China
ဖုဟွာနှင့် ဘရာဇီးနိုင်ငံ ကျန်းမာရေးဝန်ကြီး၊ နီကာရာဂွါနိုင်ငံ ၁၃ ရုပ်သံလွှင့်ချန်နယ် အကြီးအကဲတို့အား သီးခြားစီတွေ့ဆုံ

ပေကျင်း၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဆင်ဟွာသတင်းဌာန ဥက္ကဋ္ဌ ဖုဟွာသည် အောက်တိုဘာ ၁၄ ရက်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့၌ ဘရာဇီးနိုင်ငံ ကျန်းမာရေးဝန်ကြီး Alexandre Padilha ၊ နီကာရာဂွါနိုင်ငံ ၁၃ ရုပ်သံလွှင့်ချန်နယ် အကြီးအကဲ Maurice Ortega Murillo တို့နှင့် သီးခြားစီတွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
Alexandre Padilha နှင့်တွေ့ဆုံရာတွင် ဖုဟွာက ဆင်ဟွာသတင်းဌာနအနေဖြင့် ဘရာဇီးနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနနှင့်အတူ နက်ရှိုင်းစွာပူးပေါင်းဆောင်ရွက်ခြင်း၊ နှစ်နိုင်ငံနှင့် ကမ္ဘာကြီးထံသို့ ဘရာဇီးနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုနှင့် တရုတ်-ဘရာဇီး ပူးပေါင်းဆောင်ရွက်မှု အကြောင်းအရာများအား ကောင်းမွန်စွာ တင်ဆက်ခြင်း၊ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုစနစ် ကောင်းမွန်ပြည့်စုံလာရန် အတူတကွ တွန်းအားပေးခြင်း၊ အနောက်တိုင်း ပြောရေးဆိုခွင့်လက်ဝါးကြီးအုပ်မှုအား ထိုးဖောက်ခြင်း၊ နိုင်ငံစုံယန္တရားအောက်တွင် နီးကပ်စွာ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ခြင်းကို မြှင့်တင်ခြင်းတို့ လုပ်ဆောင်သွားလိုကြောင်း ပြောကြားခဲ့သည်။
Alexandre Padilha က တရုတ်နိုင်ငံအနေဖြင့် ကျန်းမာရေးကဏ္ဍ၌ ရရှိထားသည့် အောင်မြင်မှုများအပေါ် ဂုဏ်ပြုခဲ့သည်။ ဆင်ဟွာသတင်းဌာနသည် တစ်ကမ္ဘာလုံးတွင် သက်ရောက်မှုအားရှိသည့် မီဒီယာအဖွဲ့အစည်းဖြစ်ကြောင်း၊ ဆင်ဟွာသတင်းဌာနမှတစ်ဆင့် စစ်မှန်တိကျသော သတင်းအချက်အလက်အား ဖြန့်ချိကာ ပရိသတ်များက ကျန်းမာရေးကဏ္ဍ၏ သိပ္ပံဗဟုသုတနှင့် လက်တွေ့ဖြစ်ရပ်များ ပိုမိုနားလည်လာအောင် လုပ်ဆောင်သွားရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
Maurice Ortega Murillo နှင့် တွေ့ဆုံရာတွင် ဖုဟွာက ၂၀၂၁ ခုနှစ်တွင် တရုတ်-နီကာရာဂွါတို့ သံတမန်ဆက်ဆံရေး ပြန်လည်ထူထောင်ခဲ့ရာ ဆင်ဟွာသတင်းဌာနအဖွဲ့က ရှေးဦးစွာ နီကာရာဂွါနိုင်ငံသို့ သွားရောက်၍ သတင်းတင်ဆက်မှုနှင့် မီဒီယာပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ခဲ့ကြောင်း၊ ဆင်ဟွာသတင်းဌာနအနေဖြင့် နီကာရာဂွါမီဒီယာများနှင့်အတူ လူပုဂ္ဂိုလ် အပြန်အလှန်သွားလာဆက်ဆံမှု၊ လုပ်ငန်းဆိုင်ရာ လေ့ကျင့်ပေးမှု၊ ပူးတွဲတွေ့ဆုံမေးမြန်းမှု၊ အစီအစဉ်ထုတ်လုပ်မှု စသည့် ကဏ္ဍများ၌ ကူးလူးဖလှယ်သွားပြီး မီဒီယာက နှစ်နိုင်ငံဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှုအတွင်း သက်သေထူသူ၊ မှတ်တမ်းတင်သူနှင့် တွန်းအားပေးသူအဖြစ် အခန်းကဏ္ဍမှ အပြည့်အဝပါဝင်သွားလိုကြောင်း ပြောကြားခဲ့သည်။
Maurice Ortega Murillo က ဆင်ဟွာသတင်းဌာနသည် နီကာရာဂွါ-တရုတ်မီဒီယာ ကူးလူးဖလှယ်မှုနှင့် နှစ်နိုင်ငံ သွားလာဆက်ဆံမှုအား တွန်းအားပေးရန်အတွက် အရေးကြီးအကျိုးထမ်းဆောင်ခဲ့ကြောင်း၊ နီကာရာဂွါ မီဒီယာများသည် ဆင်ဟွာသတင်းဌာန၏ သတင်းများအား မကြာခဏ ကိုးကားဖော်ပြလေ့ရှိကြောင်း၊ ယင်းသည် နှစ်နိုင်ငံပြည်သူများ အပြန်အလှန် ရင်းနှီးကျွမ်းဝင်မှုအား မြှင့်တင်ရန် အထောက်အကူပြုကြောင်း ပြောကြားခဲ့သည်။ (Xinhua)

ဆင်ဟွာသတင်းဌာန ဥက္ကဋ္ဌ ဖုဟွာနှင့် နီကာရာဂွါနိုင်ငံ ၁၃ ရုပ်သံလွှင့်ချန်နယ် အကြီးအကဲ Maurice Ortega Murillo တို့ တရုတ်နိုင်ငံ ပေကျင်းမြို့၌ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၄ ရက်က တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)
———————
(Chinese Version)
傅华分别会见巴西卫生部长、尼加拉瓜电视13台台长
新华社北京10月14日电(记者王慧慧)新华社社长傅华14日在北京分别会见巴西卫生部长帕迪利亚、尼加拉瓜电视13台台长奥尔特加。
会见帕迪利亚时,傅华表示,新华社愿同巴西卫生部深化合作,向两国和世界讲好巴西发展和中巴合作的故事,共同推动完善全球治理体系,破除西方话语垄断,加强多边机制下的密切协作。
帕迪利亚对中国在卫生健康领域取得的成就表示祝贺。他表示,新华社是具有全球影响力的媒体机构,希望通过新华社传播真实准确的信息,让受众更多了解卫生领域的科学知识和实践案例。
会见奥尔特加时,傅华说,2021年中尼复交,新华社团队第一时间赴尼开展报道与媒体合作。新华社愿同尼媒体拓展在人员互访、业务培训、联合采访、节目制作等领域交流,充分发挥媒体在两国关系发展中的见证者、记录者和推动者作用。
奥尔特加表示,新华社为推动尼中媒体交流和两国交往做出重要贡献。尼媒体经常转引新华社新闻,这有利于促进两国人民相知相亲。(完)
1、10月14日,新华社社长傅华在北京会见巴西卫生部长帕迪利亚。 新华社记者 饶爱民 摄
2、10月14日,新华社社长傅华在北京会见尼加拉瓜电视13台台长奥尔特加。 新华社记者 李响 摄