China
တရုတ်နိုင်ငံ ဟယ့်လန်တောင်ခြေရှိ မြို့လေးတွင် “ခရမ်းရောင်အိပ်မက်” များ အကောင်အထည်ဖော်နေ

ရင်ချွမ်း၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ)
ဟယ့်လန်တောင်ခြေရှိ တရုတ်နိုင်ငံ နင်းရှဒေသ ရင်ချွမ်းမြို့ ရုန်နင်ခရိုင် မင်နင်မြို့နယ်သည် ဖူကျန့်ပြည်နယ်နှင့် နင်းရှဒေသတို့၏ အမည်အတိုကောက်ဖြင့် အမည်ပေးထားသော မြို့နယ်လေးဖြစ်သည်။ ဤနေရာသည် ယခင်က “ကောင်းကင်ယံတွင် ပျံသန်းသော ငှက်မရှိ၊ ကျောက်တုံးလွှင့်အောင် လေတိုက်သော” သီးနှံမပေါက်နိုင်သော လွင်တီးခေါင်ဒေသဖြစ်ခဲ့ပြီး ယနေ့တွင်မူ ပြည်သူပေါင်း ၆၆,၀၀၀ မှီတင်းနေထိုင်ရာ အစိမ်းရောင်မိသားစုဥယျာဉ် ဖြစ်လာခဲ့သည်။
နင်းရှဒေသ၏ ရှီးဟိုင်ကုဒေသသည် “ပြိုင်စံရှား လွင်တီးခေါင်” ဟု အမည်ကျော်ကြားပြီး တောတောင်နက်ရှိုင်းပြီး လျှိုမြောင်နက်သည့်အပြင် မြေဆီလွှာချို့တဲ့သည်။ ၁၉၉၆ ခုနှစ်တွင် ဖူကျန့်ပြည်နယ်နှင့် နင်းရှဒေသတို့သည် ချိတ်ဆက်ကူညီမှုဆက်ဆံရေးအား အတည်ပြုခဲ့သည်။ “ရွာအုပ်စုလိုက် ရွှေ့ပြောင်းနေထိုင်မှု” ဟူသည့် အကြီးစား ရွှေ့ပြောင်းနေထိုင်မှု စီမံကိန်းအကောင်အထည်ဖော်မှုကြောင့် ရှီးဟိုင်ကုဒေသ တောတောင်နက်ထဲမှ ပြည်သူများကို ဟယ့်လန်တောင် အရှေ့ဘက်တောင်ခြေရှိ မြေလွတ်မြေရိုင်းဒေသသို့ ရွှေ့ပြောင်းလိုက်သည်။
ရွှေ့ပြောင်းနေထိုင်သူ ပြည်သူလူထုအား “တည်ငြိမ်၍ ချမ်းသာကြွယ်ဝနိုင်စေရန်” အလို့ငှာ မင်နင်မြို့နယ်သည် ဒေသအလိုက် မူဝါဒကျင့်သုံး၍ စပျစ်ဝိုင်လုပ်ငန်းအား အင်တိုက်အားတိုက် ဖော်ဆောင်ခဲ့ရာ အဆိုပါ သီးနှံမပေါက်ရောက်နိုင်သော လွင်တီးခေါင်ဒေသအတွက် အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှု ရှင်သန်စွမ်းအားများ သယ်ဆောင်လာပေးခဲ့သည်။
မင်နင်မြို့နယ်တည်ရှိရာ နင်းရှဒေသ ဟယ့်လန်တောင် အရှေ့ဘက်တောင်ခြေ စပျစ်ဝိုင် ထုတ်လုပ်ရေးဇုန်သည် မြောက်လတ္တီကျု ၃၈ ဒီဂရီဝန်းကျင်၌ တည်ရှိပြီး အရက်ချက်လုပ်သည့် စပျစ်သီးစိုက်ပျိုးရန်နှင့် အဆင့်မြင့် စပျစ်ဝိုင် ထုတ်လုပ်ရန်အတွက် သင့်လျော်သည်ဟု ဝိုင်အရက်လုပ်ငန်းလောကက အသိအမှတ်ပြုထားသော “ရွှေရောင်ဇုန်” များအနက်တစ်ခုဖြစ်သည်။
ရာသီဥတု၊ အရင်းအမြစ်၏ အားသာချက်တို့ကို အားထားကာ ၂၀၂၁ ခုနှစ်တွင် နင်းရှဒေသ အမျိုးသားစပျစ်သီးနှင့် စပျစ်ဝိုင် ထုတ်လုပ်ရေးလုပ်ငန်း တံခါးဖွင့် ဖွံ့ဖြိုးတိုးတက်မှု အထွေထွေစမ်းသပ်ဇုန်ကို မင်နင်မြို့နယ်၌ ဆိုင်းဘုတ်တင်ဖွင့်လှစ်ခဲ့သည်။ ၂၀၂၄ ခုနှစ် နှစ်ကုန်အထိ မင်နင်မြို့နယ်၏ အရက်ချက်လုပ်သည့် စပျစ်သီး စိုက်ပျိုးရေးဧရိယာသည် တရုတ်မူ (Mu) ၇၅,၀၀၀ ၊ တည်ဆောက်ပြီးသည့် စပျစ်ဝိုင် လုပ်ငန်းကုမ္ပဏီ ၁၃ ခု၊ တစ်နှစ်အတွင်း ထုတ်လုပ်နိုင်သည့် စပျစ်ဝိုင် တန်ချိန် ၂၆,၀၀၀ ၊ အထွေထွေလုပ်ငန်းထုတ်လုပ်မှုတန်ဖိုး ယွမ် ၃ ဘီလီယံရှိကြောင်း သိရသည်။
ခရမ်းရောင် စပျစ်သီးလေးများသည် ဒေသတွင်းရွှေ့ပြောင်းနေထိုင်သူများအတွက် ဝင်ငွေတိုး ကြွယ်ဝချမ်းသာစေသည့် “ခရမ်းရောင်အိပ်မက်” ဖြစ်လာလျက်ရှိပေသည်။ (Xinhua)

တရုတ်နိုင်ငံ နင်းရှဒေသ ရင်ချွမ်းမြို့ ရုန်နင်ခရိုင် မင်နင်မြို့နယ်ရှိ ဟယ့်လန် ဝိုင်အရက်ချက်စက်ရုံတွင် ဝန်ထမ်းများက အရက်ချက်လုပ်ရန် စပျစ်သီးများ ရွေးချယ်နေသည်ကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ နင်းရှဒေသ ရင်ချွမ်းမြို့ ရုန်နင်ခရိုင် မင်နင်မြို့နယ်ရှိ ဟယ့်လန် ဝိုင်အရက် မြည်းစမ်းရန်ခန်းမတွင် ဝန်ထမ်းက ခရီးသွားဧည့်သည်များအတွက် စပျစ်ဝိုင်အမျိုးမျိုး ပြင်ဆင်ထားသည်ကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
——————–
(Chinese Version)
宝藏之城|贺兰山下,这座小镇筑就“紫色梦想”
新华社照片,银川,2025年10月19日
位于贺兰山脚下的宁夏银川市永宁县闽宁镇,是一座由福建与宁夏两省区简称命名的小镇,这里曾是“天上无飞鸟,风吹石头跑”的不毛之地,如今却成为6.6万百姓安居乐业的绿色家园。
宁夏西海固曾有“苦瘠甲天下”之称,山大沟深、土地贫瘠。1996年,福建与宁夏确立对口帮扶关系。“吊庄移民”这一重大移民工程的实施,让西海固大山里的百姓搬迁到贺兰山东麓的未开垦之地。
为了移民群众“稳得住、能致富”,闽宁镇因地制宜,大力发展葡萄酒产业,为这片不毛之地带来了绿色的发展生机。闽宁镇所在的宁夏贺兰山东麓葡萄酒产区位于北纬38度左右,是业界公认适合种植酿酒葡萄和生产高端葡萄酒的“黄金地带”之一。依托气候、资源优势,2021年,宁夏国家葡萄及葡萄酒产业开放发展综合试验区在闽宁镇挂牌。截至2024年底,闽宁镇酿酒葡萄种植面积达7.5万亩,建成葡萄酒企业13家,年产葡萄酒2.6万吨,综合产值30亿元,紫色葡萄串成为当地移民增收致富的“紫色梦想”。
1、农户在银川市永宁县闽宁镇葡萄地里采摘酿酒葡萄(10月14日摄)。 新华社记者 杨植森 摄
2、工作人员在银川市永宁县闽宁镇的贺兰红酒庄拣选酿酒葡萄(10月14日摄)。新华社记者 杨植森 摄
3、工作人员在银川市永宁县闽宁镇贺兰红酒庄品鉴厅为游客准备各类葡萄酒(10月14日摄)。华社记者 王鹏 摄