China
အားလပ်ရက် ၈ ရက်အတွင်း မိဘများအား ကူညီ၍ ၇ ရက်ခွဲကြာ ပြောင်းဖူးခူးပေးခဲ့သော ကလေးငယ်

ချင်းသောင်၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ)
မကြာသေးမီက ပြီးဆုံးခဲ့သည့် တရုတ်အမျိုးသားနေ့နှင့် ဆောင်းဦးလယ်ပွဲတော် အားလပ်ရက် ၈ ရက်အတွင်း တရုတ်နိုင်ငံ ဆန်းတုန်းပြည်နယ် ချင်းသောင်မြို့ရှိ ချင်းသောင်စိုက်ပျိုးရေးတက္ကသိုလ် သိပ္ပံနှင့် သတင်းအချက်အလက် သိပ္ပံပညာကျောင်းမှ ၂၀၂၅ ခုနှစ် ကျောင်းသားသစ် မုန့်ချိန်သည် အချိန် ၇ ရက်ခွဲ အိမ်တွင်နေ၍ မိဘများအား ပြောင်းဖူးခူးပေးခဲ့သောဖြစ်စဉ်သည် အွန်လိုင်း၌ လူသိများသွားခဲ့ရာ အင်တာနက်အသုံးပြုသူများက ၎င်း၏ မိဘအားသိတတ်မှုနှင့် တာဝန်ယူစိတ်ရှိမှုကို ချီးကျူးခဲ့ကြသည်။
မုန့်ချိန်၏နေအိမ်သည် တရုတ်နိုင်ငံ ဆန်းတုန်းပြည်နယ် ကျူးချိန်မြို့ ရှီချောင်ကျီမြို့နယ် တာ့တျန့်ကျီရွာ၌ ဖြစ်ပြီး အိမ်တွင် တရုတ်မူ (Mu) ၅ မူရှိသည့် ပြောင်းဖူးစိုက်ခင်းရှိသည်။ မကြာသေးမီက ဒေသတွင်း၌ ရက်ဆက်မိုးရွာသွန်းခဲ့ရာ ပြောင်းဖူးများအား အချိန်မီ ခူးဆွတ်နေလှန်းခြင်း မပြုလုပ်နိုင်ပါက စိုက်ခင်းထဲ၌ အညှောင့်ပေါက် မှိုစွဲလွယ်ပေသည်။ သို့သော်လည်း ရွှံ့ထူသည့်စိုက်ခင်းလယ်မြေကြောင့် ရိတ်သိမ်းစက်ဖြင့် လုပ်ဆောင်နိုင်ခြင်းမရှိရာ ပြောင်းဖူးများကို လူအင်အားဖြင့်သာ ခူးဆွတ်ရပေသည်။
မိဘများပင်ပန်းစွာ စိုက်ပျိုးခဲ့ရမှု အလဟဿမဖြစ်စေရန် တရုတ်အမျိုးသားနေ့နှင့် ဆောင်းဦးလယ်ပွဲတော် အားလပ်ရက်တွင် မုန့်ချိန်က ကိုယ်တိုင်စိုက်ခင်းထဲလာရောက်၍ ဖခင်နှင့်အတူ ၎င်းတို့အိမ်၏ ပြောင်းဖူးအားလုံးကို ခူးဆွတ်ပေးခဲ့သည်။
မုန့်ချိန်က ၎င်းတို့အိမ်သည် ငယ်စဉ်ကတည်းက ပြောင်းဖူးစိုက်ခဲ့ခြင်းဖြစ်ရာ မြေယာနှင့် သီးနှံများသည် အရိုးထဲထိစွဲနေသော သံယောဇဉ်တွယ်တာမှုများပင်ဖြစ်ကြောင်း၊ “စိုက်ခင်းထဲ ဆက်တိုက်ဆင်းရတာ တကယ့်ကိုပင်ပန်းတယ်ဆိုပေမဲ့ မိဘတွေကို စိုက်ပျိုးရေးလုပ်ငန်း ကူလုပ်ပေးနိုင်တော့လည်း မညည်းမညူနိုင်အောင်ပါပဲ” ဟု သတင်းထောက်အား ပြောကြားခဲ့သည်။
စိုက်ပျိုးရေးအတွက် အလုပ်များနေသည့်တစ်ချိန်တည်းတွင် မုန့်ချိန်က တိုက်ရိုက်ထုတ်လွှင့်သည့်နည်းဖြင့် စိုက်ခင်းအတွင်း လုပ်ကိုင်သည့် ခံစားချက်နှင့် ရင်တွင်းမှစကားသံများကို မျှဝေခဲ့သည်။ “ကျွန်တော် များများပိုလုပ်ရင် မိဘတွေ နည်းနည်းလျှော့လုပ်နိုင်တာပေါ့။ ကျွန်တော် ခါးကုန်းပြီး ပိုလုပ်ရင် မိဘတွေလည်း ပင်ပန်းတာ သက်သာရတာပေါ့” ဟု ၎င်းက ဆိုသည်။
ကလေးဖြစ်သူက ဤမျှသိတတ်လေရာ မုန့်ချိန်၏ မိဘများကလည်း ကျေနပ်နှစ်သိမ့်ရပေသည်။ မုန့်ချိန်သည် ငယ်စဉ်ကတည်း မိဘအပေါ် လွန်စွာသိတတ်ကြောင်း၊ မကြာခဏ အိမ်တွင် စိုက်ပျိုးရေးအလုပ်များ ကူလုပ်ပေးလေ့ရှိကြောင်း၊ တက္ကသိုလ်တက်ရာတွင် အသုံးပြုမည့် ကွန်ပျူတာတစ်လုံး ဝယ်ယူရန်အတွက် မုန့်ချိန်သည် အထက်တန်းကျောင်းပြီးချိန် နွေရာသီအားလပ်ရက်အတွင်း ဖရဲသီးပင်ရောင်းခဲ့ဖူးကြောင်း ၎င်းတို့က ဆိုသည်။
တရုတ်အမျိုးသားနေ့နှင့် ဆောင်းဦးလယ်ပွဲတော် အားလပ်ရက်ကာလပြီးနောက် မုန့်ချိန် တက္ကသိုလ်ကျောင်းဝန်းသို့ ပြန်ရောက်လာချိန်တွင် ပညာသင်ကြားမှုအတွင်း ပြန်လည်အာရုံစိုက်ခဲ့သည်။ ကွန်ပျူတာသိပ္ပံနှင့် နည်းပညာ အထူးပြုဘာသာရပ်အား လေ့လာသင်ကြားနေသော ၎င်းက မိဘနှင့် ရွာသူ၊ ရွာသားများ ပိုမိုကောင်းမွန်သည့်ဘဝ ရရှိလာရန် အနာဂတ်တွင် ၎င်းသင်ယူခဲ့သည့် ဗဟုသုတနှင့် နည်းပညာများဖြင့် မိမိဇာတိ၌ စိုက်ပျိုးရေးထုတ်ကုန်များအား ကူညီမိတ်ဆက်ပေးရန် မျှော်လင့်လျက်ရှိပေသည်။ (Xinhua)

တရုတ်နိုင်ငံ ဆန်းတုန်းပြည်နယ် ချင်းသောင်မြို့ရှိ ချင်းသောင်စိုက်ပျိုးရေးတက္ကသိုလ် ကျောင်းသားအဆောင်၌ မုန့်ချိန် (ဝဲဘက်) က အခန်းဖော်များအား မိမိယခင်က အွန်လိုင်း၌တင်ထားသည့် စိုက်ခင်းအတွင်း အလုပ်လုပ်နေသော ဗီဒီယိုအား မိတ်ဆက်ပြသနေသည်ကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
—————–
(Chinese Version)
温度丨放假8天帮父母掰了7天半玉米的孩子,找到了!
新华社照片,青岛,2025年10月12日
刚刚过去的国庆中秋8天假期,青岛农业大学理学与信息科学学院2025级新生孟成,利用7天半时间在家帮父母掰玉米的故事在网上热传,网友纷纷为他的懂事与担当点赞。
孟成的家在山东诸城石桥子镇大店子村,家里有五亩玉米地。近期,当地连日降雨,玉米若不及时收回晾晒,在地里易发芽发霉。而泥泞的田地无法满足收割机作业需求,玉米只能靠人工掰。为了不让父母的辛苦劳动泡汤,国庆中秋假期,孟成主动来到地里,和父亲一起,把家里的玉米全部收了。
孟成告诉记者,小时候家里就种玉米,土地和庄稼是在刻在骨子里的牵挂。“连续下地劳动虽然很辛苦,但能帮父母分担点农活,也是无怨无悔。”
在农忙的同时,孟成还通过直播的方式分享在农田劳作的感受和心声。“我多干一点,父母就少干一点;我多弯一次腰,父母就少吃一点苦。”
孩子如此懂事,孟成的父母感到很欣慰。他们介绍,孟成从小就很孝顺,经常帮家里干农活。为了添置一台上大学用的电脑,孟成还在高中毕业后的暑假卖过西瓜。
国庆中秋假期结束后,孟成回到大学校园,投入到紧张的学业中。主修计算机科学与技术专业的他,希望未来用所学的知识和技能帮助家乡推广农产品,让父母和乡亲们生活得更好。
1、10月11日,孟成从青岛农业大学校园内一处大型乡村振兴主题墙绘前经过。 新华社记者 李紫恒 摄
2、10月11日,在青岛农业大学学生宿舍,孟成(左)向室友介绍自己之前发布的在地里干活的视频。新华社记者 李紫恒 摄