Connect with us

China

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် မြန်မာနိုင်ငံ ယခင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ (အငြိမ်းစား) ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် မြန်မာနိုင်ငံ ယခင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ (အငြိမ်းစား) ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ ၂၀၂၄ ခုနှစ် ဩဂုတ် ၁၄ ရက်က နေပြည်တော်၌ တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဩဂုတ် ၁၄ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် မြန်မာနိုင်ငံ ယခင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ (အငြိမ်းစား) ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒေသစံတော်ချိန် ၂၀၂၄ ခုနှစ် သြဂုတ် ၁၄ ရက်၌ နေပြည်တော်တွင် တွေ့ဆုံခဲ့သည်။

(အငြိမ်းစား) ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဝမ်ရိမှတစ်ဆင့် သမ္မတ ရှီကျင့်ဖိန်ထံ နွေးထွေးစွာ နှုတ်ခွန်းဆက်ကြောင်း ပြောကြားခဲ့သည်။ တရုတ်နိုင်ငံ၏ ကမ္ဘာသိ ဖွံ့ဖြိုးတိုးတက်ရေး အောင်မြင်မှုများကို တွေ့မြင်ရသည့်အတွက် ဝမ်းမြောက်မိကြောင်းနှင့် မြန်မာနိုင်ငံအတွက် တရုတ်နိုင်ငံ၏ ရေရှည် ကိုယ်ကျိုးမဖက်သည့် ကဏ္ဍစုံ ပံ့ပိုးကူညီမှုများအပေါ် ကျေးဇူးတင်ရှိကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ ဆွေမျိုးပေါက်ဖော်ညီအစ်ကိုနှင့် ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံဖြစ်ကြောင်း၊ နှစ်နိုင်ငံသည် အစဉ်အမြဲ ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံသလို ငြိမ်းချမ်းစွာ အတူနေထိုင်ကြကြောင်း၊ ယင်းသည် မည်သည့်အခါမျှ ပြောင်းလဲမည်မဟုတ်ကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအား ပြည်ပဝင်ရောက်စွက်ဖက်ခြင်းမှ ကာကွယ်ရန်နှင့် ပြည်တွင်းတည်ငြိမ်ရေးကို ထိန်းသိမ်းကာကွယ်ရန်အတွက် တန်ဖိုးရှိသော အထောက်အပံ့များကို ဆက်လက်ပံ့ပိုးကူညီသွားမည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

ဝမ်ရိက သမ္မတ ရှီကျင့်ဖိန်၏ ရင်းနှီးစွာ နှုတ်ခွန်းဆက်စကားအား ဦးသန်းရွှေကို ပြောကြားခဲ့သည်။ ဝမ်ရိက အဆွေတော်သည် တရုတ်ပြည်သူများ၏ မိတ်ဆွေဟောင်း ဖြစ်ပြီး တရုတ်-မြန်မာ ချစ်ကြည်ရေးအတွက် ရေရှည်ကြိုးပမ်းဆောင်ရွက်ခဲ့ရာ တရုတ်နိုင်ငံက အထူးတန်ဖိုးထားချီးကျူးပါကြောင်း၊ တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးသည် နိုင်ငံတကာ အပြောင်းအလဲများ၏စမ်းသပ်မှုကို ဖြတ်သန်းရာတွင် ပို၍ ခိုင်မာခဲ့ပါကြောင်း၊ တရုတ်နိုင်ငံသည် တရုတ်-မြန်မာ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေးကို အိမ်နီးချင်းသံတမန် ဆက်ဆံရေး၏ အရေးကြီးသည့်နေရာတွင် အစဉ်အမြဲ ထားရှိကြောင်း၊ မြန်မာနိုင်ငံနှင့်အတူ တရုတ်-မြန်မာ အေးအတူ ပူအမျှ အသိုက်အဝန်းတည်ဆောက်ရေးကို တွန်းအားပေးပြီး လက်တွေ့အကျိုးရလဒ်များ ပိုမိုရရှိအောင် ဆောင်ရွက်သွားလိုကြောင်း၊ မိမိတို့အနေဖြင့် မြန်မာနိုင်ငံ၏ လွတ်လပ်မှု၊ အချုပ်အခြာအာဏာ၊ တစ်သားတည်းဖြစ်တည်မှုနှင့် နယ်မြေပိုင်နက်ပြည့်စုံမှုအား ကာကွယ်ထိန်းသိမ်းခြင်းကို အစဉ်အမြဲထောက်ခံကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေမူဘောင်အောက်တွင် ပြည်တွင်းရေးကို နိုင်ငံရေးအရ ရင်ကြားစေ့ရေးကြိုးပမ်းမှု၊ တစ်ပြည်လုံးရွေးကောက်ပွဲ အဆင်ပြေချောမွေ့စွာ ကျင်းပရန်၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ပြန်လည်စတင်ရန် ထောက်ခံကြောင်း ၊ မြန်မာနိုင်ငံတွင် ပြည်ပအင်အားစုများ ဝင်ရောက်စွက်ဖက်မှုကို အခိုင်အမာ ဆန့်ကျင်သလို မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဖျက်ဆီးသည့် ပြောဆိုပြုမူမှုများကို အခိုင်အမာ ဆန့်ကျင်ကြောင်း၊ မြန်မာနိုင်ငံနှင့်အတူ အေးအတူ ပူအမျှ၊ အပြန်အလှန်ဖေးမ ကူညီသည့် စိတ်ဓာတ်ကို လက်ကိုင်ထားမည် ဖြစ်ပြီး မြန်မာနိုင်ငံ အစိုးရနှင့် ပြည်သူများ၏ ယုံကြည်အားထားရသည့် မိတ်ဆွေစစ်၊ မိတ်ဆွေကောင်းအဖြစ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် မြန်မာနိုင်ငံ ယခင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ (အငြိမ်းစား) ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ ၂၀၂၄ ခုနှစ် ဩဂုတ် ၁၄ ရက်က နေပြည်တော်၌ တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

……………………………….
(Chinese Version)
王毅会见缅甸前国家和平与发展委员会主席丹瑞
新华社内比都8月14日电(记者张东强 黎广滔)当地时间2024年8月14日,中共中央政治局委员、外交部长王毅在内比都会见缅甸前国家和平与发展委员会主席丹瑞。
丹瑞请王毅转达对习近平主席的诚挚问候。丹瑞表示,很高兴看到中国取得举世瞩目的发展成就,感谢中方长期以来在各方面给予缅甸无私的支持和帮助。中国是缅甸的胞波兄弟和友好邻邦,两国始终友好相待、和平相处,这一点永远不会改变。希望中方继续提供宝贵支持,帮助缅甸防范外部干涉,维护国内稳定。
王毅转达习近平主席对丹瑞的亲切问候。王毅说,你是中国人民的老朋友,长期致力于中缅友好事业,中方予以高度评价。中缅胞波情谊经历了国际风云考验,历久弥坚。中方始终将发展中缅关系放在周边外交重要位置,愿同缅方共同努力,推动中缅命运共同体建设取得更多务实成果。我们将一如既往支持缅甸维护独立、主权、统一和领土完整,支持缅甸在宪法框架下努力达成国内政治和解,顺利举行全国大选,重启民主转型进程。中方坚决反对外部势力对缅干涉渗透,坚决反对任何破坏缅甸稳定和发展的言行,将同缅甸秉持同甘共苦、守望相助的精神,做缅甸政府和人民可以信赖和依靠的真朋友、好朋友。(完)