China
ဂါဇာအရေးတွင် အမေရိကန် ဗီတိုအာဏာအလွဲသုံးသည့်အပေါ် တရုတ်နိုင်ငံက အလွန်စိတ်ပျက်ဝမ်းနည်းမိကြောင်း ပြောကြား

ကုလသမဂ္ဂ၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ)
အကယ်၍ အမေရိကန်က ဗီတိုအာဏာကို အကြိမ်ကြိမ်အသုံးမပြုခဲ့လျှင် ဂါဇာအကျပ်အတည်းအပေါ် လုံခြုံရေးကောင်စီ၏ ကိုင်တွယ်မှုက ဤမျှမကျေနပ်ဖွယ်ဖြစ်မည်မဟုတ်ကြောင်း၊ စက်တင်ဘာ ၁၈ ရက်တွင် လုံခြုံရေးကောင်စီ ဂါဇာအရေးဆုံးဖြတ်ချက်မူကြမ်းအား အမေရိကန် ဗီတိုအာဏာသုံးပယ်ချလိုက်သည့်အပေါ် တရုတ်နိုင်ငံအနေဖြင့် အလွန် စိတ်ပျက်ဝမ်းနည်းမိကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဖုချုံးက နိုဝင်ဘာ ၁ ရက် ကုလသမဂ္ဂအထွေထွေညီလာခံ ဗီတိုအာဏာအသုံးပြုမှုနှင့်စပ်လျဉ်းသည့်အစည်းအဝေးတွင် ပြောကြားခဲ့သည်။
ဂါဇာပဋိပက္ခပေါက်ကွဲဖြစ်ပွားပြီး ၂ နှစ်နီးပါးကြာတွင် ကြောက်မက်ဖွယ်ကောင်းသည့် အရပ်သားပြည်သူ သေဆုံးဒဏ်ရာရမှုနှင့် လူသားချင်းစာနာထောက်ထားမှုကပ်ဘေး ဖြစ်ပွားခဲ့ရာ လူ့အသိစိတ်နှင့် နိုင်ငံတကာ တရားဥပဒေစိုးမိုးရေးအောက်ခြေစည်းမျဉ်းကို ထိုးဖောက်ခဲ့ကြောင်း ဖုချုံးက ပြောကြားခဲ့သည်။ နိုင်ငံတကာအသိုက်အဝန်းက အပစ်ရပ်၊ တိုက်ပွဲရပ်ရေး တိုက်တွန်းသံများ သောင်ပြိုကမ်းပြို အစောကြီးကတည်းက ရှိနေပြီး လုံခြုံရေးကောင်စီက အကြိမ်ကြိမ် ကြိုးပမ်းခဲ့သော်လည်း အမေရိကန်၏ အတင်းအဓမ္မ တားဆီးမှုကို တစ်ကြိမ်ပြီးတစ်ကြိမ်ခံခဲ့ရကြောင်း၊ အကယ်၍ အမေရိကန်က အစ္စရေးအပေါ် အစဉ်အမြဲ တစ်ဖက်သတ်အကာအကွယ်ပေးခြင်းမရှိပါက လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်နှင့် နိုင်ငံတကာ ဥပဒေသည်လည်း ယခုကဲ့သို့ အထိန်းအကွပ်မဲ့ချိုးဖောက်ခံရမည် မဟုတ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
စစ်ရေးနည်းလမ်းသည် ပြဿနာဖြေရှင်းသည့် ထွက်လမ်းမဟုတ်သလို မိမိ၏လုံခြုံရေးသည် အခြားနိုင်ငံ၏ မလုံခြုံမှုပေါ်တွင် တည်ဆောက်၍မရသည်ကို သမိုင်းက အစောကြီးကတည်းက အကြိမ်ကြိမ်သက်သေပြပြီး ဖြစ်ကြောင်း ဖုချုံးက ထောက်ပြပြောကြားခဲ့သည်။
ဂါဇာရှိ စစ်ရေးလှုပ်ရှားမှု အားလုံး ချက်ချင်းရပ်တန့်ရန်၊ ဂါဇာစီးတီးအား လက်လွှဲယူမည့် အန္တရာယ်များသော အစီအစဉ်ကို ချက်ချင်းရပ်တန့်ရန် အစ္စရေးကို တရုတ်နိုင်ငံက တိုက်တွန်းကြောင်း ၎င်း ဆိုသည်။
လူလုပ်ဆောင်သည့် ပိတ်ဆို့မှုအောက်တွင် ဂါဇာသည် မကြုံစဖူး လူသားချင်းစာနာထောက်ထားမှုကပ်ဘေးများ ဖြစ်ပွားလျက်ရှိကြောင်း ဖုချုံးက ပြောကြားခဲ့သည်။ လူသားချင်းစာနာမှုဆိုင်ရာအထောက်အပံ့ပစ္စည်းများအား လက်နက်အသွင်ပြောင်းခြင်းကို လက်မခံသလို စစ်ရေးအသွင် အထောက်အပံ့ပစ္စည်းများ ခွဲဝေမှု ယန္တရားကို လက်မခံဘဲ အထောက်အပံ့ပစ္စည်းများ ရှာဖွေနေသည့် အရပ်သားပြည်သူများနှင့် လူသားချင်းစာနာမှုလုပ်ငန်း လုပ်ကိုင်နေသူများအပေါ် တိုက်ခိုက်ခြင်းကို လက်မခံကြောင်း၊ အစ္စရေးအနေဖြင့် သိမ်းပိုက်သူဘက်က အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေ တာဝန်ဝတ္တရားများကို ထမ်းဆောင်ရန်၊ လူသားချင်းစာနာထောက်ထားမှုအထောက်အပံ့ပစ္စည်းများအား ဘက်စုံပြန်လည်ဝင်ရောက်စေရန်၊ ကုလသမဂ္ဂစသည့် လူသားချင်းစာနာမှုအဖွဲ့အစည်းဌာနများ၏ ကူညီဆောင်ရွက်မှုများကို ထောက်ခံအားပေးရန် တရုတ်နိုင်ငံက ထပ်မံအလေးထားပြောကြားခဲ့သည်။
“နှစ်နိုင်ငံ ဖြေရှင်းမှု နည်းလမ်း” သည် ပါလက်စတိုင်းအရေး ဖြေရှင်းနိုင်သည့် တစ်ခုတည်းသောထွက်ပေါက် ဖြစ်ကြောင်း ဖုချုံးက အလေးထား ပြောကြားခဲ့သည်။
ဂါဇာနှင့် ဂျော်ဒန်မြစ်အနောက်ဖက်ကမ်းသည် ပါလက်စတိုင်း၏ ခွဲခြားမရသော နယ်မြေပိုင်နက် ဖြစ်ကြောင်း၊ မည်သည့် စစ်ပွဲအလွန် စီမံခန့်ခွဲမှုနှင့် ပြန်လည်တည်ဆောက်မှုအစီအစဉ်မဆို “ပါလက်စတိုင်းအား ပါလက်စတိုင်းသားများ စီမံအုပ်ချုပ်ရေး” အခြေခံမူကို မဖြစ်မနေ လက်ကိုင်ထားကာ ပါလက်စတိုင်းပြည်သူများ၏ သဘောဆန္ဒကို လေးစားရမည် ဖြစ်ကြောင်း၊ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ပို၍ကြီးမားသော ကြိုးပမ်းမှုများကို စုစည်းကာ ခိုင်မာ၍နောက်ပြန်မဆုတ်နိုင်သည့် “နှစ်နိုင်ငံ ဖြေရှင်းမှု နည်းလမ်း” ကို ဖော်ဆောင်သင့်ရာ “နှစ်နိုင်ငံ ဖြေရှင်းမှု နည်းလမ်း” အခြေခံကို တိုက်စားသည့် မည်သည့် တစ်ဖက်သတ်လှုပ်ရှားမှုကိုမဆို အခိုင်အမာ ငြင်းပယ်သင့်ပါကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတကာအသိုက်အဝန်းနှင့်အတူ ဂါဇာစစ်မီးပြေငြိမ်းရေး၊ လူသားချင်းစာနာမှုကပ်ဘေး ပြေလျော့ရေး၊ “နှစ်နိုင်ငံ ဖြေရှင်းမှု နည်းလမ်း” ဖော်ဆောင်ရေး၊ ပါလက်စတိုင်းအရေး ဘက်စုံတရားမျှတ၍ ရေရှည်ဖြေရှင်းမှုကို နောက်ဆုံးတွင် ဖော်ဆောင်နိုင်ရန် မဆုတ်မနစ်ကြိုးပမ်းအားထုတ်သွားမည် ဖြစ်ကြောင်း ဖုချုံးက ပြောကြားခဲ့သည်။ (Xinhua)
————————-
(Chinese Version)
中方对美国在加沙问题上滥用否决权深表失望和遗憾
新华社联合国10月1日电 中国常驻联合国代表傅聪1日在联合国大会关于否决权使用问题会议上发言说,如果不是美国一再滥用否决权,安理会对加沙危机的应对不会如此不尽人意。9月18日美国再次否决安理会加沙问题决议草案,中方对此深表失望和遗憾。
傅聪说,加沙冲突爆发已近两年,造成骇人听闻的平民伤亡和人道灾难,击穿人类良知和国际法治底线。国际社会早已形成停火止战的压倒性呼声,安理会一次次试图作出努力,却一次次被美国强行阻拦。如果不是美国对以色列的一味袒护,安理会决议和国际法不会遭到如此肆无忌惮的违反。
傅聪指出,历史早已反复证明,军事手段不是解决问题的出路,自身安全无法建立在他国的不安全之上。中方敦促以色列立即停止在加沙的一切军事行动,立即停止接管加沙城的危险计划。
傅聪说,在人为封锁下,加沙正在发生前所未有的人道灾难。中方重申,人道物资武器化不可接受,军事化物资分配机制不可接受,袭击寻找物资的平民和人道工作者不可接受。以色列必须履行占领方的国际人道法义务,全面恢复人道物资准入,支持联合国等人道机构开展援助。
傅聪强调,“两国方案”是解决巴勒斯坦问题的唯一可行出路。加沙和约旦河西岸都是巴勒斯坦不可分割的领土,任何战后治理和重建安排都必须坚持“巴人治巴”原则,尊重巴勒斯坦人民的意愿。国际社会应当汇聚更大努力,采取切实、不可逆行动落实“两国方案”,坚决拒绝任何侵蚀“两国方案”基础的单边行动。
傅聪说,中方愿同国际社会一道,为平息加沙战火、缓解人道灾难、落实“两国方案”、最终实现巴勒斯坦问题全面公正持久解决作出不懈努力。(完)
1. 9月18日,在加沙城以西的沿海公路上,人们运载着生活用品,汇入人潮向南撤离。新华社发(里泽克·阿卜杜勒贾瓦德摄)