China
တရုတ်-အမေရိကန် စီးပွားကုန်သွယ်ရေး သက်ဆိုင်ရာမေးခွန်းနှင့်စပ်လျဉ်း၍ မေးမြန်းမှုကို တရုတ်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဖြေကြား

ပေကျင်း၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ)
တရုတ်-အမေရိကန် နှစ်ဦးနှစ်ဖက် ဆွေးနွေးညှိနှိုင်းဆုံးဖြတ်မှုအရ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံတော်ကောင်စီ ဒုတိယဝန်ကြီးချုပ် ဟယ်လိဖုန်းသည် အမေရိကန်နှင့် စီးပွားကုန်သွယ်ရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုလုပ်ဆောင်ရန် ကိုယ်စားလှယ်အဖွဲ့အား ဦးဆောင်၍ အောက်တိုဘာ ၂၄ ရက်မှ ၂၇ ရက်အထိ မလေးရှားနိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း၊ နှစ်ဖက်အနေဖြင့် ယခုနှစ်အတွင်း နှစ်နိုင်ငံခေါင်းဆောင်များ၏ ဖုန်းဖြင့်ဆက်သွယ်မှုများတွင် ရရှိထားသော သဘောတူညီချက်များအရ တရုတ်-အမေရိကန် စီးပွားကုန်သွယ်မှု ဆက်ဆံရေးတွင် အရေးကြီး အရေးကိစ္စများနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း တရုတ်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က အောက်တိုဘာ ၂၃ ရက်တွင် ပြောကြားခဲ့သည်။
လတ်တလောရက်ပိုင်းတွင် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဒုတိယဝန်ကြီးချုပ် ဟယ်လိဖုန်းသည် အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Scott Bessent ၊ ကုန်သွယ်ရေးကိုယ်စားလှယ် Jamieson Greer တို့နှင့် ဗီဒီယိုဖြင့် ဆက်သွယ်ပြောကြားခဲ့ရာ နှစ်ဖက်က အသစ်တစ်ကြိမ် တရုတ်-အမေရိကန် စီးပွားကုန်သွယ်ရေး ဆွေးနွေးညှိနှိုင်းမှုအား အစောဆုံး ကျင်းပရန် သဘောတူညီခဲ့ကြောင်း၊ တရုတ်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် တစ်ဆင့်တိုး သတင်းအချက်အလက်ရှိ၊ မရှိ အား သတင်းထောက်က မေးမြန်းခဲ့ရာ တရုတ်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က အထက်ပါအတိုင်း တုံ့ပြန်ဖြေကြားခဲ့ခြင်းဖြစ်သည်။ (Xinhua)
——————–
(Chinese Version)
商务部新闻发言人就中美经贸磋商有关问题答记者问
新华社北京10月23日电 商务部新闻发言人23日表示,经中美双方商定,中共中央政治局委员、国务院副总理何立峰将于10月24日至27日率团赴马来西亚与美方举行经贸磋商。双方将按照今年以来两国元首历次通话重要共识,就中美经贸关系中的重要问题进行磋商。
有记者问:近日,中国国务院副总理何立峰与美国财政部长贝森特和贸易代表格里尔进行视频通话,双方同意尽快举行新一轮中美经贸磋商,请问商务部是否有进一步消息?商务部新闻发言人对此作出上述回应。(完)
图说:当地时间9月15日,中美双方在西班牙马德里就有关经贸问题举行的会谈进入第二天。 图为9月14日双方在进行会谈。 新华社记者 邢广利 摄