China
စီးပွားရေးအခြေအနေဆိုင်ရာ ပညာရှင်နှင့် လုပ်ငန်းရှင်များ နှီးနှောဖလှယ်ပွဲအား လီချန် ကြီးမှူးကျင်းပ

ပေကျင်း၊အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းအဖွဲ့ဝင်၊ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်သည် စီးပွားရေးအခြေအနေဆိုင်ရာ ပညာရှင်နှင့် လုပ်ငန်းရှင်များ နှီးနှောဖလှယ်ပွဲအား အောက်တိုဘာ ၁၄ ရက် ညနေပိုင်းက ကြီးမှူးကျင်းပခဲ့ရာ လက်ရှိ စီးပွားရေးအခြေအနေနှင့် နောက်တစ်ဆင့် စီးပွားရေးလုပ်ငန်းများ၏ သဘောထားအကြံပြုချက်များကို ကြားနာခဲ့သည်။
နှီးနှောဖလှယ်ပွဲတွင် ရွှီချီယွမ်း၊ ချန်ပင်းခိုင်း၊ ယန်ဟဲ့၊ ကျန်းယွီ၊ လီဟုန်ဖုန့်၊ ကျန်းရှင်း၊ ကျိုးယွီရှန်၊ ယဲ့ကော်ဖု စသည်တို့က ရှေ့ဆင့်နောက်ဆင့် ပါဝင်ဆွေးနွေးပြောကြားခဲ့သည်။ ယခုနှစ်မှစ၍ တရုတ်နိုင်ငံ၏ စီးပွားရေးလည်ပတ်မှုသည် ဖိအားကိုကြံ့ကြံ့ခံကာ တည်ငြိမ်စွာတိုးတက်လာခဲ့ပြီး တောင့်တင်းခိုင်မာသော ကြံ့ကြံ့ခံနိုင်မှုနှင့် တက်ကြွသောအင်အားကို ပြသခဲ့ရာ ထင်ရှားသောအချက်များစွာ ရှိကြောင်း အားလုံးက ယူဆသည်။ အခက်အခဲအချို့ ရင်ဆိုင်နေရသော်ငြားလည်း အကျိုးရှိသည့်အကြောင်းရင်းများက စဉ်ဆက်မပြတ် စုစည်းလာသည်ဟု အားလုံးကဆိုသည်။ မက်ခရိုမူဝါဒအား ပိုမိုကောင်းမွန်စွာ ဖော်ဆောင်ရေး၊ လက်ရှိသိသာထင်ရှားသော အရေးကိစ္စများအား ဖြေရှင်းရေးနှင့်စပ်လျဉ်း၍ အားလုံးက သဘောထားအကြုံပြုချက်များ ပေးခဲ့ကြသည်။
ပညာရှင်များနှင့် လုပ်ငန်းရှင်းများ၏ ပါဝင်ဆွေးနွေးပြောကြားမှုများကို ကြားနာပြီးနောက် လီချန်က ယခုနှစ်အတွင်း ရှုပ်ထွေးဆိုးရွားသော ပြင်ပပတ်ဝန်းကျင်နှင့် စီးပွားရေးလည်ပတ်မှုတွင် အခက်အခဲ စိန်ခေါ်မှုများကို ရင်ဆိုင်ရာ၌ ရဲဘော် ရှီကျင့်ဖိန်ကို ဗဟိုပြုသည့် ပါတီဗဟိုကော်မတီ၏ ခိုင်မာအားကောင်းသော ဦးဆောင်မှုအောက်တွင် ဒေသအသီးသီး၊ ဌာနအသီးသီးသည် ပို၍ တက်ကြွပြီး စွမ်းဆောင်မှုရှိသော မက်ခရိုမူဝါဒများကို သေချာစွာ ဖော်ဆောင်ပြီး အခက်အခဲများကို မတွန့်ဆုတ်ပဲ တည်ငြိမ်စွာ ကိုင်တွယ်စီမံခဲ့ကြရာ စီပွားရေးစဉ်ဆက်မပြတ် မြင့်တက်ကောင်းမွန်လာစေရန် အင်တိုက်အားတိုက် မြှင့်တင်ပြီး အရည်အသွေးမြင့်ဖွံ့ဖြိုးတိုးတက်ရေးအား ခိုင်မာစွာ တွန်းအားပေးဆောင်ရွက်ခဲ့ကြကြောင်း ပြောကြားခဲ့သည်။
လက်ရှိစီးပွားရေးအခြေအနေသည် ပို၍ကျယ်ပြန့်သည့်အမြင်ဖြင့် အတိအကျ လက်ကိုင်ထား ဆောင်ရွက်ရမည်ဖြစ်ရာ အထူးသဖြင့် ငါးနှစ်တာစီမံကိန်း၏ဖော်ဆောင်မှုမှ စီးပွားရေးတိုးတက်မှု၏ ရေရှည်အနေအထားကို ကြည့်လျှင်သော်လည်းကောင်း၊ လူပုဂ္ဂိုလ် ကူးလူးသွားလာမှု၊ ကုန်စည်သယ်ယူပို့ဆောင်မှု၊ သတင်းအချက်အလက်သွားလာမှု၊ ဘဏ္ဍာငွေစီးဆင်းမှု၏ ထောက်တိုင်မှ စီးပွားရေးလည်ပတ်သည့် ပင်မရှင်သန်စွမ်းအားကို ကြည့်လျှင်သော်လည်းကောင်း၊ နိုင်ငံတကာအခြေအနေ၏ ပြောင်းလဲမှုမှ တရုတ်နိုင်ငံစီးပွားရေး၏ ကြံ့ကြံ့ခံမှုကို ကြည့်လျှင်သော်လည်းကောင်း ကိစ္စရပ်များကို ပို၍တစ်ဆင့်တိုး ခိုင်မာစွာ ယုံကြည်ချက်ထား တည့်မတ်စွာ ရင်ဆိုင်ရမည်ဖြစ်ကြောင်း၊ မိမိတို့လုပ်ဆောင်ရမည်များကို ကောင်းမွန်စွာ အခိုင်အမာ ဆောင်ရွက်သွားပြီး တစ်နှစ်ပတ်လုံး လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်တာဝန်များကို ပြီးမြောက်အောင် ကြိုးပမ်းရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
နောက်တစ်ဆင့် စီးပွားရေးလုပ်ငန်းဆက်စပ်မှုဖြစ်သော “၁၄ ကြိမ်မြောက် ၅ နှစ် စီမံကိန်း” အပြည့်အဝ အောင်မြင်စွာ ပြီးမြောက်ရေး၊ “၁၅ ကြိမ်မြောက် ၅ နှစ် စီမံကိန်း” အဖွင့်ကောင်းမွန်စေရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း လီချန်က အလေးထားပြောကြားခဲ့သည်။
တန်ပြန်လည်ပတ်မှုကာလ (Countercyclical) ချိန်ညှိမှုကို ထိရောက်စွာ အားဖြည့်ဖော်ဆောင်ရမည်ဖြစ်ပြီး စုပေါင်းပမာဏမူဝါဒဖြင့် စဉ်ဆက်မပြတ် အားထုတ်ဆောင်ရွက်ရမည်ဖြစ်သလို မူဝါဒအရင်းအမြစ်များကို အပြည့်အဝ ကောင်းမွန်စွာ အသုံးချရမည် ဖြစ်ကြောင်း၊ ပြုပြင်ပြောင်းလဲမှုနည်းလမ်းဖြင့် ပိတ်ဆို့မှုအတားအဆီးများကို ဖောက်ထွက်ကာ ဖွံ့ဖြိုးရေးစွမ်းအင်ကို မြှင့်တင်ရမည်ဖြစ်ကြောင်း နှစ်ပတ်လည်လုပ်ငန်း ချိတ်ဆက်မှုများကို အားကောင်းစေကာ မူဝါဒထိရောက်နိုင်စွမ်းကို ပို၍လျင်မြန်ကောင်းမွန်စွာ အသုံးချရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ပြည်တွင်းဝယ်လိုအားကို စဉ်ဆက်မပြတ် အင်တိုက်အားတိုက် တိုးချဲ့ရမည်ဖြစ်သလို ပြည်တွင်းလည်ပတ်မှုကြီးကို တောင့်တင်းအောင် လုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ စားသုံးမှုမြှင့်တင်ရေး အစီအမံအမျိုးမျိုးကို စုစည်းစီမံ၍ ကောင်းမွန်စွာ အသုံးချရမည် ဖြစ်ပြီး ထိရောက်သောရင်းနှီးမြှုပ်နှံမှုကို အားထားတိုးချဲ့ရမည် ဖြစ်သလို ဈေးကွက်ရှင်သန်စွမ်းအားကို တစ်ဆင့်တိုး နှိုးဆော်ရမည် ဖြစ်ကြောင်း၊ အရည်အသွေးကောင်းမွန်သည့် ပံ့ပိုးမှုကို ထပ်တိုးပြီး ပြည်တွင်းဝယ်လိုအား၏ တိုးတက်မှုအသစ်များ စဉ်ဆက်မပြတ်ဖြစ်လာစေရန် လုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ အစီအမံများစွာ အတူတကွလုပ်ဆောင်ကာ ပထမတန်းစား ကုန်ထုတ်လုပ်မှုလုပ်ငန်းဂေဟစနစ်ဖြစ်အောင် ဖန်တီးတည်ဆောက်ရမည် ဖြစ်ပြီး လုပ်ငန်းကဏ္ဍများ၌ စည်းစနစ်မရှိမှု၊ သမာသမတ်မရှိသည့် ယှဉ်ပြိုင်မှုများကို ဘက်စုံကိုင်တွယ် စီမံဆောင်ရွက်မည် ဖြစ်ကြောင်း၊ လုပ်ငန်းကွင်းဆက်အရ ကုန်ကြမ်းမှကုန်ချောထုတ်လုပ်မှု၊ အကြီးစား၊ အလတ်စား၊ အငယ်စား လုပ်ငန်းများ နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရမည်ဖြစ်ကြောင်း၊ သိပ္ပံနည်းပညာရလဒ်များ အသွင်ပြောင်းမှုအရှိန်ကို မြှင့်တင်ရမည် ဖြစ်ပြီး လုပ်ငန်းတည်ထောင်သည့် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေများကို တိုးတက်အောင် ဆောင်ရွက်ကာ ဆန်းသစ်တီထွင်မှု ဂေဟဝန်းကျင်ကို အားထားတည်ဆောက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံခြားကုန်သွယ်ရေး တည်ငြိမ်ရန်နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တည်ငြိမ်ရန် အင်တိုက်အားတိုက် ထောက်ခံအားပေးမည် ဖြစ်ပြီး ကဏ္ဍစုံလင်သောဈေးကွက်များကို တက်ကြွစွာ တိုးချဲ့ခြင်း၊ ပြည်ပဘက်စုံဝန်ဆောင်မှုစနစ် ကောင်းမွန်ပြည့်စုံအောင် လုပ်ဆောင်ခြင်းဖြင့် အထင်ကရ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစီမံကိန်းများကို တွန်းအားပေးဖော်ဆောင်ရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ကျယ်ပြန့်များပြားလှသော လုပ်ငန်းရှင်များအနေဖြင့် ရေရှည်ဝါဒကို လက်ကိုင်ထားကာ ဆန်းသစ်တီထွင်မှုကို စဉ်ဆက်မပြတ် တိုးချဲ့ရန်၊ တရုတ်နိုင်ငံ အရည်အသွေးမြင့်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုမိုများပြားသော အကျိုးကို ထမ်းဆောင်ရန် မျှော်လင့်ကြောင်း၊ ပညာရှင်များအနေဖြင့် ကျွမ်းကျင်မှုအားသာချက်ကို အသုံးချကာ စီးပွားရေးကဏ္ဍလုပ်ငန်းများ ကောင်းမွန်စွာ ဆောင်ရွက်ရန်နှင့် “၁၅ ကြိမ်မြောက် ၅ နှစ် စီမံကိန်း” ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးရန်အတွက် တစ်တပ်တစ်အား အကြံပြုပေးရန် မျှော်လင့်ကြောင်း လီချန်က ပြောကြားခဲ့သည်။
အဆိုပါ နှီးနှောဖလှယ်ပွဲကို ဝူကျိန့်လုန် ပါဝင်တက်ရောက်ခဲ့သည်။ (Xinhua)
———————
(Chinese Version)
李强主持召开经济形势专家和企业家座谈会
新华社北京10月14日电 中共中央政治局常委、国务院总理李强10月14日下午主持召开经济形势专家和企业家座谈会,听取对当前经济形势和下一步经济工作的意见建议。
座谈会上,徐奇渊、陈斌开、杨赫、张瑜、李洪凤、江鑫、周宇翔、叶国富等先后发言。大家认为,今年以来,我国经济运行顶住压力、稳中有进,展现出强大韧性和活力,有不少新的亮点。虽然仍面临一些困难,但有利因素在不断积累。大家还就更好地实施宏观政策、解决当前突出问题提出了意见建议。
在认真听取专家和企业家发言后,李强说,今年以来,面对复杂严峻的外部环境和经济运行中的困难挑战,在以习近平同志为核心的党中央坚强领导下,各地区各部门认真落实更加积极有为的宏观政策,迎难而上、沉着应对,全力促进经济持续回升向好,扎实推动高质量发展。对当前经济形势,要以更宽的视野准确把握,特别是从五年规划的实施来看经济发展的长期趋势,从人流、物流、信息流、资金流的支撑来看经营主体的活力,从国际局势的变化来看我国经济的韧性,进一步坚定信心、直面问题,坚定不移办好自己的事,努力完成全年经济社会发展目标任务。
李强强调,做好下一步经济工作关系“十四五”圆满收官、“十五五”良好开局。要加力提效实施逆周期调节,总量政策持续发力,用足用好政策资源,以改革办法打通堵点卡点,增强发展动能。加强跨年度工作衔接,更快更好发挥政策效能。要持续用力扩大内需、做强国内大循环,统筹用好各类促消费举措,着力扩大有效投资,进一步激发市场活力,增加优质供给,不断形成扩内需的新增长点。要多措并举营造一流产业生态,综合治理行业无序、非理性竞争,促进上下游、大中小企业深化合作,加快科技成果转化,发展创业投资基金,着力构建创新生态圈。大力支持稳外贸稳外资,积极开拓多元化市场,完善海外综合服务体系,推动实施一批标志性外资项目。
李强希望广大企业家秉持长期主义,持续开拓创新,为我国高质量发展多作贡献。希望专家学者发挥专业优势,为做好经济工作和推动“十五五”发展积极建言献策。
吴政隆参加座谈会。(完)
1. 10月14日下午,中共中央政治局常委、国务院总理李强主持召开经济形势专家和企业家座谈会,听取对当前经济形势和下一步经济工作的意见建议。 新华社记者 饶爱民 摄