Connect with us

China

တရုတ်နိုင်ငံ ဟောင်ကောင်-ကျူးဟိုင်-မကာအို တံတားကြီးအား ဖြတ်သန်းသွားလာသူ အကြိမ်ရေ ၉၃ သန်းကျော်ရှိလာ

တရုတ်နိုင်ငံ ဟောင်ကောင်-ကျူးဟိုင်-မကာအို တံတားကြီး ကျူးဟိုင်ကားလမ်း နယ်စပ်ဂိတ် စစ်ဆေးရေးဌာနအား ဖြတ်သန်းသွားရန် ပြင်ဆင်နေသည့် ယာဉ်များကို ၂၀၂၅ ခုနှစ်‌ အောက်တိုဘာ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ

ကွမ်ကျိုး၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဟောင်ကောင်-ကျူးဟိုင်-မကာအို တံတားကြီးအား ၂၀၁၈ ခုနှစ် အောက်တိုဘာလတွင် စတင်ဖွင့်လှစ်သည့်အချိန်မှစ၍ ယခုနှစ် အောက်တိုဘာ ၂၂ ရက်အထိ ဟောင်ကောင်-ကျူးဟိုင်-မကာအို တံတားကြီး ကားလမ်းနယ်စပ်ဂိတ်မှ ကွမ်တုန်း၊ ဟောင်ကောင်၊ မကာအို ဒေသသုံးခုသို့ ဖြတ်သန်းသွားလာသည့် ခရီးသွားဧည့်သည်များ အကြိမ်ရေသည် ၉၃.၃၄ သန်းကျော် ရှိလာပြီဖြစ်ပြီး စုစုပေါင်း ဖြတ်သန်းသွားလာသည့် ယာဉ်အကြိမ်မှာမူ ၁၉.၄၂ သန်းကျော် ရှိကြောင်း တရုတ်နိုင်ငံ ကွမ်တုန်းပြည်နယ် ကျူးဟိုင်မြို့ နယ်စပ်စစ်ဆေးရေးဌာနချုပ် ဟောင်ကောင်-ကျူးဟိုင်-မကာအို တံတားကြီး နယ်စပ်စစ်ဆေးရေးဂိတ်၏ အချက်အလက်များအရ သိရသည်။
လတ်တလောနှစ်များတွင် တရုတ်နိုင်ငံ ပြည်မကြီးမှ ဟောင်ကောင်၊ မကာအိုဒေသသို့ “တစ်ဦးချင်း ခရီးသွားလာမှု” မြို့ပြများ စဉ်ဆက်မပြတ် တိုးချဲ့လာပြီး ဟောင်ကောင်၊ မကာအိုဒေသသို့ သွားရောက် ခရီးလည်ပတ်မှုအတွက် “ဗီဇာတစ်ခုတည်းဖြင့် တစ်နှစ်အတွင်း ဟောင်ကောင်နှင့် မကာအိုဒေသသို့ အကြိမ်များစွာ သွားလာနိုင်မှု” ၊ “ရက်သတ္တပတ် တစ်ပတ်လျှင် ဟောင်ကောင်ဒေသသို့ တစ်ကြိမ် သွားရောက်နိုင်မှု” မူဝါဒများ အကောင်အထည်ဖော်လာသည်နှင့်အမျှ ဟောင်ကောင်-ကျူးဟိုင်-မကာအို တံတားကြီးကို အားထား၍ ဖန်တီးထားသည့် မြို့ဖြတ်ကျော် ခရီးသွားအစီအစဉ်ကောင်းများသည် လူကြိုက်များလာခဲ့သလို ပြည်မကြီးနေပြည်သူများ ဟောင်ကောင်နှင့် မကာအိုသို့ သွားရောက်၍ အပန်းဖြေမှု၊ လည်ပတ်ဖလှယ်မှု အကြိမ်ရေသည် သိသိသာသာ တိုးတက်လာခဲ့သည်။
၂၀၂၃ ခုနှစ်တွင် “မကာအိုမှကားများ ကွမ်တုန်းပြည်နယ်သို့ ဝင်ရောက်နိုင်မှု” ၊ “ဟောင်ကောင်မှကားများ ကွမ်တုန်းပြည်နယ်သို့ ဝင်ရောက်နိုင်မှု” မူဝါဒကို တရားဝင်စတင်ကျင့်သုံးပြီးနောက် “ကွမ်တုန်းပြည်နယ်သို့ ဝင်ရောက်လာမှု” အထူးသဖြင့် ကိုယ်ပိုင်ကားဖြင့် “ကွမ်တုန်းပြည်နယ်သို့ ဝင်ရောက်သည့်” ဟောင်ကောင်၊ မကာအိုဒေသနေ ပြည်သူများပမာဏသည် အများအပြား တိုးပွားလာခဲ့ကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ ဟောင်ကောင်-ကျူးဟိုင်-မကာအို တံတားကြီး ဝင်ပေါက်အား ၂၀၂၅ ခုနှစ်‌ အောက်တိုဘာ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

————————————————————————————–
(Chinese Version)
港珠澳大桥客流量超9300万人次
新华社照片,广州,2025年10月22日
来自珠海边检总站港珠澳大桥边检站的数据显示,自2018年10月港珠澳大桥正式开通以来,截至今年10月22日,港珠澳大桥珠海公路口岸往来粤港澳三地的旅客数量已超过9334万人次,车辆累计超过1942万辆次。
近年来,随着内地赴港澳“个人游”城市持续扩容及赴港澳旅游“一签多行”“一周一行”政策落地实施,依托港珠澳大桥打造的跨城精品旅游线路广受欢迎,内地居民赴港澳休闲娱乐、参观交流数量明显增多。2023年“澳车北上”“港车北上”政策正式落地实施后,“北上”尤其自驾“北上”港澳居民数量出现大幅增长。
1、车辆准备通过港珠澳大桥珠海公路口岸边检站(10月19日摄,无人机照片)。新华社记者 邓华 摄
2、这是10月19日拍摄的港珠澳大桥入口(无人机照片)。 新华社记者 邓华 摄