China
လီချန်နှင့် ကိုရီးယားအလုပ်သမားပါတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော်ရေးရာကော်မရှင် ဥက္ကဋ္ဌ ကင်ဂျုံအန်း တွေ့ဆုံဆွေးနွေး

ပြုံယမ်း၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းအဖွဲ့ဝင်၊ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်သည် ကိုရီးယားအလုပ်သမားပါတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော်ရေးရာကော်မရှင် ဥက္ကဋ္ဌ ကင်ဂျုံအန်းနှင့် မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့၌ ဒေသစံတော်ချိန် အောက်တိုဘာ ၉ ရက် ညနေပိုင်းက တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့ တွေ့ဆုံရာတွင် လီချန်သည် အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်က အထွေထွေအတွင်းရေးမှူးချုပ် ကင်ဂျုံအန်းအား ရင်းနှီးစွာ နှုတ်ခွန်းဆက်ကြောင်းနှင့် ဆုမွန်ကောင်းတောင်းစကားပြောကြားကြောင်းကို ဦးစွာ ပထမပြောကြားခဲ့ပြီး ကိုရီးယားအလုပ်သမားပါတီ တည်ထောင်ခြင်း နှစ် ၈၀ ပြည့်အား လှိုက်လှဲစွာ ဂုဏ်ပြုကြောင်း ပြောကြားခဲ့သည်။
လွန်ခဲ့သည့်လက တရုတ်ပြည်သူ့ဖက်ဆစ်ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့်အခမ်းအနားသို့ တက်ရောက်ရန် အထွေထွေအတွင်းရေးမှူးချုပ် ကင်ဂျုံအန်း ပေကျင်းမြို့သို့ သွားရောက်ရာတွင် အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်က အဆွေတော်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး တရုတ်-မြောက်ကိုရီးယား ဆက်ဆံရေး တစ်ဆင့်တိုးနက်ရှိုင်းစေရန်နှင့်စပ်လျဉ်း၍ ဦးတည်ချက်လမ်းညွှန်ပေးကာ အနာဂတ်မျှော်မှန်းချက်ကို ရေးဆွဲခဲ့ကြကြောင်း လီချန်က ပြောကြားခဲ့သည်။ တရုတ်-မြောက်ကိုရီးယား ဆက်ဆံရေးကို တရုတ်နိုင်ငံ ပါတီနှင့် အစိုးရက မြင့်မားသည့် မဟာဗျူဟာနှင့် ရေရှည်ရှုထောင့်မှ ရှုမြင်ရာ တရုတ်-မြောက်ကိုရီးယား အစဉ်အလာချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်သည့်ဆက်ဆံရေးကို ကောင်းမွန်စွာ ကာကွယ်ထိန်းသိမ်းခြင်း၊ ကောင်းမွန်စွာ ခိုင်မြဲစေခြင်း၊ ကောင်းမွန်စွာ တိုးတက်စေခြင်းသည် မိမိတို့၏ မပြောင်းမလဲ ခိုင်မာမြဲမြံသည့်မူဝါဒဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မြောက်ကိုရီးယားနှင့်အတူ နှစ်ပါတီ၊ နှစ်နိုင်ငံ ထိပ်တန်းအကြီးအကဲများ၏ အတူတကွလမ်းညွှန်မှုကို လိုက်နာကာ နှစ်ဖက်ဆက်ဆံရေး စဉ်ဆက်မပြတ် တိုးတက်မှုအသစ်များရရှိအောင် တွန်းအားပေး ဆောင်ရွက်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် မြောက်ကိုရီးယားနိုင်ငံနှင့်အတူ အဆင့်မြင့်အလွှာ ကူးလူးဖလှယ်မှုနှင့် မဟာဗျူဟာဆွေးနွေးမှုများကို အားဖြည့်သွားရန်၊ အစဉ်အလာချစ်ကြည်ရေးကို တစ်ဆင့်တိုးမြှင့်ရန်၊ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစေရန်၊ နိုင်ငံတကာရေးရာကိစ္စရပ်များတွင် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှု နီးကပ်စေရန်၊ ဘက်ပေါင်းစုံ ညှိနှိုင်းဆောင်ရွက်မှုများကို တိုးမြှင့်ရန်၊ နိုင်ငံပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးဝါဒကို အခိုင်အမာ ကာကွယ်ထိန်းသိမ်းပြီး ဖော်ဆောင်ရန်၊ နိုင်ငံတကာစည်းစနစ် ပို၍ တရားမျှတမှု၊ ကျိုးကြောင်းဆီလျော်မှုရှိသော ဦးတည်ချက်သို့ တိုးတက်စေရေးကို တွန်းအားပေးရန် ဆန္ဒရှိကြောင်း လီချန်က ထောက်ပြ ပြောကြားခဲ့သည်။
ကင်ဂျုံအန်းက အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်အား ရင်းနှီးစွာနှုတ်ခွန်းဆက်ကြောင်းနှင့် ဆုမွန်ကောင်းတောင်းစကားကို လီချန်မှတစ်ဆင့် ပြောကြားခဲ့ပြီး ဂုဏ်ပြုအထိမ်းအမှတ်ပွဲသို့ တက်ရောက်ရန် မြောက်ကိုရီးယားသို့ ရောက်ရှိလာသော တရုတ်နိုင်ငံပါတီနှင့် အစိုးရကိုယ်စားလှယ်အဖွဲ့အား လှိုက်လှဲစွာ ကြိုဆိုကြောင်း၊ အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်၏ ဉာဏ်ပညာကြီးမားသည့်ဦးဆောင်မှုအောက်တွင် တရုတ်ဆိုရှယ်လစ်ဝါဒတည်ဆောက်မှုသည် ဧရာမကြီးမားသောအောင်မြင်မှုများ ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။
မြောက်ကိုရီးယား-တရုတ် ဆက်ဆံရေးသည် ဖျောက်ဖျက်မရအောင် ခိုင်မာမြဲမြံကြောင်း၊ နိုင်ငံတကာအခြေအနေ မည်သို့ပင် ပြောင်းလဲစေကာမူ မြောက်ကိုရီးယား-တရုတ် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုဆက်ဆံရေးကို မြဲမြံစေရေးနှင့် တိုးတက်စေရေးသည် မြောက်ကိုရီးယား ပါတီနှင့် အစိုးရ၏ မပြောင်းမလဲ ခိုင်မာသည့် ရပ်တည်ချက်ဖြစ်ကြောင်း၊ ယင်းမှာ နှစ်ဖက်ဘုံအကျိုးစီးပွားနှင့် ကိုက်ညီသလို ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်စွာ တိုးတက်ရေးကိုလည်း အကျိုးပြုကြောင်း၊ မြောက်ကိုရီးယားအနေဖြင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အခိုင်အမာ ထောက်ခံအားပေးပြီး “ထိုင်ဝမ်ခွဲထွက်ရေး” လုပ်ရပ်များနှင့် မည်သည့် ပြည်ပစွက်ဖက်မှုကိုမဆို ပြတ်ပြတ်သားသားဆန့်ကျင်သလို ဟောင်ကောင်၊ ရှင်းကျန်း၊ ရှီးဇန့်နှင့်စပ်လျဉ်းသည့်ကိစ္စရပ်များ၌ တရုတ်နိုင်ငံ၏ ရပ်တည်ချက်ကို အားပေးထောက်ခံကြောင်း၊ မြောက်ကိုရီးယားအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ အဆင့်မြင့်အလွှာ ကူးလူးဖလှယ်မှုများကို နီးကပ်အောင် ဆောင်ရွက်ရန်၊ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်၊ ဘက်ပေါင်းစုံညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေရန်၊ ကိုယ်စီ ဆိုရှယ်လစ်ဝါဒလုပ်ငန်း တိုးတက်ရေး တွန်းအားပေးရန်၊ နှစ်နိုင်ငံပြည်သူများအတွက် ပိုမိုများပြားသော အကျိုးစီးပွားများဆောင်ကြဉ်းပေးရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
အဆိုပါတွေ့ဆုံဆွေးနွေးမှုကို ဝူကျိန့်လုန် တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)
———————
(Chinese Version)
李强会见朝鲜劳动党总书记、国务委员长金正恩
新华社平壤10月9日电(记者王超 朱超)当地时间10月9日下午,中共中央政治局常委、国务院总理李强在平壤朝鲜劳动党中央委员会会见朝鲜劳动党总书记、国务委员长金正恩。
李强首先转达习近平总书记对金正恩总书记的亲切问候和良好祝愿,热烈祝贺朝鲜劳动党建党80周年。李强表示,上个月,金正恩总书记赴北京出席纪念中国人民抗日战争暨世界反法西斯战争胜利80周年活动,习近平总书记同你举行会晤,就进一步深化中朝关系指明了方向,擘画了蓝图。中国党和政府始终从战略高度和长远角度看待中朝关系,维护好、巩固好、发展好中朝传统友好合作关系是我们坚定不移的方针。中方愿同朝方遵循两党两国最高领导人的共同指引,推动双边关系不断取得新发展。
李强指出,中方愿同朝方加强高层交往和战略沟通,进一步弘扬传统友谊,深化务实合作,密切在国际地区事务中的协调配合,加强多边协作,坚定捍卫和践行多边主义,推动国际秩序朝着更加公正合理的方向发展。
金正恩请李强转达对习近平总书记的诚挚问候和良好祝愿,热烈欢迎中国党政代表团此次来朝出席庆祝活动,表示在习近平总书记英明领导下,中国社会主义建设取得巨大成就。朝中关系牢不可破,无论国际形势如何变化,巩固和发展朝中友好合作关系是朝鲜党和政府坚定不移的立场,符合双方共同利益,也有利于地区和平稳定发展。朝方坚定支持一个中国原则,坚决反对“台独”分裂行径以及任何外部干涉,支持中方在涉港、涉疆、涉藏问题上的立场。朝方愿同中方密切高层交往,促进各领域合作,强化多边协作,推进各自社会主义事业发展,为两国人民带来更多福祉。
吴政隆参加会见。(完)
1. 当地时间10月9日下午,中共中央政治局常委、国务院总理李强在平壤朝鲜劳动党中央委员会会见朝鲜劳动党总书记、国务委员长金正恩。 新华社记者 黄敬文 摄