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။ 

Kashgar စီရင်စု Jiashi မြို့၌ ဇန်နဝါရီ ၁၉ ရက် ပေကျင်းစံတော်ချိန် ည ၉ နာရီ ၂၇ မိနစ်တွင် ပြင်းအား ၆ဒသမ၄ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ပြီးနောက် အရေးပေါ်ကယ်ဆယ်ရေးသမားများကို စေလွှတ်ခဲ့သည်။

တရုတ်နိုင်ငံ ရှင်းကျန်းဝေဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ငလျင်ဒဏ်ကယ်ဆယ်ရေး ဆောင်ရွက်နေစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ရှင်းကျန်းဝေဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ငလျင်ဒဏ်ကယ်ဆယ်ရေး ဆောင်ရွက်နေစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ရှင်းကျန်းဝေဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ငလျင်ဒဏ်ကယ်ဆယ်ရေး ဆောင်ရွက်နေစဉ်(ဆင်ဟွာ)

ယာယီအဝတ်အမိုးတဲ ၅,၀၀၀ ခု ၊ ခေါက်ကုတင် ၅,၀၀၀ ခု ၊ ဂွမ်းကပ်မွေ့ယာ အထည် ၁၀,၀၀၀ နှင့် ဂွမ်းအနွေးထည် အထည် ၂၀,၀၀၀ အပါအဝင် ကယ်ဆယ်ရေးအသုံးအဆောင်များကို အချင်းဖြစ်နေရာသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ငလျင်ကြောင့် လူတစ်ဦး သေဆုံးခဲ့ပြီး အခြားနှစ်ဦး ဒဏ်ရာအနည်းငယ်ရရှိသွားကြောင်း တာဝန်ရှိသူများက ဇန်နဝါရီ ၂၀ ရက်တွင် ပြောကြားခဲ့သည်။(Xinhua)