Connect with us

China

တရုတ်နိုင်ငံအနေဖြင့် ပါလက်စတိုင်းပြည်သူများ၏ တရားမျှတမှုလုပ်ငန်းအား အစဉ်အမြဲ ခိုင်မာစွာ ထောက်ခံအားပေးကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို

အီဂျစ်နိုင်ငံ လခြမ်းနီအသင်း (ARCS) ဝန်ထမ်းများ၏ စောင့်ကြပ်မှုဖြင့် ရာဖာနယ်စပ်ဂိတ် အီဂျစ်နိုင်ငံဘက်ခြမ်းမှ ဂါဇာဒေသသို့ လူသားချင်းစာနာထောက်ထားမှု ကူညီရေးပစ္စည်းများ သယ်ဆောင်လာသော ကုန်တင်ကား မောင်းနှင်သွားသည်ကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံအနေဖြင့် တရားမျှတမှုနှင့် သမာသမတ်ကျမှုအား အစဉ်အမြဲလက်ကိုင်ထားပြီး ပါလက်စတိုင်းပြည်သူများ၏ တရားမျှတမှုလုပ်ငန်းအား အစဉ်အ‌မြဲ ခိုင်မာစွာ ထောက်ခံအားပေးကြောင်း၊ နိုင်ငံတကာအသိုင်းအဝိုင်းက ကုလသမဂ္ဂ နိုင်ငံတကာ တရားရုံး (ICJ) ၏ သဘောထားအကြံပြုချက်အား လမ်းညွှန်ချက်အဖြစ် ထားရှိကာ ပါလက်စတိုင်း လူသားချင်းစာနာထောက်ထားမှု အန္တရာယ် ထိရောက်စွာ ပြေလျော့ရေးအား လုပ်ဆောင်ပေးရန် မျှော်လင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကောကျားခွန်းက အောက်တိုဘာ ၂၃ ရက်တွင် ပြောကြားခဲ့သည်။
ICJ သည် အောက်တိုဘာ ၂၂ ရက်တွင် ပါလက်စတိုင်း လူသားချင်းစာနာထောက်ထားမှု အကူအညီအမှုနှင့်စပ်လျဉ်း၍ သဘောထားအကြံပြုချက် ထုတ်ပြန်ခဲ့ရာ အစ္စရေးသည် သိမ်းပိုက်သူဘက်နှင့် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံအနေဖြင့် ပါလက်စတိုင်း၏ သိမ်းပိုက်ခံရသောနယ်မြေရှိ ပြည်သူများ၏ အခြေခံလူနေမှုဘဝ လိုအပ်ချက် စသည်တို့အား အာမခံပေးရန် တာဝန်ရှိသည်ဟု သတ်မှတ်ခဲ့ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ယင်းအပေါ် မည်ကဲ့သို့ မှတ်ချက်ပြုလိုသနည်းဟု သတင်းထောက်က ထိုနေ့သတင်းစာရှင်းလင်းပွဲတွင် မေးမြန်းခဲ့သည်။
ကောကျားခွန်းက ICJ သည် ပါလက်စတိုင်း လူသားချင်းစာနာထောက်ထားမှု အကူအညီ အမှုနှင့်စပ်လျဉ်း၍ သဘောထားအကြံပြုချက် ထုတ်ပြန်ခဲ့ရာ ပါလက်စတိုင်း သိမ်းပိုက်ခံရသော နယ်မြေတွင် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ရရှိရေးကို အာမခံနိုင်ရန် အစ္စရေးအနေဖြင့် ကုလသမဂ္ဂနှင့် ၎င်း၏အဖွဲ့အစည်းများ စသည်တို့နှင့် ပူးပေါင်းဆောင်ရွက်ရန် တာဝန်ရှိသည်ဟု အတိအလင်း သတ်မှတ်၍ နိုင်ငံတကာအသိုင်းအဝိုင်း၏ ကျယ်ကျယ်ပြန့်ပြန့်ဂရုပြုမှုနှင့် မျှော်လင့်မှုများကို တုံ့ပြန်ခဲ့ကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် တာဝန်ယူမှုရှိသော နိုင်ငံကြီးအနေဖြင့် ICJ ၏ စီရင်မှုဖြစ်စဉ်တွင် တက်ကြွစွာ ပါဝင်၍ စာအားဖြင့် အကြံပြုချက်များ တင်ပြခြင်း၊ ခုံရုံးတက်ရောက်၍ နှုတ်အားဖြင့် တင်ပြပြောဆိုမှုများ လုပ်ဆောင်ခြင်းဖြင့် အရေးကြီးနိုင်ငံတကာဥပဒေ အရေးကိစ္စများအပေါ် ရပ်တည်ချက်အား ဘက်စုံရှင်းလင်းတင်ပြခဲ့ကြောင်း၊ အဆိုပါရပ်တည်ချက်များကိုလည်း ICJ က ထုတ်ပြန်သည့် သဘောထားအကြံပြုချက်များတွင် အပြည့်အဝထင်ဟပ်နေပြီဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတကာ တရားဥပဒေရေးရာများတွင် ဆက်လက် အပြုသဘောကဏ္ဍမှပါဝင်ပြီး လက်တွေ့လှုပ်ရှားမှုဖြင့် နိုင်ငံတကာ တရားမျှတမှု၊ သမာသမတ်ကျမှုအား ထိန်းသိမ်းကာ နိုင်ငံတကာ တရားဥပဒေစိုးမိုးရေး တိုးတက်မှုအား မြှင့်တင်သွားမည်ဖြစ်ကြောင်း ကောကျားခွန်းက ပြောကြားခဲ့သည်။
“ပါလက်စတိုင်းအရေးကိစ္စမှာ တရုတ်နိုင်ငံရဲ့ ရပ်တည်ချက်က အစဉ်အမြဲ တစ်သမတ်တည်းဖြစ်ပါတယ်။ ကျွန်တော်တို့က တရားမျှတမှုနဲ့ သမာသမတ်ကျမှုကို အရင်းခံပြီး ပါလက်စတိုင်းပြည်သူများ တရားမျှတမှုလုပ်ငန်းကို အစဉ်အမြဲ ခိုင်မာစွာ ထောက်ခံအားပေးပါတယ်” ဟု ကောကျားခွန်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းက ICJ ၏ သဘောထား အကြံပြုချက်အား လမ်းညွှန်ချက်အဖြစ် ထားရှိကာ ပါလက်စတိုင်း လူသားချင်းစာနာထောက်ထားမှု အန္တရာယ် ထိရောက်စွာ ပြေလျော့ရေးအား လုပ်ဆောင်၍ ပါလက်စတိုင်းအရေးကိစ္စအား ဆောလျင်စွာ ဘက်စုံထောင့်စုံ တရားမျှတစွာ၊ စဉ်ဆက်မပြတ် ဖြေရှင်းမှုကို တွန်းအားပေးရန်အတွက် မလျှော့သောဇွဲဖြင့် ကြိုးပမ်းသွားရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

ဂါဇာဒေသ ဂါဇာမြို့၌ ကူညီရေးပစ္စည်းများ ရယူနေသည့် ပါလက်စတိုင်း ကလေးငယ်များကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

—————–
(Chinese Version)
外交部:中方始终坚定支持巴勒斯坦人民正义事业
新华社北京10月23日电(记者邵艺博、马卓言)外交部发言人郭嘉昆23日表示,中方始终秉持公道正义,始终坚定支持巴勒斯坦人民正义事业,期待国际社会以国际法院咨询意见为指导,有效缓解巴勒斯坦人道危机。
当日例行记者会上,有记者问:10月22日,国际法院就巴勒斯坦人道援助案发表咨询意见,认定以色列作为占领方和联合国成员国,有义务保障巴被占领土人民的基本生活需要等。中方对此有何评论?
郭嘉昆说,国际法院就巴勒斯坦人道援助案发表咨询意见,明确认定以色列有义务同联合国及其机构等开展合作,确保巴勒斯坦被占领土获得人道援助,回应了国际社会普遍关切和期待。
郭嘉昆说,中国作为负责任大国,积极参与法院审理过程,提交书面意见并出庭作口头陈述,全面阐述对重要国际法问题的立场。这些立场已经充分体现在法院发表的咨询意见中。中方将继续建设性参与国际法律事务,以实际行动维护国际公平正义,促进国际法治进步。
“在巴勒斯坦问题上,中方的立场是一贯的、明确的。我们始终秉持公道正义,始终坚定支持巴勒斯坦人民正义事业。”郭嘉昆表示,中方期待国际社会以国际法院咨询意见为指导,有效缓解巴勒斯坦人道危机,为推动巴勒斯坦问题早日实现全面、公正、持久解决作出不懈努力。(完)
1、10月12日,载有人道主义援助物资的卡车在埃及红新月会工作人员的监督下从拉法口岸埃及一侧驶向加沙。新华社发(阿里·穆斯塔法摄)
2、2024年12月27日,巴勒斯坦儿童在加沙城领取救济食物。 新华社发(马哈茂德·扎基摄)