China
၁၃၈ ကြိမ်မြောက် တရုတ်ပို့ကုန်သွင်းကုန်ပြပွဲ (ကွမ်ကျိုးကုန်စည်ပြပွဲ) ဖွင့်လှစ်၊ ပါဝင်ပြသသည့် ကုမ္ပဏီပေါင်း ၃၂,၀၀၀ ကျော်ဖြင့် သမိုင်းစံချိန်သစ်တင်

ကွမ်ကျိုး၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ)
၁၃၈ ကြိမ်မြောက် တရုတ်ပို့ကုန်သွင်းကုန်ပြပွဲ (ကွမ်ကျိုးကုန်စည်ပြပွဲ) ကို အောက်တိုဘာ ၁၅ ရက်တွင် တရုတ်နိုင်ငံ ကွမ်ကျိုးမြို့၌ ဖွင့်လှစ်ကျင်းပခဲ့သည်။ ယခုအကြိမ် ကွမ်ကျိုးကုန်စည်ပြပွဲတွင် စုစုပေါင်းပြခန်းနေရာ ၇၄,၆၀၀ ခုရှိပြီး ပါဝင်ပြသသည့် ကုမ္ပဏီပေါင်း ၃၂,၀၀၀ ကျော်ရှိကာ သမိုင်းစံချိန်သစ်တင်ခဲ့ကြောင်း သိရသည်။
ယခုအကြိမ် ကွမ်ကျိုးကုန်စည်ပြပွဲတွင် ဝယ်ယူသူကုန်သည်ပေါင်း ၂၄၀,၀၀၀ ကျော် စာရင်းပေးသွင်းထားပြီးဖြစ်ရာ ပြပွဲသို့လာရောက်သည့် ထိပ်တန်း ဝယ်ယူသူကုမ္ပဏီများသည် ၄၀၀ ကျော်ရှိမည်ဟု မျှော်မှန်းရသည်။ (Xinhua)

တရုတ်နိုင်ငံ ကွမ်ကျိုးမြို့၌ ကျင်းပသည့် ၁၃၈ ကြိမ်မြောက် တရုတ်ပို့ကုန်သွင်းကုန်ပြပွဲ (ကွမ်ကျိုးကုန်စည်ပြပွဲ) တွင် စပီကာထုတ်ကုန်များအကြောင်း မေးမြန်းနေသော ဧည့်သည်ကုန်သည်အား ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကွမ်ကျိုးမြို့၌ ကျင်းပသည့် ၁၃၈ ကြိမ်မြောက် တရုတ်ပို့ကုန်သွင်းကုန်ပြပွဲ (ကွမ်ကျိုးကုန်စည်ပြပွဲ) စမတ်လူနေမှုဘဝဇုန်ရှိ Hisense ပြခန်းတွင် ပြသထားသော တီဗီအား လေ့လာကြည့်ရှုနေသူကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
———————
(Chinese Version)
第138届广交会开幕 参展企业超3.2万家创历史新高
新华社照片,广州,2025年10月15日
10月15日,第138届中国进出口商品交易会(广交会)在广州开幕。据了解,本届广交会展位总数7.46万个,参展企业超3.2万家,均创历史新高。本届广交会已有超24万名采购商预登记,到会头部采购企业预计超400家。
1、这是10月15日拍摄的广交会展馆。新华社记者 肖恩楠 摄
2、10月15日,客商在广交会上咨询了解音箱产品。新华社记者 卢汉欣 摄
3、10月15日,参观人员观看智慧生活展区海信展台的电视产品。新华社记者 邓华 摄