Connect with us

China

ဂီတများမှ ကမ္ဘာလောကကြီးအား “တွေ့မြင်” လာသော တရုတ်နိုင်ငံ မျက်မမြင် ဂီတတူရိယာတီးခတ်သူ တာဝါချစ်ယန်

တရုတ်နိုင်ငံ ရှီးဇန့်ဒေသ လားဆမြို့၌ ယန်ချင်တူရိယာအား လေ့ကျင့်တီးခတ်နေသော တာဝါချစ်ယန်အား ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လားဆ၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ)
ယခုနှစ်တွင် အသက် ၂၆ နှစ်ရှိသည့် တာဝါချစ်ယန်သည် တရုတ်နိုင်ငံ ရှီးဇန့်ဒေသ၏ ပထမဆုံး မျက်မမြင်ဂီတအဖွဲ့ “ခါတာဂါပု” မှ ဂီတတူရိယာတီးခတ်သူတစ်ဦးဖြစ်သည်။ ငယ်စဉ်ကတည်းက မျက်စိအလင်းကွယ်ခဲ့သော်လည်း ၎င်းသည် ဂီတဖြင့် ကမ္ဘာကြီးကိုချိတ်ဆက်သော ပေါင်းကူးတံတား တည်ဆောက်ကာ သံစဉ်များကြားတွင် မိမိ၏ ကမ္ဘာငယ်လေးအား “တွေ့မြင်” လာခဲ့ပေသည်။
၂၀၀၉ ခုနှစ်တွင် အသက် ၁၀ နှစ်အရွယ် တာဝါချစ်ယန်သည် ရှီးဇန့်ဒေသ လားဆမြို့ရှိ မျက်မမြင်ကလေးများကျောင်း၌ စတင်တက်ရောက် ပညာသင်ကြားခဲ့သည်။ ၎င်းသည် စာကိုအပတ်တကုတ် ကြိုးစားသောကြောင့် တရုတ်ဘာသာစကား၊ ဇန့်ဘာသာစကားနှင့် အင်္ဂလိပ်ဘာသာစကားတို့ကို ကျွမ်းကျင်စွာ ပြောဆိုဆက်ဆံနိုင်သည်။
၂၀၁၄ ခုနှစ်တွင် တာဝါချစ်ယန်သည် မျက်မမြင်ကလေးများကျောင်းမှ ကျောင်းပြီး၍ သာမန်စာသင်ကျောင်း၌ ဆက်လက်ပညာသင်ကြားခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် ၎င်းသည် ခါတာဂါပု မျက်မမြင် ဂီတအဖွဲ့၌ ပါဝင်ကာ ပလွေ၊ ယန်ချန်တူရိယာတို့အား စနစ်တကျ စတင်လေ့လာသင်ယူခဲ့ပြီး ဇန့်လူမျိုး ရိုးရာဂီတသံစဉ်များ တီးခတ်ဖျော်ဖြေတင်ဆက်မှုတွင် အာရုံစိုက်လုပ်ဆောင်ခဲ့သည်။
အဆိုပါဂီတအဖွဲ့သည် ၂၀၁၄ ခုနှစ်၌ စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ခါတာဂါပုသည် ဇန့်ဘာသာစကားအရ ဖြူစင်သော ပဝါဟု အဓိပ္ပာယ်ရသည်။ တာဝါချစ်ယန်သည် ပလွေ၊ ယန်ချင် တူရိယာများ တီးခတ်သည့်အပြင် ဂီတအဖွဲ့၏ ပြင်ပဆက်သွယ်ရေးတာဝန်ကိုလည်း ထမ်းဆောင်နေရသည်။ ဖျော်ဖြေတင်ဆက်မှုအတွက် ချိတ်ဆက်မှု၊ ပူးပေါင်းဆောင်ရွက်ရန် ဆက်သွယ်မှု၊ ဖျော်ဖြေတင်ဆက်ရန် နေရာအတွက် ချိတ်ဆက်မှု … အားလုံးကို ၎င်းကျွမ်းကျင်နေပြီဖြစ်သည်။
ဂီတအဖွဲ့တွင် တာဝါချစ်ယန်သည် အလုပ်အကိုင်အတွက် ဦးတည်ချက်အား ရှာဖွေတွေ့ရှိခဲ့သည်သာမက အချစ်နှင့်လည်း တွေ့ဆုံခဲ့သည်။ ၎င်းသည် ဂီတအဖွဲ့ စတင်ထူထောင်သူ တာချုံ၏ ညီမဖြစ်သူ ဖုန်ချုံနှင့် မေတ္တာသက်ဝင်ခဲ့ပြီး လက်ထပ်ခဲ့ရာ ယခုအခါ ၎င်းသည် ကလေးနှစ်ဦး၏ဖခင် ဖြစ်နေပြီဖြစ်သည်။
၎င်းနှင့် ဂီတအဖွဲ့၏ အခြားအဖွဲ့ဝင်များ၊ မိသားစုဝင်များက လားဆမြို့ အရှေ့ဘက် မြို့ဆင်ခြေဖုံးရှိ ခြံဝန်းလေးတစ်ခုတွင် အတူငှားရမ်းနေထိုင်ကြရာ ထိုနေရာသည် နေအိမ်ဖြစ်သလို ၎င်းတို့ ဂီတအိပ်မက်ဖော်ဆောင်ရန်အတွက် လေ့ကျင့်ရေးနေရာလည်းဖြစ်ပေသည်။
“မျက်စိမမြင်ရလို့ ဘဝကိုစွန့်လွှတ်လိုက်မယ်ဆို ဒါက အကြီးမားဆုံး နောင်တရဝမ်းနည်းစရာဖြစ်ပါလိမ့်မယ်” ယင်းသည် ခါတာဂါပု ဂီတအဖွဲ့ အဖွဲ့ဝင်အားလုံး၏ တစ်ပြေးညီယုံကြည်မှုပင်ဖြစ်သည်။ နှစ်ပေါင်းများစွာ မလျှော့သောဇွဲဖြင့်ကြိုးပမ်းမှုကြောင့် ခါတာဂါပု မျက်မမြင် ဂီတအဖွဲ့သည် တဖြည်းဖြည်း အသိအမှတ်ပြုခြင်း ခံလာရသည်။ နှစ်စဉ်နွေရာသီတွင် ၎င်းတို့သည် မြို့ရွာများသို့ ၃ လကြာ သွားရောက်၍ လှည့်လည်ဖျော်ဖြေ တင်ဆက်မှုများဖြင့် အလုပ်များလေ့ရှိပြီး ပရိသတ်များ၏ အားပေးခြင်းခံခဲ့ရသည်။
“ကျွန်တော်တို့ နှစ်တိုင်း နေရာအများအပြားကို သွားပြီးဖျော်ဖြေတင်ဆက်တာကို စွဲစွဲမြဲမြဲ လုပ်ဆောင်တာကလည်း လက်တွေ့လှုပ်ရှားမှုနဲ့ ကျွန်တော်တို့လိုမျိုးသူတွေကို အားပေးချင်လို့ပါ” ဟု တာဝါချစ်ယန်က ပြောကြားခဲ့သည်။
ဖျော်ဖြေတင်ဆက်မှု အားလပ်ချိန်တွင် တာဝါချစ်ယန်နှင့် ဂီတအဖွဲ့ အဖွဲ့ဝင်များက မျက်မမြင်ဘာသာ စာအုပ်စာပေများအဖြစ် ပြောင်းလဲဘာသာပြန်ဆိုသည့် အလုပ်ကိုလည်း တာဝန်ယူထားပြီး ယနေ့တိုင် ဇန့်ဘာသာစကား စာအုပ်စာပေရာချီအား မျက်မမြင်ဘာသာဖြင့် ပြောင်းလဲဘာသာပြန်ဆိုမှုကို လုပ်ဆောင်ခဲ့ပြီးဖြစ်သည်။
အစိုးရနှင့် လူမှုအသိုက်အဝန်း၏ ကူညီမှုဖြင့် ၎င်းတို့သည် ကုမ္ပဏီထူထောင်၍ ဇန့်အမွှေးတိုင်နှင့် ငရုတ်သီးအနှစ်တို့ကို ကိုယ်တိုင်ပြုလုပ်ရောင်းချခြင်းဖြင့် အသုံးစရိတ်အတွက် ဖြည့်စွက်သောကြောင့် ဒေသတွင်း မျက်မမြင်သူများအုပ်စု လုပ်ငန်းထူထောင်မှု၏ စံနမူနာဖြစ်ခဲ့သည်။ ဖျော်ဖြေတင်ဆက်မှု အစီအစဉ်မရှိသည့်နေ့များတွင် ၎င်းတို့က နံနက်ပိုင်း၌ ထုတ်ကုန်များကို ရောင်းချပြီး ညနေပိုင်းတွင် တေးဂီတလေ့ကျင့်ရေးကို တစ်စိုက်မတ်မတ်လုပ်ဆောင်ကာ ညပိုင်း၌မူ ကလေးအားအဖော်ပြုပေးသောကြောင့် ဘဝသည် ရိုးစင်းသော်လည်း အဓိပ္ပာယ်ပြည့်ဝလှသည်။
ဂီတသည် တာဝါချစ်ယန်အတွက် ကျယ်ပြောသောကမ္ဘာကြီးကို ဖွင့်လှစ်ပေးလိုက်သည်။ ဖျော်ဖြေတင်ဆက်နေချိန်တွင် ၎င်းက နှင်းတောင်နှင့်ရေကန်များကို “တွေ့မြင်” နိုင်သလို၊ ဆိတ်ကျောင်းနေသည့် သက်ကြီးရွယ်အိုကိုလည်း “တွေ့မြင်” နိုင်ပြီး ကလေးငယ်များ ဆော့ကစားနေသည်ကိုလည်း “တွေ့မြင်” နိုင်သည်။
ထို့ပြင် ဂီတကလည်း ၎င်းကို အိပ်မက်အသစ်များ ပေးလိုက်ပေသည်။ “နောက်အခြေအနေပိုကောင်းလာရင် ဂီတထူးခြားချက်ရှိတဲ့ မူကြိုကျောင်းတစ်ကျောင်းဖွင့်ပြီး ကျွန်တော်တို့က ကလေးတွေကို သင်ပေးဖို့ မျှော်လင့်တယ်” ဟုလည်း တာဝါချစ်ယန်က ဆိုခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ ရှီးဇန့်ဒေသ လားဆမြို့၌ တာဝါချစ်ယန်အား (ဝဲဘက် ပထမ) နှင့် သမီးကြီး သန်းကျန်းချွီရင်း၊ ဇနီး ဖုန်ချုံတို့ ဝရန်တာ၌ထိုင်၍ စကားစမြည်ပြောနေသည်ကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

—————–
(Chinese Version)
盲人乐手达瓦次仁:在音乐中“看见”世界
新华社照片,拉萨,2025年10月15日
今年26岁的达瓦次仁是西藏首支盲人乐团“咔哒嘎布”的一名乐手。虽然自幼失明,但他用音乐搭建起与世界对话的桥梁,在旋律中“看见”了属于自己的天地。
2009年,10岁的达瓦次仁进入拉萨的盲童学校学习,他勤奋好学,能流利使用汉语、藏语和英语交流。2014年,达瓦次仁从盲童学校毕业,进入普通学校继续学业。2019年,他加入咔哒嘎布盲人乐团,开始系统学习笛子和扬琴,专注于演奏藏族传统音乐。
乐团成立于2014年,“咔哒嘎布”在藏语中意为“洁白的哈达”。达瓦次仁除了演奏笛子、扬琴,还承担着乐团的外联任务。接洽演出、联系合作、沟通场地……这些他都得心应手。
在乐团里,达瓦次仁不仅找到了事业方向,还遇见了爱情。他与乐团创始人达琼的妹妹朋琼相恋结婚,如今已是两个孩子的父亲。他们和乐团其他成员及家人一起,租住在拉萨东郊的一个小院里。这里既是家,也是他们追逐音乐梦想的排练场。
“如果因为眼睛看不到而辜负了生命,将是最大的遗憾。”这是“咔哒嘎布”全体成员一致的信念。经过多年不懈努力,咔哒嘎布盲人乐团渐渐赢得了认可。每年夏天他们都要忙碌三个多月走村串镇巡回演出,深受群众喜爱。“我们每年坚持到各地演出,也是想用实际行动鼓励和我们一样的人。”达瓦次仁说。
演出之余,达瓦次仁和乐团成员还义务承担了盲文书籍的转译工作,至今已完成上百本藏文书籍的盲文转译。在政府和社会的帮助下,他们成立了公司,自制藏香和辣椒酱,靠卖货来补贴开销,成为当地视障群体创业的典范。没有演出的日子里,他们上午售卖产品,下午专心排练,晚上陪伴孩子,生活简单而充实。
音乐为达瓦次仁打开了辽阔的天地。他说,在演奏时他能“看见”雪山圣湖,“看见”老人牧羊,“看见”孩童嬉戏。音乐也给了他新的梦想:“等以后条件越来越好了,希望能开一个有音乐特色的幼儿园,我们去教孩子们。”
1、10月11日,达瓦次仁在练习演奏扬琴。 新华社记者 张铖 摄
2、10月10日,达瓦次仁(左一)和大女儿丹增曲音、妻子朋琼在露台上聊天。新华社记者 张铖 摄