Connect with us

China

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) တောင်ပိုင်းစစ်ဒေသကြီး တရုတ်-မြန်မာနယ်စပ် တရုတ်နိုင်ငံဘက်ခြမ်းတွင် ပူးတွဲလက်တွေ့စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်

ပေကျင်း၊ ဩဂုတ် ၂၇ ရက် (ဆင်ဟွာ)

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) တောင်ပိုင်းစစ်ဒေသကြီးသည် တရုတ်-မြန်မာ နယ်စပ် တရုတ်နိုင်ငံဘက်အခြမ်းတွင် ဩဂုတ် ၂၇ ရက်မှ စ၍ ကြည်းတပ်၊ လေတပ်ဖြင့် ပူးတွဲ လက်တွေ့ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်မည် ဖြစ်ကြောင်း တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) တောင်ပိုင်းစစ်ဒေသကြီး ပြောရေးဆိုခွင့်ရှိသူ လေတပ်အကြီးတန်း ဗိုလ်မှူးကြီး ထျန်ကျွင်းလီက ပြောကြားခဲ့သည်။ ယင်းသို့ဆောင်ရွက်ရသည့် ရည်ရွယ်ချက်မှာ စစ်ဒေသကြီးရှိ တပ်ဖွဲ့များ၏ ကင်းထောက်နှင့် ကြိုတင်သတိပေးမှု၊ ထောင့်စုံပိတ်ဆို့ထိန်းချုပ်နိုင်မှု၊ ပစ်ခတ်မှုစွမ်းရည်တို့ကို စစ်ဆေးရန်ဖြစ်ကြောင်း၊ စစ်ဒေသကြီးရှိ တပ်ဖွဲ့များသည် ရုတ်ချည်းဖြစ်ပွားသောအခြေအနေအမျိုးမျိုးကို ချက်ချင်းကိုင်တွယ်ဖြေရှင်းနိုင်ရန် အသင့်ပြင်ထားပြီးဖြစ်ကြောင်း၊ နိုင်ငံ၏အချုပ်အခြာအာဏာ၊ နယ်စပ်တည်ငြိမ်ရေးနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးကို ခိုင်မာစွာ ကာကွယ် ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
………………………
(Chinese Version)
中国人民解放军南部战区位中缅边境我方一侧举行联合实兵实弹演习

中国人民解放军南部战区新闻发言人田军里空军大校表示,中国人民解放军南部战区组织陆军、空军部队于8月27日起,位中缅边境我方一侧举行联合实兵实弹演习,旨在检验战区部队侦察预警、立体封控、火力打击能力。战区部队时刻做好应对各类突发情况准备,坚决维护国家主权、边境稳定和人民生命财产安全。