Connect with us

China

သမ္မတ ရှီကျင့်ဖိန် ဘရာဇီးနိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်ကို အမြင့်မားဆုံးသော ဧည့်ဝတ်ပျူငှာမှုဖြင့် ဆိုကြိုခဲ့ကြ

ဘရာဇီး၊ နိုဝင်ဘာ ၂၂ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အထူးလေယာဉ်ဖြင့် ဘရာဇီးလီးယားမြို့သို့ ဒေသစံတော်ချိန် နိုဝင်ဘာ ၁၉ ရက် ညနေပိုင်းက ရောက်ရှိခဲ့ပြီး ဘရာဇီးနိုင်ငံ နိုင်ငံတော် အလည်အပတ် ခရီးစဉ် စတင်ခဲ့သည်။
ဘရာဇီးလီးယား လေတပ်အခြေစိုက်စခန်းသို့ အထူးလေယာဉ်ဖြင့် ရောက်ရှိစဉ် လေဆိပ်တွင် သမ္မတ လူလာနှင့် ဘရာဇီးအစိုးရကိုယ်စား ဘရာဇီး သမ္မတရုံး ဝန်ကြီး Rui Costa ၊ ဘရာဇီးလီးယား လေတပ်အခြေစိုက်စခန်း တပ်မှူး Miguel၊ တရားရေးဝန်ကြီး Ricardo Lewandowski ၊ သမ္မတရုံး ဌာနဆိုင်ရာ ဆက်ဆံရေး ဝန်ကြီး Alexandre Padilha စသည့် အဆင့်မြင့် အရာရှိကြီးများက သမ္မတ ရှီကျင့်ဖိန်၏ အလည်အပတ်ခရီးစဉ်အား လှိုက်လှဲနွေးထွေးစွာ ကြိုဆိုခဲ့ကြသည်။
ဒါဇင်နှင့်ချီ ဘတ်တာလာအနုပညာရှင်များက ဘရာဇီးစတိုင်လ် တီးဝိုင်းဂီတဖြင့် စိတ်အားထက်သန်စွာ မြူးမြူးကြွကြွ တီးမှုတ်ဖျော်ဖြေခဲ့ကြသည်။
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် မော်တော်ယာဉ်ဖြင့် လေဆိပ်မှ ၎င်းတည်းခိုရာဟိုတယ်သို့ သွားရာလမ်းတွင် ယင်းဒေသရှိ တရုတ်နွယ်ဖွားများ၊ တရုတ်ရင်နှီးမြှပ်နှံမှု အဖွဲ့အစည်းများနှင့် ပညာတော်သင် ကျောင်းသားကျောင်းသူ ကိုယ်စားလှယ်များက လမ်းဘေးတစ်ဖက်တစ်ချက်တွင် တရုတ်၊ ဘရာဇီးနိုင်ငံအလံများ ဝှေ့ယမ်းကာ “သမ္မတ ရှီကျင့်ဖိန် ဘရာဇီးနိုင်ငံသို့ အလည်အပတ် လာရောက်ခြင်းကို ကြိုဆိုပါတယ်”၊ “တရုတ်-ဘရာဇီး ချစ်ကြည်ရေး အဓွန့်ရှည်ပါစေ” ဟု ရေးသားထားသော အနီရောင်စာတန်းများ ကိုင်ဆောင်လျက် သမ္မတ ရှီကျင့်ဖိန်၏ ခရီးစဉ်အား နွေးထွေးစွာ ကြိုဆိုခဲ့ကြသည်။
ဒေသစံတော်ချိန် နိုဝင်ဘာ ၂၀ ရက် နံနက်ပိုင်းတွင် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဘရာဇီးလီးယားမြို့ရှိ သမ္မတအိမ်တော်၌ ဘရာဇီးနိုင်ငံ သမ္မတ လူလာနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
မြင်းစစ်သည်ပေါင်း ၁၂၀ ၏ ခြံရံစောင့်ရှောက်မှုအောက်တွင် သမ္မတ ရှီကျင့်ဖိန်သည် အရုဏ်ဦးနန်းတော်ရှေ့ ရင်ပြင်သို့ မော်တော်ယာဉ်ဖြင့် ရောက်ရှိလာခဲ့သည်။ ဘရာဇီးနိုင်ငံ သမ္မတ လူလာနှင့် ဇနီး Rosangela တို့သည် သမ္မတ ရှီကျင့်ဖိန်ကို နွေးထွေးစွာ ဆီးကြိုဆိုခဲ့ကြပြီး ၎င်းအတွက် ကြီးကျယ်ခမ်းနားသော ကြိုဆိုပွဲအခမ်းအနားကို ကျင်းပခဲ့ သည်။
ကြိုဆိုပွဲအခမ်းအနား အပြီးတွင် နှစ်နိုင်ငံ ခေါင်းဆောင်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ တရုတ်-ဘရာဇီး ဆက်ဆံရေး အဆင့်အတန်းကို ပို၍ တရားမျှတသော ကမ္ဘာကြီးနှင့် ပို၍ စဉ်ဆက်မပြတ်တည်တံ့သောဂြိုဟ် ဖြစ်သည့် တရုတ်-ဘရာဇီး အေးအတူ ပူအမျှ အသိုက်အဝန်းကို လက်တွဲတည်ဆောက်ရေး မြှင့်တင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း နှစ်နိုင်ငံ ခေါင်းဆောင်တို့က ကြေညာခဲ့သည်။ (Xinhua)


……………………………..
(Chinese Version)
最高礼遇!习近平主席对巴西进行国事访问
当地时间11月19日下午,国家主席习近平乘专机抵达巴西利亚,开始对巴西进行国事访问。
专机抵达巴西利亚空军基地时,巴西总统府首席部长科斯塔、巴西利亚空军基地司令米格尔、司法部长莱万多夫斯基、总统府机构关系部长帕迪利亚等高级官员在机场热情迎接,代表卢拉总统和巴西政府热烈欢迎习近平主席到访。
几十名巴塔拉艺术家演奏热情奔放的巴西特色鼓乐。
习近平主席乘车从机场赴下榻饭店途中,当地华侨华人、中资机构和留学生代表在道路旁挥舞中巴两国国旗,高举“欢迎习近平主席访问巴西”“中巴友谊万岁!”等红色横幅,热烈欢迎习近平主席到访。
当地时间11月20日上午,习近平主席在巴西利亚总统官邸黎明宫同巴西总统卢拉举行会谈。
在120名龙骑兵护卫下,习近平主席乘车抵达黎明宫前广场。卢拉总统和夫人罗桑热拉热情迎接习近平主席,并为习近平主席举行隆重盛大欢迎仪式。
欢迎仪式后,两国元首举行会谈。两国元首宣布,将中巴关系定位提升为携手构建更公正世界和更可持续星球的中巴命运共同体。