Connect with us

China

၁၂ ကြိမ်မြောက် ပေကျင်းရှန်းဆန်းဖိုရမ် ဖွင့်ပွဲအခမ်းအနားကျင်းပ

တရုတ်နိုင်ငံ ပေကျင်းနိုင်ငံတကာကွန်ဗင်းရှင်းစင်တာ၌ ကျင်းပသော ၁၂ ကြိမ်မြောက် ပေကျင်းရှန်းဆန်းဖိုရမ် ဖွင့်ပွဲအခမ်းအနားအား ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)

၁၂ ကြိမ်မြောက် ပေကျင်းရှန်းဆန်းဖိုရမ် ဖွင့်ပွဲအခမ်းအနားကို တရုတ်နိုင်ငံ ပေကျင်းနိုင်ငံတကာ ကွန်ဗင်းရှင်းစင်တာတွင် စက်တင်ဘာ ၁၈ ရက်က ကျင်းပခဲ့သည်။ အဆိုပါဖိုရမ်ကို တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီး တုန်ကျွင်း တက်ရောက်၍ အဓိကအမှာစကားပြောကြားခဲ့သည်။

တုန်ကျွင်းက ယခုနှစ်သည် တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန် ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့် ဖြစ်ကြောင်း၊ သမိုင်းကို မှတ်သား၍ အနာဂတ်ကို အတူတကွဖွင့်လှစ်သည့် အရေးကြီးအခါသမယတွင် မိမိတို့အနေဖြင့် မှန်ကန်သည့် ဒုတိယကမ္ဘာစစ် သမိုင်းအမြင်ကို လက်ကိုင်ထားရမည် ဖြစ်ပြီး သမိုင်း၏အမှန်တရားကို ခိုင်မာစွာ ကာကွယ်ကာ ကျယ်ပြန့်မှုအရှိဆုံးသော သဘောတူညီချက်များကို စုစည်းရမည်ဖြစ်ကြောင်း ထောက်ပြ ပြောကြားခဲ့သည်။ တရုတ်နိုင်ငံ တပ်မတော်အနေဖြင့် ဘက်ပေါင်းစုံနှင့်အတူ အချုပ်အခြာအာဏာ တန်းတူညီမျှမှုကို ကာကွယ်ထိန်းသိမ်းရန်၊ စစ်ပွဲအလွန်စည်းစနစ်ကို ကာကွယ်စောင့်ထိန်းရန်၊ နိုင်ငံပေါင်းစုံပူးပေါင်းဆောင်ရွက်ရေးဝါဒကို အထောက်အပံ့ပေးရန်၊ ဘုံအကျိုးစီးပွားကို ကာကွယ်ထိန်းသိမ်းရန်၊ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုစနစ် ကောင်းမွန်ပြည့်စုံအောင် ပြုပြင်ပြောင်းလဲခြင်းကို အတူတကွ တွန်းအားပေးဆောင်ရွက်ရန် ဆန္ဒရှိပါကြောင်း၊ မိမိတို့သည် ငြိမ်းချမ်းရေး ကာကွယ်ထိန်းသိမ်းမှုဟူသော မှန်ကန်သည့်လမ်းကြောင်းကို ဖော်ဆောင်ရမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးအတွေးအခေါ်ကို လက်ကိုင်ထားအဆိုပြုခြင်း၊ ငြိမ်းချမ်းရေး၏ တည်ငြိမ်မှုအခြေခံအဖြစ် ကောင်းမွန်စွာ ဆောင်ရွက်ခြင်း၊ ငြိမ်းချမ်းစွာ ချစ်ကြည်ရင်းနှီးမှုကို တိုးတက်အောင် ဆောင်ရွက်ခြင်းဖြင့် ကမ္ဘာကြီး ရေရှည်တည်ငြိမ်အေးချမ်းမှု ရှိစေရန်အတွက် အပြုသဘောစွမ်းအင် ပံ့ပိုးပေးရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

စိန်ခေါ်မှုများနှင့် ပြည့်နှက်နေသည့် ခေတ်ကာလတွင် ပူးပေါင်းဆောင်ရွက်ခြင်းသည် အကောင်းဆုံးရွေးချယ်မှု ဖြစ်ကြောင်း တုန်ကျွင်းက ပြောကြားခဲ့သည်။ တရုတ်တပ်မတော်သည် ဘက်ပေါင်းစုံနှင့်အတူ လက်တွေ့လှုပ်ရှားမှုဖြင့် လုံခြုံရေးအကာအကွယ်ကို အတူတကွ တည်ဆောက်သွားမည် ဖြစ်ကြောင်း၊ စစ်ရေးအပြန်အလှန်ယုံကြည်မှုကို စဉ်ဆက်မပြတ် နက်ရှိုင်းစေရန်၊ ဘက်ပေါင်းစုံ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန်၊ ပူးပေါင်းဆောင်ရွက်မှု အရည်အသွေးနှင့် ထိရောက်မှုအား အဆင့်တိုးမြှင့်ရန်၊ ပူးပေါင်းဆောင်ရွက်မှုယန္တရား ကောင်းမွန်ပြည့်စုံစေရန် ဆောင်ရွက်သွားကာ ကမ္ဘာ့ ငြိမ်းချမ်းရေးကို ကာကွယ်ထိန်းသိမ်းရန်၊ လူသားမျိုးနွယ် အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရန် ပို၍ ကြီးမားသော အကျိုးသစ်ကို ထမ်းဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ယခုအကြိမ် ဖိုရမ်ကို “နိုင်ငံတကာစည်းစနစ်ကို အတူကာကွယ်ထိန်းသိမ်းခြင်း၊ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးအား အတူမြှင့်တင်ခြင်း” ဟူသော ခေါင်းစဉ်ဖြင့် ကျင်းပခြင်းဖြစ်ပြီး နိုင်ငံ၊ ဒေသနှင့် နိုင်ငံတကာအဖွဲ့အစည်း ၁၀၀ ကျော်မှ ကိုယ်စားလှယ်များ၊ ပညာရှင်နှင့် နိုင်ငံအသီးသီး လေ့လာသူများ စသည့် ဧည့်သည်တော် ၁,၈၀၀ ကျော် တက်ရောက်ခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ ပေကျင်းနိုင်ငံတကာကွန်ဗင်းရှင်းစင်တာ၌ ကျင်းပသော ၁၂ ကြိမ်မြောက် ပေကျင်းရှန်းဆန်းဖိုရမ် ဖွင့်ပွဲအခမ်းအနားအား ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ပေကျင်းနိုင်ငံတကာကွန်ဗင်းရှင်းစင်တာ၌ ကျင်းပသော ၁၂ ကြိမ်မြောက် ပေကျင်းရှန်းဆန်းဖိုရမ် ဖွင့်ပွဲအခမ်းအနားအား ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

———————
(Chinese Version)
第十二届北京香山论坛开幕
新华社北京9月18日电(记者梅常伟)第十二届北京香山论坛18日在北京国际会议中心开幕。国防部长董军出席论坛并作主旨发言。
董军指出,今年是中国人民抗日战争暨世界反法西斯战争胜利80周年。在铭记历史、共创未来的重要时刻,我们要秉持正确二战史观,坚定捍卫历史正义,凝聚最广泛共识。中国军队愿同各方一道,捍卫主权平等,守护战后秩序,支撑多边主义,维护共同利益,共同推动改革完善全球治理体系。我们要践行守护和平的正道,倡导和平理念、当好和平压舱石、发展和平友谊,为世界长治久安提供正能量。
董军表示,身处充满挑战的时代,合作是最好的选择。中国军队将同各方以实际行动共筑安全屏障,持续深化军事互信,加强多边协作,提升合作质效,完善合作机制,为维护世界和平、构建人类命运共同体作出新的更大贡献。
本届论坛主题为“共护国际秩序、共促和平发展”,100余个国家、地区和国际组织官方代表及专家学者和各国观察员等1800余名嘉宾出席。(完)
1. 9月18日,第十二届北京香山论坛在北京国际会议中心开幕。 (配本社同题文字稿) 新华社发(韩启扬 摄)