China
တရုတ်-ဂျပန် ဆက်ဆံရေးတွင် တရုတ်နိုင်ငံ၏ အခြေခံရပ်တည်ချက်မှာ တစ်သမတ်တည်းဖြစ်ပြီး တိကျပြတ်သားကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို

ပေကျင်း၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ)
တရုတ်-ဂျပန် ဆက်ဆံရေးတွင် တရုတ်နိုင်ငံ၏ အခြေခံရပ်တည်ချက်မှာ တစ်သမတ်တည်းဖြစ်ပြီး တိကျပြတ်သားမှုရှိရာ ဂျပန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် ဦးတည်ချက်တူ လျှောက်လှမ်းရန် မျှော်လင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းက အောက်တိုဘာ ၂၁ ရက်တွင် ပြောကြားခဲ့သည်။
ဂျပန်နိုင်ငံ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဆာနာအဲ တာကာအိချိသည် မကြာသေးမီကပင် ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံရကြောင်း၊ ထို့အပေါ် နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် မည်သို့မှတ်ချက်ပြုလိုပါသနည်း၊ တရုတ်နိုင်ငံအနေဖြင့် ၎င်းအပေါ် မည်သို့မျှော်လင့်ပါသနည်း၊ ဂျပန်-တရုတ်ဆက်ဆံရေးအပေါ် မည်သို့သက်ရောက်မှုရှိပါသနည်း ဟု ယင်းနေ့ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက မေးမြန်းခဲ့သည်။
“သက်ဆိုင်ရာ ရွေးကောက်ပွဲရလဒ်တွေကို ကျွန်တော်တို့ သတိပြုမိပါတယ်၊ ဒါက ဂျပန်နိုင်ငံရဲ့ ပြည်တွင်းရေးကိစ္စပါ” ဟူ၍ ကောကျားခွန်းက ဆိုခဲ့သည်။ ဂျပန်-တရုတ်နှစ်နိုင်ငံသည် အပြန်အလှန်အားဖြင့် အိမ်နီးချင်းနိုင်ငံများဖြစ်ကြောင်း၊ တရုတ်-ဂျပန် ဆက်ဆံရေးတွင် တရုတ်နိုင်ငံ၏ အခြေခံရပ်တည်ချက်မှာ တစ်သမတ်တည်းဖြစ်ပြီး တိကျပြတ်သားမှုရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
“ဂျပန်နိုင်ငံအနေနဲ့ တရုတ်နိုင်ငံနဲ့ ဦးတည်ချက်တူ လျှောက်လှမ်းကာ တရုတ်-ဂျပန် နိုင်ငံရေးစာတမ်း ၄ စောင်မှ အခြေခံမူအသီးသီးကို လိုက်နာစောင့်ထိန်းဖို့၊ သမိုင်းကြောင်း၊ ထိုင်ဝမ် စတဲ့ အရေးကြီးကိစ္စရပ်တွေမှာ နိုင်ငံရေးကတိကဝတ်များကို တည်မြဲစေဖို့၊ နှစ်ဖက်ဆက်ဆံရေးရဲ့ နိုင်ငံရေးအခြေခံအုတ်မြစ်ကို ထိန်းသိမ်းကာ တရုတ်-ဂျပန် မဟာဗျူဟာ အပြန်အလှန်အကျိုးရှိသော ဆက်ဆံရေးကို ကျယ်ကျယ်ပြန့်ပြန့်မြှင့်တင်ဖို့ မျှော်လင့်ပါတယ်” ဟု ကောကျားခွန်းက ပြောကြားခဲ့သည်။ (Xinhua)
…………………….
(Chinese Version)
外交部:中方在中日关系上的基本立场是一贯和明确的
新华社北京10月21日电(记者董雪、邵艺博)外交部发言人郭嘉昆21日表示,中方在中日关系上的基本立场是一贯和明确的,希望日方同中方相向而行。
当日例行记者会上,有记者问:日本自民党总裁高市早苗刚刚当选首相,外交部对此有何评论?中方对她有何期待?对日中关系会有何影响?
“我们注意到有关选举结果,这是日本内部事务。”郭嘉昆表示,中日两国互为近邻。中方在中日关系上的基本立场是一贯和明确的。
“希望日方同中方相向而行,恪守中日四个政治文件各项原则,信守在历史、台湾等重大问题上的政治承诺,维护双边关系政治基础,全面推进中日战略互惠关系。”郭嘉昆说。(完)