China
တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ အရှေ့အာရှ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ပြီး လာအိုနိုင်ငံသို့ အလည်အပတ် ခရီးစဉ် သွားရောက်မည်

ပေကျင်း၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဇူလိုင် ၂၅ ရက်မှ ၂၇ အထိ လာအိုနိုင်ငံ ဗီယင်ကျန်းမြို့၌ ကျင်းပမည့် တရုတ်-အာဆီယံ (10+1) နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၊ အာဆီယံနှင့် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား (10+3) နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၊ အရှေ့အာရှ ထိပ်သီးအစည်းအဝေး နိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးပွဲနှင့် အာဆီယံဒေသဖိုရမ် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ တက်ရောက်မည် ဖြစ်ပြီး လာအိုနိုင်ငံသို့ တရားဝင်အလည်အပတ်ခရီးစဉ် သွားရောက်မည် ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က ဇူလိုင် ၂၃ ရက်တွင် ကြေညာခဲ့သည်။ (Xinhua)
……………………….
(Chinese Version)
王毅将出席东亚合作系列外长会并访问老挝
新华社北京7月23日电 外交部发言人毛宁23日宣布:中共中央政治局委员、外交部长王毅将于7月25日至27日出席在老挝万象举行的中国—东盟(10+1)外长会、东盟与中日韩(10+3)外长会、东亚峰会外长会和东盟地区论坛外长会并正式访问老挝。(完)