Connect with us

China

အော်တစ်ဇင် ပန်းချီဆရာလေးတစ်ဦး၏ ရောင်စုံသံစဉ်အိပ်မက်များ

တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ ပန်းချီခန်း၌ ပန်းချီဖန်တီးနေသော ဝမ်ကျန့်စူးအား ၂၀၂၅ ခုနှစ် ဩဂုတ် ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ)
လွန်ခဲ့သည့် ၂၁ နှစ်က ဝမ်ကျန့်စူး၏ မိဘများသည် မျှော်လင့်ချက်များဖြင့် ၎င်းမွေးဖွားလာမည်ကို စောင့်ဆိုင်းနေခဲ့သည်။ အသက် ၃ နှစ်အရွယ်တွင် ဝမ်ကျန့်စူးက အခြားသောကလေးငယ်များနှင့်မတူသည့် အမူအရာပြခဲ့ပြီး အသက် ၅ နှစ်ရွယ်တွင် ၎င်းသည် အော်တစ်ဇင်ဖြစ်ကြောင်း အတည်ပြုခံခဲ့ရသည်။

၎င်း ပြန်လည်ကျန်းမာလာရေးအတွက် အထောက်အကူဖြစ်စေရန် မိဘများက စားပွဲတင်တင်းနစ်ကစားခြင်း၊ ရိုလာစကိတ်စီးခြင်း၊ တေးဂီတ စသည့် လေ့ကျင့်မှုများစွာ စမ်းသပ်ကြိုးပမ်းလုပ်ဆောင်ခဲ့ကြသည်။

ပန်းချီအနုပညာအတန်းတွင် ဝမ်ကျန့်စူးသည် အရောင်များအပေါ် အာရုံခံနိုင်စွမ်းကို ပြသခဲ့သည်။ ၎င်း ရွေးချယ်အသုံးပြုသော အရောင်များကို ကြည့်လျှင် အတင့်ရဲလွန်းသည်ဟု ထင်ရသော်လည်း တွဲဖက်လိုက်သည့်အခါတွင် တစ်မူထူးခြားစွာ၊ သဟဇာတရှိစွာ သက်သောင့်သက်သာဖြစ်ပြီး တီထွင်ဖန်တီးမှု စိတ်ကူးစိတ်သန်းများနှင့် ပြည့်နှက်နေပေသည်။ ဆရာဖြစ်သူက ထိုတွေ့ရှိမှုကို ဝမ်ကျန့်စူး၏ မိခင်အား ပြောပြလိုက်ပြီး ၎င်း၏ အနုပညာစွမ်းရည်ကို အဓိကထားပျိုးထောင်ပေးရန် အကြံပြုခဲ့သည်။

အစကနဦးတွင် မိခင်ဖြစ်သူက ၎င်းအတွက် ပန်းချီဆွဲ၍ အချိန်ကုန်ဆုံးစေရန်သာ မျှော်လင့်ထားသော်လည်း ကျန့်စူးက ပန်းချီကို နာရီနှင့်ချီ စိတ်ဝင်တစား ရေးဆွဲနိုင်ပြီး ဖန်တီးမှုများဖြင့် ဝမ်းပန်းတသာဖြစ်လာသည့်အခါတွင် ကခုန်သီဆိုရင်း ပန်းချီဆွဲတတ်သည်ကို တစ်စတစ်စ တွေ့ရှိလာခဲ့ရာ ၎င်း၏ ပန်းချီလက်ရာများကလည်း မိသားစုနှင့်ဆွေးနွေးပြောကြားနိုင်သည့် ပေါင်းကူးတံတား ဖြစ်လာခဲ့သည်။

ကျန့်စူး အသက် ၁၂ နှစ်အရွယ်တွင် မိခင်ဖြစ်သူက ၎င်း၏ ပန်းချီလက်ရာများကို ပြိုင်ပွဲဝင်ရန် ပေးပို့ခဲ့ရာ မမျှော်လင့်ဘဲ ဆုရရှိမှုကြောင့် ကျန့်စူးက တစ်ညလုံး အိပ်မပျော်နိုင်အောင်ပင် ဝမ်းသာစိတ်လှုပ်ရှားခဲ့သည်။ ထို့နောက် မိခင်ဖြစ်သူသည် ၎င်းအား ပြပွဲတွင် ပါဝင်ပြသ၊ ပန်းချီစာအုပ်လုပ်ရန် စတင်အားပေးခဲ့ရာ ကျန့်စူးသည်လည်း တဖြည်းဖြည်း စိတ်ကြည်လင်ပွင့်လင်းလာခဲ့သည်။

ယခုအခါ ဝမ်ကျန့်စူးဖန်တီးခဲ့သည့် ပန်းချီလက်ရာများမှာ စုစုပေါင်း ၂,၀၀၀ ခန့်ရှိပြီး ယင်းပန်းချီလက်ရာများသည် ပြည်ပနေရာအများအပြားရှိ ပန်းချီပြပွဲများတွင် ပါဝင်ပြသခဲ့ဖူးပေသည်။ ၎င်းသည် ၎င်း၏နည်းလမ်းဖြင့် ဘဝ၏ပန်းချီကားတွင် အများနှင့်မတူ တစ်မူထူးခြားသည့် တောက်ပမှုကို ရေးခြယ်လျက်ရှိပေသည်။ (Xinhua)


——————
(Chinese Version)
(新华视界)一名孤独症画家的色彩狂想曲
新华社照片,北京,2025年10月15日
21年前,王剑书的父母带着期盼迎来了他的降生。3岁时,剑书表现出与其他孩子的不同,5岁,他被确诊为孤独症。 为帮他康复,父母尝试了乒乓球、轮滑、音乐等多种训练。美术课上,王剑书展现出对色彩的敏感,他选用的颜色看似大胆碰撞,搭配在一起却格外和谐舒适,充满灵动创意。老师将这个发现告诉王剑书的母亲,建议着重培养他的艺术能力。 母亲最初仅希望绘画能帮他打发时间,可渐渐发现,剑书能专注作画数小时,创作到兴起时还会手舞足蹈、边画边唱,他的作品也成为了可以与家人沟通的桥梁。 剑书12岁时,母亲将他的作品送去参加比赛,意外获奖后,剑书兴奋得一夜未眠。此后,母亲开始支持他参展、做画册,剑书也在这个过程中慢慢打开心扉。 如今,王剑书已创作约2000幅作品,作品在海外多地参加过画展。他以自己的方式,在生命的画布上绘出了独一无二的精彩。
1. 8月8日,王剑书在北京的画室创作。新华社记者 卢烨 摄