Connect with us

China

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်အား “အမြင့်မားဆုံးသော ဧည့်ဝတ်ပျူငှာမှု” ဖြင့် ကြီးကျယ်ခမ်းနားစွာ ကြိုဆို

အက်စ်တာနာ၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) အဖွဲ့ဝင်နိုင်ငံခေါင်းဆောင်များ ကောင်စီ ၂၄ ကြိမ်မြောက် အစည်းအဝေးသို့ တက်ရောက်ရန် အထူးလေယာဉ်ဖြင့် အက်စ်တာနာမြို့ကို ဇူလိုင် ၂ ရက် ဒေသစံတော်ချိန် နေ့လယ်တွင်ရောက်ရှိခဲ့ပြီး ကာဇက်စတန်နိုင်ငံ သမ္မတ တိုကာယက်ဗ် ၏ ဖိတ်ကြားချက်အရ ယင်းနိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် သွားရောက်ခြင်းဖြစ်သည်။
ရှီကျင့်ဖိန် လိုက်ပါလာသော အထူးလေယာဉ်သည် ကာဇက်စတန်လေပိုင်နက်အတွင်းသို့ ဝင်ရောက်လာပြီးနောက် ကာဇက်စတန်လေတပ် တိုက်လေယာဉ်များက ပျံတက်၍ ဝန်းရံခဲ့ကြသည်။
အထူးလေယာဉ်သည် အက်စ်တာနာအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာချိန်တွင် ကာဇက်စတန်နိုင်ငံ သမ္မတ တိုကာယက်ဗ်ဦးဆောင်သော အစိုးရထိပ်တန်းအရာရှိများက ၎င်းကို နွေးထွေးစွာ ကြိုဆိုခဲ့ကြသည်။
တိုကာယက်ဗ်သည် ရှီကျင့်ဖိန်အတွက် လေဆိပ်၌ ကြီးကျယ်ခမ်းနားသော ကြိုဆိုပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။ ဂုဏ်ပြုတပ်ဖွဲ့ဝင် ၁၀၀ ကျော်က တည်ကြည်ခန့်ညားစွာ မတ်တပ်ရပ်ပြီး စစ်သံစုံတီးဝိုင်းဖြင့် ကြိုဆို သီချင်းများ တီးမှုတ်၍ လည်းကောင်း၊ ခရာမှုတ်၍ လည်းကောင်း ကြိုဆိုခဲ့ကြသည်။ ကာဇက်စတန် ကလေးငယ် ၁၀၀ နီးပါးသည်လည်း တရုတ်နှင့် ကာဇက်စတန်နိုင်ငံ အလံများကို ဝှေ့ယမ်းကာ “မင်္ဂလာပါ” ဟု ကြွေးကြော်ကာ ရှီကျင့်ဖိန်၏ နိုင်ငံတော်ခရီးစဉ်ကို လှိုက်လှဲစွာ ကြိုဆိုခဲ့ကြသည်။
ကာဇက်စတန် ကလေး ဆယ်ဦးကျော်သည် တရုတ်ဘာသာဖြင့် “အမိမြေအတွက်သီချင်းဆိုခြင်း” တေးသီချင်းကို သီဆိုခဲ့ပြီး ရှီကျင့်ဖိန်၏ နိုင်ငံတော်ခရီးစဉ်ကို လှိုက်လှဲစွာ ကြိုဆိုခဲ့ကြသည်။
ရှီကျင့်ဖိန်သည် မော်တော်ယာဉ်ဖြင့် လေဆိပ်မှ ၎င်းတည်းခိုရာဟိုတယ်သို့ သွားရာလမ်းတွင် ယင်းဒေသရှိ တရုတ်ကုမ္ပဏီ ကိုယ်စားလှယ်များက လမ်းတစ်ဖက်တစ်ချက်စီတွင် စောင့်နေခဲ့ပြီး တရုတ်နှင့် ကာဇက်စတန် နိုင်ငံအလံများ ဝှေ့ယမ်းကာ “သမ္မတ ရှီကျင့်ဖိန်၏ ကာဇက်စတန်နိုင်ငံ အလည်အပတ်ခရီးအား လှိုက်လှဲစွာ ကြိုဆိုပါတယ်” ဟု ရေးသားထားသော အနီရောင်စာတန်းများ ကိုင်ဆောင်ခဲ့ကြသည်။
ထိုညပိုင်းတွင် သမ္မတ ရှီကျင့်ဖိန်သည် သမ္မတ တိုကာယက်ဗ် ၏ ဖိတ်ကြားချက်အရ ညစာအတူ သုံးဆောင်ခဲ့ကြပြီး တရုတ်-ကာဇက်စတန် ဆက်ဆံရေးနှင့် ဘုံအကျိုးစီးပွားဆိုင်ရာ ကိစ္စရပ်များကို ပျော်ပျော်ရွှင်ရွှင် ရင်းနှီးစွာ ဆွေးနွေးဖလှယ်ခဲ့ကြသည်။ (Xinhua)


………………………………………………
(Chinese Version)
盛大隆重 习近平主席受到“最高礼遇”欢迎
当地时间7月2日中午,国家主席习近平乘专机抵达阿斯塔纳,出席上海合作组织成员国元首理事会第二十四次会议,应哈萨克斯坦共和国总统托卡耶夫邀请,对哈萨克斯坦进行国事访问。
习近平乘坐的专机进入哈萨克斯坦领空后,哈萨克斯坦空军战机升空护航。
专机抵达阿斯塔纳纳扎尔巴耶夫国际机场时,哈萨克斯坦总统托卡耶夫率政府高级官员热情迎接。
托卡耶夫在机场为习近平举行盛大隆重的迎宾仪式。100余名仪仗兵英姿挺拔,军乐团奏响迎宾曲和迎宾号角。近百名哈萨克斯坦儿童挥舞中哈两国国旗,欢呼“您好”,热烈欢迎习近平到访。
十余名哈萨克斯坦少年儿童用中文演唱《歌唱祖国》,热烈欢迎习近平主席到访。
习近平乘车从机场赴下榻饭店途中,当地中资企业代表等候在道路两旁,挥舞中哈两国国旗,高举“热烈欢迎习近平主席访问哈萨克斯坦”等红色横幅,热烈欢迎习近平主席到访。
当晚,习近平主席应邀同托卡耶夫总统共进晚餐,在愉快温馨的环境中就中哈关系和共同关心的问题进行了亲切友好的交流。