Connect with us

China

Chang’e-6 ၏ အသစ်တွေ့ရှိမှုဖြစ်သည့် လမျက်နှာပြင်နှင့် မျက်နှာပြင်အောက်ခံအလွှာ၌ ရေဖြန့်ကြက်မှု ထူးခြားချက် ဝိသေသလက္ခဏာများအား ပထမအကြိမ် ထုတ်ဖော်ပြသ

Chang'e-6 စူးစမ်းလေ့လာရေးယာဉ် လကမ္ဘာဆင်းသက်ယာဉ်-ပျံတက်ယာဉ် ပူးတွဲအပိုင်း၏ လမျက်နှာပြင်သွား အသေးစားယာဉ်က ရိုက်ကူး၍ ကမ္ဘာမြေသို့ ပြန်ပို့သော ဓာတ်ပုံ၌ လမျက်နှာပြင်ပေါ် က လကမ္ဘာဆင်းသက်ယာဉ်-ပျံတက်ယာဉ် ပူးတွဲအပိုင်းမြင်ကွင်းအား ၂၀၂၄ ခုနှစ် ဇွန် ၃ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- CNSA/Handout via Xinhua)

ပေကျင်း၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ Chang’e-6 စူးစမ်းလေ့လာရေးယာဉ်အနေဖြင့် လကမ္ဘာမျက်နှာပြင်ရှိ အင်စီကျု စပက်ထရိုစကုတ်ပစ် ထောက်လှမ်းမှု (In-situ Spectroscopic Detection) သည် ထိုးဖောက်မှု အသစ်များ ရရှိခဲ့သည်။ တရုတ်သိပ္ပံအကယ်ဒမီ အမျိုးသားနက္ခတ္တဗေဒ လေ့လာရေးဌာန သုတေသီ လီချွမ်းလိုင်၊ လျိုကျန့်ကျွင်း တို့သည် ပြည်တွင်းပြည်ပအဖွဲ့များနှင့်အတူ အင်စီကျု ထောက်လှမ်းမှုဒေတာများကို အသုံးပြု၍ လကမ္ဘာမျက်နှာပြင်နှင့် မျက်နှာပြင်အောက်ခံအလွှာ၌ ရေဖြန့်ကြက်မှု ထူးခြားချက် ဝိသေသလက္ခဏာများကို ပထမဆုံးအကြိမ် ဖော်ပြခဲ့ရာ လကမ္ဘာရေ၏ ဖြစ်ပေါ်ပုံယန္တရားနှင့် အနာဂတ်အသုံးချရေးအတွက် အချက်အချာကျသည့် သိပ္ပံအထောက်အထားများကို ပံ့ပိုးလိုက်ကြောင်း တရုတ်သိပ္ပံအကယ်ဒမီမှ သိရှိရသည်။ သက်ဆိုင်ရာ အောင်မြင်မှုရလဒ်များကို နိုင်ငံတကာပညာရပ်ဆိုင်ရာ ဂျာနယ်ဖြစ်သည့် “Nature Astronomy” ၌ မကြာမီရက်ပိုင်းက ဖော်ပြပြီးဖြစ်သည်။

Chang’e-6 ဆင်းသက်သည့် မြေပြင်နေရာရှိ ထောက်လှမ်းမှုဒေတာများတွင် ယင်းနေရာ၏ လမျက်နှာပြင် ရေပါဝင်မှုပမာဏသည် Chang’e-5 ဆင်းသက်သည့်နေရာ၏ နှစ်ဆဖြစ်ကြောင်း ဖော်ပြထားသည်။ စူးစမ်းလေ့လာရေးယာဉ် ဆင်းသက်သည့် ဖြစ်စဉ်တွင် အင်ဂျင်မှမှုတ်ထုတ်သည့် ငှက်မွေးသဏ္ဌာန် ဓာတ်ငွေ့စီးဆင်းမှုကြောင့် လမျက်နှာပြင်အောက် မီလီမီတာမှ စင်တီမီတာ အနက်ရှိသော (မျက်နှာပြင်အောက်ခံအလွှာ) ရှိ လကမ္ဘာမြေကြီး အမှုန်အမွှားများသည် “လယ်ထွန်” သလို ဖြစ်ပြီး ပြန်လည်ဖြန့်ကြက်သွားရာ တစ်မူထူးခြားသည့် အပူချိန်နှင့် ရေပါဝင်မှုပမာဏ အဆင့်ဆင့်ပြောင်းလဲမှု ဖြစ်ပေါ်စေကြောင်း၊ ယင်းမှာ မြေပြင်သို့ဆင်းသက်ရာနေရာနှင့် နီးလေ၊ အပူချိန်မြင့်မားလေ၊ ရေပါဝင်မှုပမာဏ နည်းပါးလေ ဖြစ်သော်လည်း အကွာအဝေး ဝေးလံလေ၊ အပူချိန် နိမ့်လေ၊ ရေပါဝင်မှုပမာဏပို၍ မြင့်မားလေ ဖြစ်ကြောင်း သုတေသနတွင် တွေ့ရှိသည်။

ထို့အပြင် မျက်နှာပြင်အောက်ခံအလွှာ၏ ပျမ်းမျှရေပါဝင်မှုပမာဏမှာ လမျက်နှာပြင်ထက် နည်းပါးပြီး လမျက်နှာပြင်၏ ရေမှာ လမျက်နှာနေရာအချိန်ပြောင်းလဲခြင်းနှင့်အတူ ပြောင်းလဲတတ်ရာ နေ့လယ်နှင့် နီးကပ်လေ ရေပါဝင်မှုပမာဏ နည်းပါးလေဖြစ်သည်။ အဆိုပါ စောင့်ကြည့်စမ်းသပ်မှုရလဒ်များက လမျက်နှာပြင်နှင့် မျက်နှာပြင်အောက်ခံအလွှာ၏ ရေဖြန့်ကြက်မှုနှင့် လကမ္ဘာ မြေကြီးပါဝင်မှု၊ အစိုင်အခဲ အကြီးအသေး၊ နက်ရှိုင်းမှု၊ နေရာအချိန်အားလုံးနှင့် နီးကပ်သော ဆက်စပ်မှုရှိခြင်း၊ ဆိုလာလေ (Solar Wind) ဝင်ရောက်မှုနှင့် တိုက်ခတ်ထွန်ယက်မှုက လမျက်နှာပြင်ရေပုံစံနှင့် ဆင့်ကဲပြောင်းလဲမှုတွင် အချက်အချာကျသည့် အခန်းကဏ္ဍမှ ပါဝင်သည်ကို တစ်ဆင့်တိုး သက်သေပြုခြင်းကို ဖြစ်ကြောင်း ဖော်ပြပေသည်။ (Xinhua)

———————-
(Chinese Version)
嫦娥六号新发现:首次揭示月表及次表层水的分布特征
新华社北京10月1日电(记者胡喆)我国嫦娥六号探测器在月球表面的就位光谱探测取得突破。记者从中国科学院获悉,中国科学院国家天文台李春来、刘建军研究员联合国内外团队利用嫦娥六号就位探测数据,首次揭示了月球表面及次表层水的分布特征,为月球水的形成机制与未来利用提供了关键科学依据。相关成果已于近日在国际学术期刊《自然—天文学》发表。
嫦娥六号着陆区的探测数据显示,该区域月表水含量约为嫦娥五号着陆区的两倍。研究还发现,探测器着陆过程中,发动机羽流会将月表以下毫米至厘米级深度(次表层)的细粒月壤“翻耕”并重新分布,形成独特的温度与水含量梯度:距离着陆点越近,温度越高、水含量越低;距离越远,则温度越低、水含量越高。
此外,次表层平均水含量低于月表,且月表水会随月面地方时变化而变化,越接近正午水含量越低。上述观测结果表明,月表及次表层水的分布与月壤成分、颗粒大小、深度和地方时均密切相关,进一步证实太阳风注入和撞击翻耕在月表水形成与演化中起关键作用。(完)
1. This photo taken and beamed back to Earth autonomously by a mini rover released from the lander-ascender combination of Chang’e-6 probe shows a view of the combination itself on the lunar surface, June 3, 2024. (CNSA/Handout via Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.