Connect with us

China

ကမ္ဘာ့အမြင့်ဆုံးတံတား၏ အလင်းရောင်အလှပုံရိပ်များ

ကြယ်စင်ကောင်းကင်ယံအောက်က တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ်ရှိ ဟွားကျန်းလျှိုမြောင် တံတားကြီးအား ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကျန်းဖုန်း၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ)
ညချမ်းအခါသမယတွင် ကမ္ဘာ့အမြင့်ဆုံးတံတားသစ်ကြီးဖြစ်သည့် တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ် ဟွားကျန်းလျှိုမြောင်တံတားကြီး၌ ပေါ်ထွက်လာသည့် အလင်းရောင်အလှပုံရိပ်များသည် ခရီးသွားဧည့်သည်များ လာရောက်ရှုစားရန် ဆွဲဆောင်လျက်ရှိသည်။
ဟွားကျန်းလျှိုမြောင်တံတားကြီးသည် ကွေ့ကျိုးပြည်နယ် လျို့ကျီး-အန်းလုန် အမြန်လမ်းမကြီး၏ ထိန်းချုပ်မှုအင်ဂျီနီယာစီမံကိန်းဖြစ်ရာ တံတားကြီး စုစုပေါင်းအရှည်မှာ ၂,၈၉၀ မီတာ၊ ပင်မခန်းဖွင့် ၁,၄၂၀ မီတာရှိပြီး လက်ရှိ ကမ္ဘာပေါ်တွင် တောင်တန်းဒေသ လျှိုမြောင်ရှိ ခန်းဖွင့်အရှည်ဆုံး သံမဏိကြိုးဆိုင်းတံတားဖြစ်သည်။ ယင်းတံတား၏ မျက်နှာပြင်သည် ရေမျက်နှာပြင်နှင့် ဒေါင်လိုက်အမြင့် ၆၂၅ မီတာအကွာတွင် ရှိပြီး ကမ္ဘာ့အမြင့်ဆုံးဖြစ်ခဲ့သော ပေဖန်ကျန်းမြစ်ကူးတံတားကို ကျော်လွန်၍ ကမ္ဘာ့အမြင့်ဆုံးတံတားအသစ်ဖြစ်လာခဲ့ရာ “အလျားလိုက်၊ ဒေါင်လိုက် ထိပ်တန်းပထမ” ဟူ၍ တင်စားခံရကြောင်း သိရသည်။ (Xinhua)


———————
(Chinese Version)
(新华视界)世界第一高桥光影美
新华社照片,贞丰(贵州),2025年10月12日
夜晚,新的世界第一高桥——贵州花江峡谷大桥呈现出不同光影美景,吸引游客前来观赏。 花江峡谷大桥是贵州六枝至安龙高速公路的控制性工程,大桥全长2890米,主跨1420米,是目前世界山区峡谷第一大跨度钢桁梁悬索桥;其桥面距水面垂直高度625米,超越北盘江第一桥成为新的世界第一高桥,被誉为“横竖都是第一”。
1. 这是10月12日拍摄的星空下的贵州花江峡谷大桥。新华社记者 杨文斌 摄