Connect with us

China

ကိုရီးယားအလုပ်သမားပါတီ တည်ထောင်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ်အခမ်းအနားသို့ လီချန် တက်ရောက်

ကိုရီးယားအလုပ်သမားပါတီ တည်ထောင်ခြင်း နှစ် ၈၀ ပြည့် ဂုဏ်ပြုအထိမ်းအမှတ် အခမ်းအနားများကို မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့၌ ဒေသစံတော်ချိန် အောက်တိုဘာ ၉ ရက်နှင့် ၁၀ ရက် ညပိုင်းတွင် ကျင်းပရာ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းအဖွဲ့ဝင်၊ နိုင်ငံတော်ကောင်စီဝန်ကြီးချုပ် လီချန်က အောက်တိုဘာ ၉ ရက်ညပိုင်းတွင် အခမ်းအနားတက်ရောက်၍ အကြီးစား အဖွဲ့လိုက် ကျွမ်းဘားကပြတင်ဆက်မှု၊ အနုပညာဖျော်ဖြေမှုတို့အား ကြည့်ရှုစဉ် (ဆင်ဟွာ)

ပြုံယမ်း၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ)
ကိုရီးယားအလုပ်သမားပါတီ တည်ထောင်ခြင်း နှစ် ၈၀ ပြည့် ဂုဏ်ပြုအထိမ်းအမှတ်အခမ်းအနားများကို မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့၌ ဒေသစံတော်ချိန် အောက်တိုဘာ ၉ ရက်နှင့် ၁၀ ရက် ညပိုင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါဂုဏ်ပြုအထိမ်းအမှတ်အခမ်းအနားကို တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းအဖွဲ့ဝင်၊ နိုင်ငံတော်ကောင်စီဝန်ကြီးချုပ် လီချန် တက်ရောက်၍ အကြီးစား အဖွဲ့လိုက် ကျွမ်းဘားကပြတင်ဆက်မှု၊ အနုပညာဖျော်ဖြေမှုနှင့် စစ်ရေးပြအခမ်းအနား စသည်တို့အား ကြည့်ရှုခဲ့ကြောင်း သိရသည်။
အခမ်းအနားတက်ရောက်စဉ်ကာလအတွင်း လီချန်သည် ဗီယက်နမ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် To Lam ၊ ရုရှားပေါင်းစည်းရေးပါတီ ဥက္ကဋ္ဌ၊ ဖက်ဒရယ်လုံခြုံရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ Dmitry Medvedev စသည်တို့နှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့သည်။
အထက်ပါအခမ်းအနားများသို့ ဝူကျိန့်လုန် တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)

ကိုရီးယားအလုပ်သမားပါတီ တည်ထောင်ခြင်း နှစ် ၈၀ ပြည့် ဂုဏ်ပြုအထိမ်းအမှတ် အခမ်းအနားများကို မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့၌ ဒေသစံတော်ချိန် အောက်တိုဘာ ၉ ရက်နှင့် ၁၀ ရက် ညပိုင်းတွင် ကျင်းပရာ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းအဖွဲ့ဝင်၊ နိုင်ငံတော်ကောင်စီဝန်ကြီးချုပ် လီချန်က အောက်တိုဘာ ၁၀ ရက်ညပိုင်းတွင် စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ကြည့်ရှုစဉ် (ဆင်ဟွာ)

မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့၌ ကျင်းပသည့် ကိုရီးယားအလုပ်သမားပါတီ တည်ထောင်ခြင်း နှစ် ၈၀ ပြည့် ဂုဏ်ပြုအထိမ်းအမှတ် အခမ်းအနားမြင်ကွင်းအား အောက်တိုဘာ ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

——————–
(Chinese Version)
李强出席朝鲜劳动党建党80周年庆祝活动
新华社平壤10月10日电(记者朱超 邰背平)当地时间10月9日和10日晚,朝鲜劳动党建党80周年庆祝活动在平壤举行。中共中央政治局常委、国务院总理李强出席庆祝大会,并观看大型团体操、文艺表演和阅兵式等。
出席庆祝活动期间,李强还同越共中央总书记苏林,俄罗斯统一俄罗斯党主席、联邦安全会议副主席梅德韦杰夫等进行了交谈。
吴政隆参加上述活动。(完)
1. 当地时间10月9日和10日晚,朝鲜劳动党建党80周年庆祝活动在平壤举行。中共中央政治局常委、国务院总理李强出席庆祝大会,并观看大型团体操、文艺表演和阅兵式等。这是10月9日晚,李强出席庆祝大会,并观看大型团体操、文艺表演。 新华社记者 黄敬文 摄
2. 当地时间10月9日和10日晚,朝鲜劳动党建党80周年庆祝活动在平壤举行。中共中央政治局常委、国务院总理李强出席庆祝大会,并观看大型团体操、文艺表演和阅兵式等。这是10月10日晚,李强观看阅兵式。 新华社记者 申宏 摄
3. 这是10月9日在朝鲜平壤拍摄的庆祝活动现场。新华社记者 申宏 摄