Connect with us

China

တရုတ်နိုင်ငံက တက်ကြွသောလှုပ်ရှားမှုဖြင့် ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာဖူလုံမှုအား စောင့်ရှောက်သွားမည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် လျင်ကျန့်အား အောက်တိုဘာ ၁၆ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ် (ဓာတ်ပုံ - တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန)

ပေကျင်း၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ)

အောက်တိုဘာ ၁၆ ရက်သည် ကမ္ဘာ့စားနပ်ရိက္ခာနေ့ဖြစ်သည်။
မိမိနိုင်ငံ၏ ထမင်းပန်းကန်အား တည်ငြိမ်စွာ ကိုင်ဆောင်ထားနိုင်မှုမှသည် ကမ္ဘာလုံးဆိုင်ရာ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးလုပ်ငန်းအား အားဖြည့်ပေးမှု လုပ်ဆောင်ချက်အထိ တရုတ်နိုင်ငံသည် တက်ကြွသော လှုပ်ရှားမှုများဖြင့် ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာဖူလုံမှုအား စောင့်ရှောက်ခဲ့ပြီး ကုလသမဂ္ဂ ၂၀၃၀ ပြည့်နှစ် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်များအား အရှိန်မြှင့် အကောင်အထည်ဖော်ရန်၊ ပိုမိုသာယာလှပသော ကမ္ဘာကြီး တည်ဆောက်ရန် မလျှော့သောဇွဲဖြင့် ဆက်လက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် လျင်ကျန့်က ထိုနေ့တွင်ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ယနေ့ (အောက်တိုဘာ ၁၆ ရက်) သည် ကမ္ဘာ့စားနပ်ရိက္ခာနေ့ဖြစ်ကြောင်း၊ မကြာသေးမီက ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့အစည်း (FAO) စသည်တို့က ထုတ်ပြန်သည့် ၂၀၂၅ ခုနှစ် “ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေးနှင့် အာဟာရအခြေအနေ” အစီရင်ခံစာတွင် ယမန်နှစ် တစ်ကမ္ဘာလုံး ငတ်မွတ်ခေါင်းပါးမှုလူဦးရေ အချိုးအဆသည် ၈.၂ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ရာ နှစ်အနည်းငယ်ဆက်တိုက် တည်ငြိမ်စွာကျဆင်းမှု အလားအလာကို ဆက်တိုက်ထိန်းထားနိုင်ကြောင်း၊ သို့သော် လူဦးရေ ၆၇၃ သန်း ခန့်သည် ငတ်မွတ်ခေါင်းပါးမှုမျဉ်းအနား၌ တည်ရှိနေဆဲဖြစ်ပြီး ကုလသမဂ္ဂ၏ ၂၀၃၀ ပြည့်နှစ် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်တွင် အဆိုပြုထားသည့် “ငတ်မွတ်ခေါင်းပါးမှု ကင်းစင်ခြင်း” မျှော်မှန်းချက်ရရှိရန် အလှမ်းဝေးနေဆဲဖြစ်သည်ဟု ထောက်ပြထားကြောင်း၊ ယင်းအပေါ် တရုတ်နိုင်ငံအနေဖြင့် မည်ကဲ့သို့ မှတ်ချက်ပြုလိုပါသနည်းဟု သတင်းထောက်က မေးမြန်းခဲ့သည်။
“စားနပ်ရိက္ခာဖူလုံမှုဟာ လူသားမျိုးနွယ် အသက်ရှင်နေထိုင်မှု အရင်းခံနဲ့ ဆက်စပ်နေပါတယ်” ဟု လျင်ကျန့်က ပြောကြားခဲ့သည်။

ကမ္ဘာ့အကြီးဆုံး စားနပ်ရိက္ခာထုတ်လုပ်မှု နိုင်ငံအနေဖြင့် တရုတ်နိုင်ငံသည် တစ်ကမ္ဘာလုံး၏ ၉ ရာခိုင်နှုန်းပင် မပြည့်သော စိုက်ပျိုးမြေဖြင့် လူဦးရေ သန်း ၁,၄၀၀ ကျော်ကို ကျွေးမွေးပျိုးထောင်နိုင်ခဲ့ကြောင်း၊ လတ်တလောနှစ်ပိုင်းတွင် စားနပ်ရိက္ခာ အထွေထွေထုတ်လုပ်နိုင်မှုစွမ်းရည် စဉ်ဆက်မပြတ်မြင့်တက်လာပြီး တစ်ကမ္ဘာလုံး၏ ကောက်ပဲသီးနှံ ၅ ပုံ ၁ ပုံသည် တရုတ်နိုင်ငံမှ ထုတ်လုပ်ခြင်းဖြစ်ရာ ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေး ထိန်းသိမ်းရန်အတွက် ထူးချွန်သော အကျိုးထမ်းဆောင်မှု လုပ်ဆောင်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာဖူလုံမှု အခြေအနေအား ကောင်းမွန်လာအောင် ဆောင်ရွက်ရန်၊ ကမ္ဘာကြီး ဆင်းရဲနွမ်းပါးမှု လျှော့ချရေးလုပ်ငန်းစဉ်အား အထောက်အကူပြုရန် အစဉ်တစိုက်ကြိုးပမ်းလျက်ရှိကြောင်း၊ သမ္မတ ရှီကျင့်ဖိန်က ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံ (GGI) အား အဆိုပြုရာတွင် စားနပ်ရိက္ခာဖူလုံမှုကို အဓိက ပူးပေါင်းဆောင်ရွက်မှုကဏ္ဍကြီး ၈ ရပ်အနက်တစ်ခုအဖြစ် ထားရှိထားကြောင်း လျင်ကျန့်က ပြောကြားခဲ့သည်။

မိမိတို့သည် ကိုယ်တိုင်ကြိုးပမ်းမှုဖြင့် ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) ၏ နည်းပညာအကူအညီ လက်ခံသည့်နိုင်ငံမှ အဓိကအကျိုးထမ်းဆောင်သူအဖြစ် ပြောင်းလဲလာခဲ့ရာ FAO အဖွဲ့အစည်း ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှု မူဘောင်အောက်တွင် အရင်းအနှီးဖြင့် ကူညီမှုအများဆုံး၊ စေလွှတ်သည့် ကျွမ်းကျင်ပညာရှင်အများဆုံး၊ ဖော်ဆောင်သည့် စီမံကိန်းအများဆုံး ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် နိုင်ငံနှင့်ဒေသပေါင်း ၁၄၀ ကျော်နှင့် စိုက်ပျိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု လုပ်ဆောင်၍ ဖွံ့ဖြိုးဆဲနိုင်ငံများထံသို့ စိုက်ပျိုးရေးနည်းပညာ ၁,၀၀၀ ကျော် မိတ်ဆက်ပေးခဲ့ပြီး စပ်မျိုးစပါး ကျွမ်းကျင်နည်းပညာ လူရည်ချွန်ပေါင်း ၁၄,၀၀၀ ကျော် လေ့ကျင့်ပျိုးထောင်ပေးခဲ့ရာ လက်တွေ့လှုပ်ရှားမှုဖြင့် ကမ္ဘာ့တောင်ဘက်ခြမ်း စားနပ်ရိက္ခာပြတ်လပ်မှု ပြဿနာအား ကူညီဖြေရှင်းပေးခဲ့ကာ ငတ်မွတ်ခေါင်းပါးမှု ပပျောက်ရေး၊ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး ဟူသည့် ကမ္ဘာလုံးဆိုင်ရာ မျှော်မှန်းချက်အား တဖြည်းဖြည်း လက်တွေ့အကောင်အထည်ပေါ်လာစေခဲ့ကြောင်း လျင်ကျန့်က ပြောကြားခဲ့သည်။ (Xinhua)
——————
(Chinese Version)
外交部:中国以积极行动守护全球粮食安全
新华社北京10月16日电(记者袁睿、温馨)10月16日是世界粮食日。外交部发言人林剑在当日例行记者会上表示,从端稳自家饭碗的底气到助力全球减贫事业的作为,中国以积极行动守护全球粮食安全,将继续为加快落实联合国2030年可持续发展目标、建设更加美好的世界作出不懈努力。
有记者问:今天是世界粮食日。不久前,联合国粮农组织等发布2025年《世界粮食安全和营养状况》报告指出,去年全球饥饿人口比例降低至8.2%,延续了近几年稳步下降的趋势,但仍有约6.73亿人挣扎在饥饿线上,距离联合国2030年可持续发展目标提出的“零饥饿”愿景还有很长的路要走。中方对此有何评论?
“粮食安全事关人类生存之本。”林剑说,作为世界第一大粮食生产国,中国以不足全球9%的耕地养育了14亿多人口,近年来粮食综合生产能力持续提升,全球每5斤谷物就有1斤多产自中国,为维护全球粮食安全作出卓著贡献。
林剑表示,中国始终致力于通过国际合作改善全球粮食安全状况、助力世界减贫进程。习近平主席提出全球发展倡议,将粮食安全作为八大重点合作领域之一。我们依靠自身努力,从联合国粮农组织的技术受援国转变为核心贡献者,是粮农组织南南合作框架下资金援助最多、派出专家最多、开展项目最多的发展中国家。中国同140多个国家和地区开展农业合作,向发展中国家推广1000多项农业技术,培训超过1.4万名杂交水稻专业技术人才,以实际行动助力解决全球南方粮食短缺问题,让消除饥饿、消除贫困的全球愿景逐渐变为现实。(完)