Connect with us

China

ကုလသမဂ္ဂပြုပြင်ပြောင်းလဲရေးတွင် ဆက်နွှယ်မှုကဏ္ဍ လေးရပ်ကို ကောင်းမွန်စွာ ကိုင်တွယ်စီမံရန် တရုတ်ကိုယ်စားလှယ်ပြောကြား

အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ် ပြင်ပမြင်ကွင်းအား ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ ဒုတိယ အမြဲတမ်းကိုယ်စားလှယ် စွန်းလေက အောက်တိုဘာ ၂၃ ရက် “ကုလသမဂ္ဂ နှစ် ၈၀ ပြည့် ပြုပြင်ပြောင်းလဲရေးအစီအမံ” (UN80) အထူးလုပ်ငန်းအဖွဲ့ “လုပ်ပိုင်ခွင့်ပေးအပ်မှု ရေးဆွဲသတ်မှတ်ရေး” ဆွေးနွေးပွဲ၌ ပါဝင်ဆွေးနွေးရာတွင် လက်ရှိ UN80 ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် သုံးခုသည် ပေါင်းစည်းသည့်အလားအလာတွင် ရှိကြောင်း၊ ပြုပြင်ပြောင်းလဲရေးသည် အခင်းအကျင်းတစ်ရပ်လုံးကို ထည့်သွင်းစဉ်းစားပြီး လုပ်ပိုင်ခွင့်ပေးအပ်မှု ရေးဆွဲသတ်မှတ်ရေးနှင့် ပေါင်းစပ်ရမည် ဖြစ်ရာ တရုတ်နိုင်ငံအနေဖြင့် ဆက်ဆံရေးကဏ္ဍ လေးရပ်ကို ကောင်းမွန်စွာ ကိုင်တွယ်စီမံရမည်ဟု ယူဆကြောင်း ပြောကြားခဲ့သည်။

ကျစ်လစ်ခိုင်မာအောင် ဆောင်ရွက်ခြင်းနှင့် အရည်အသွေးမြှင့် ထိရောက်အောင် ဆောင်ရွက်ခြင်း၏ ဆက်နွှယ်မှုကို ကောင်းမွန်စွာ ကိုင်တွယ်စီမံရမည် ဖြစ်ကြောင်း စွန်းလေက ပြောကြားခဲ့သည်။ UN80 ပြုပြင်ပြောင်းလဲရေး ရည်မှန်းချက်သည် ကုလသမဂ္ဂကို ပမာဏသေးငယ်သွားအောင် လုပ်ဆောင်ခြင်းမဟုတ်ဘဲ ကုလသမဂ္ဂကို ပို၍ ထိရောက်မှု၊ သွက်လက်မှုမြန်ဆန်မှု၊ ကြံ့ကြံ့ခံမှု ရှိအောင် ဆောင်ရွက်ကာ အဖွဲ့ဝင်နိုင်ငံများအတွက် ပို၍ အရည်အသွေးကောင်းမွန်သော၊ ထိရောက်မှုမြင့်မားသော၊ တိုက်ရိုက်ဖြစ်သော ထောက်ခံအားပေးမှုနှင့် ဝန်ဆောင်မှု ပံ့ပိုးပေးရန် ဖြစ်ကြောင်း၊ ကုလသမဂ္ဂက မလိုအပ်သော အဖန်တလဲလဲလုပ်ဆောင်ရသည့် အကြောင်းအရာများကို ဖယ်ရှားသည့် တစ်ချိန်တည်းတွင်ပင် အဖွဲ့ဝင်နိုင်ငံများ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ လိုအပ်ချက်အရ အဓိကဏ္ဍများ၌ ရင်းနှီးမြှုပ်နှံပါဝင်မှုများကို တိုးချဲ့ကာ မဏ္ဍိုင်သုံးရပ် ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးရမည်ဖြစ်ကြောင်း၊ အလားတူပင် လုပ်ပိုင်ခွင့်ပေးအပ်မှု ပြုပြင်ပြောင်းလဲခြင်းသည် လုပ်ပိုင်ခွင့်ပေးအပ်မှုကို လျှော့ချခြင်းမဟုတ်သလို လုပ်ပိုင်ခွင့် စာရွက်စာတမ်း၊ အစီရင်ခံစာနှင့်အစည်းအဝေးများကို မျက်စိစုံမှိတ်ကာ ကျစ်လစ်အောင် ဆောင်ရွက်၍မရကြောင်း၊ လက်တွေ့ထိရောက်မှုရှုထောင့်မှ နက်ရှိုင်းစွာ သုံးသပ်စိစစ်ကာ တိကျစွာ လုပ်ဆောင်ခြင်း၊ အရင်းအမြစ်များကို ထိရောက်မှုအကြီးမားဆုံးဖြစ်အောင် ဆောင်ရွက်ကာ ကုလသမဂ္ဂ၏ ဩဇာအရှိန်အဝါကို တိုးချဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အဖွဲ့ဝင်နိုင်ငံများနှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံး၏ ဆက်နွှယ်မှုကို ကောင်းမွန်စွာ ကိုင်တွယ်စီမံရမည် ဖြစ်ကြောင်း စွန်းလေက ထောက်ပြခဲ့သည်။ လုပ်ပိုင်ခွင့်ပေးအပ်မှု ရေးဆွဲသတ်မှတ်ခြင်းသည် အဖွဲ့ဝင်နိုင်ငံများ၏ အထူးအခွင့်အရေး ဖြစ်ရုံသာမက အဖွဲ့ဝင်နိုင်ငံများ၏ တာဝန်ဝတ္တရားပို၍ပင်ဖြစ်ကြောင်း၊ လုပ်ပိုင်ခွင့်ပေးအပ်မှု ပြုပြင်ပြောင်းလဲခြင်းသည် အဖွဲ့ဝင်နိုင်ငံများက ပင်မ တာဝန်ကို ဖော်ဆောင်ရန် လိုအပ်ရာ အရင်းခံမှ ကောင်းမွန်စွာ ကိုင်တွယ်စီမံရမည် ဖြစ်ကြောင်း၊ တစ်ချိန်တည်းတွင် အတွင်းရေးမှူးချုပ်ရုံးသည် ပံ့ပိုးအားပေးမှုကို တိုးချဲ့ရမည် ဖြစ်ကြောင်း၊ အတွင်းရေးမှူးချုပ်ရုံးဝန်ထမ်းများက လုပ်ငန်းပိုင်းဆိုင်ရာများနှင့် ရင်းနှီးကျွမ်းဝင်ရမည်ဖြစ်ပြီး သက်ဆိုင်ရာကဏ္ဍ ဗဟုသုတများကို ပိုင်ပိုင်နိုင်နိုင်ရှိကာ အဖွဲ့ဝင်နိုင်ငံများအတွက် ဘက်စုံပံ့ပိုးပေးရမည်ဖြစ်ကြောင်း၊ အတွင်းရေးမှူးချုပ်ရုံးရှိ ဌာနနှင့် အဖွဲ့အစည်းအသီးသီးအကြား အတားအဆီးများကို ဖောက်ထွက်ကာ ညှိနှိုင်းဆွေးနွေးမှုများကို မြှင့်တင်ရမည်ဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံများနှင့် ညှိနှိုင်းဆွေးနွေးမှုကို တိုးချဲ့ကာ ကြိုတင်အပြန်အလှန်ဖလှယ်မှုရှိရမည် ဖြစ်ကြောင်း၊ ဉာဏ်ရည်တုကို အထောက်အကူပြု အခန်းကဏ္ဍတွင် အသုံးချမည်ဖြစ်ပြီး အတွင်းရေးမှူးချုပ်ရုံးက လုံခြုံရေးစီမံခန့်ခွဲမှုများကို ကောင်းမွန်စွာ ဆောင်ရွက်၍ စိစစ်အတည်ပြုရမည်ဖြစ်ကြောင်း၊ အွန်လိုင်းခွင့်ပြုချက်မှတ်ပုံတင်မှု တည်ဆောက်ရေးသည် ကုန်ကျစရိတ်နှင့် ထိရောက်မှုကို ချိန်ဆရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

လုပ်ပိုင်ခွင့်ပေးအပ်မှု ရေးဆွဲသတ်မှတ်ရေးနှင့် လုပ်ပိုင်ခွင့်ဖော်ဆောင်ရေး၏ ဆက်နွှယ်မှုကို ကောင်းမွန်စွာ ကိုင်တွယ်စီမံရမည် ဖြစ်ကြောင်း စွန်းလေက ပြောကြားခဲ့သည်။ လုပ်ပိုင်ခွင့် လက်တွေ့ အကောင်အထည်ဖော်ဆောင်မှသာလျှင် ထိရောက်မှုရှိနိုင်ပြီး လုပ်ပိုင်ခွင့်ပေးအပ်မှု ရေးဆွဲသတ်မှတ်ခြင်းသည် လုပ်ပိုင်ခွင့် အကောင်အထည်ဖော်မှုအပေါ် တိုက်ရိုက် သက်ရောက်မှု ရှိကြောင်း၊ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် လုပ်ပိုင်ခွင့်ပေးအပ်မှုအရင်းခံမှ ကောင်းမွန်စွာ စိစစ်ကာ ကိစ္စရပ်တိုင်း၏ ပထမဆုံးချိတ်ဆက်မှုကို ကောင်းမွန်စွာ ချည်နှောင်ထားရမည်ဖြစ်ကြောင်း၊ လုပ်ပိုင်ခွင့်ပေးအပ်မှု ရေးဆွဲသတ်မှတ်ရာတွင် အချက်အချာကျသည့် ကိစ္စရပ်များကို အာရုံစိုက်ရမည်ဖြစ်ကြောင်း၊ သို့မှသာ လုပ်ပိုင်ခွင့်ဖော်ဆောင်မှုများသည် ရည်မှန်းချက် တိကျမှန်ကန်မှုရှိမည်ဖြစ်ပြီး အသေးအဖွဲကိစ္စရပ်များကြောင့် အရင်းအမြစ်လျော့နည်းသွားမှုကို ရှောင်ရှားနိုင်မည် ဖြစ်ကြောင်း၊ လုပ်ပိုင်ခွင့်ပေးအပ်မှု ရေးဆွဲသတ်မှတ်ချိန်တွင် ယခင်က လက်တွေ့ဖော်ဆောင်မှုများ၊ ဘဏ္ဍာရေးအရင်းအမြစ် စသည့် အခြေအနေများကို နားလည်သိရှိခြင်းသည် အဖွဲ့ဝင်နိုင်ငံများ၏ အနေအထားတစ်ရပ်လုံးအား ပိုင်နိုင်မှုကို အထောက်အပံ့ဖြစ်စေကာ အကောင်းဆုံး ဆုံးဖြတ်ချက်မူဝါဒများ ချမှတ်နိုင်ပြီး လုပ်ပိုင်ခွင့်ဖော်ဆောင်ရေးအတွက် အခြေအနေများကို ဖန်တီးပေးမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ထိုးဖောက်ဖယ်ရှားမှုနှင့် တည်ဆောက်မှု၏ ဆက်နွှယ်မှုကိုလည်း ကောင်းမွန်စွာ ကိုင်တွယ်စီမံရမည်ဖြစ်ကြောင်း စွန်းလေက ထောက်ပြခဲ့သည်။ ပြုပြင်ပြောင်းလဲရေးသည် ကုလသမဂ္ဂ၏ အရိုးစွဲနေသည့် နာတာရှည်ပြဿနာများအား ထိုးဖောက်ဖယ်ရှားရန်၊ သဏ္ဌာန်ဆောင်ဝါဒ၊ ဗျူရိုကရေစီဝါဒကို အတတ်နိုင်ဆုံး ရှောင်ရှားရန်၊ ချွေတာသုံးစွဲမှုကို တင်းတင်းကျပ်ကျပ် ဆောင်ရွက်ရန် တွန်းအားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တစ်ချိန်တည်းတွင်ပင် ကုလသမဂ္ဂလုပ်ငန်းများ တည်ငြိမ်မှုနှင့် စဉ်ဆက်မပြတ်ရှိမှုကို အာမခံရန်၊ ဘာသာစကားမျိုးစုံဝါဒ စသည့် ကုလသမဂ္ဂ၏ အချက်အချာကျသည့် တန်ဖိုးအမြင်ကို ထိန်းသိမ်းရန်၊ လက်တွေ့အောင်မြင်မှုအလုပ်များဖြင့် နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေးဝါဒကို ယုံကြည်ချက်နှင့် တွန်းအားဖြည့်တင်းရန် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် နိုင်ငံအသီးသီးနှင့်တကွ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံးနှင့်အတူ ကုလသမဂ္ဂလုပ်ငန်းများ စဉ်ဆက်မပြတ် ကောင်းမွန်ပြည့်စုံအောင် ပြုပြင်ပြောင်းလဲရေး၊ ကမ္ဘာလုံးဆိုင်ရာစီမံခန့်ခွဲမှု ပို၍ တရားမျှတမှု၊ ကျိုးကြောင်းဆီလျော်မှုရှိသော ဦးတည်ချက်သို့ တိုးတက်ရေးကို တွန်းအားပေးရန်အတွက် အပြုသဘောအခန်းကဏ္ဍမှ ကြိုးပမ်းဆောင်ရွက်သွားလိုကြောင်း စွန်းလေက ပြောကြားခဲ့သည်။ (Xinhua)

——————-
(Chinese Version)
中国代表:联合国改革要把握好四组关系
新华社联合国10月23日电 中国常驻联合国副代表孙磊23日在“联合国80周年改革倡议”(UN80)特设工作组“授权制定”磋商中发言时表示,当前,UN80改革三个进程趋于融合。从改革通盘考虑,结合授权制定,中方认为要把握好四组关系。
孙磊说,要把握好精简瘦身与提质增效的关系。UN80改革目的不是让联合国变得越来越小,而是要让联合国更精干、敏捷、有韧性,为会员国提供更优质、高效、直接的支持和服务。联合国在消除冗余重复的同时,要根据会员国特别是发展中国家需求,在重点领域加大投入,推进三大支柱均衡发展。同理,授权改革目的不是减少授权,不能盲目精简授权案文、报告和会议,而是要从实际效果出发,深入分析,精准操作,使资源发挥最大作用,扩大联合国影响力。
孙磊指出,要把握好会员国和联合国秘书处的关系。制定授权是会员国的特权,更是会员国的责任。授权改革需要会员国履行主体责任,从源头上把好关。同时,秘书处要加大支持力度。秘书处人员要熟悉业务,对相关领域知识做到融会贯通,为会员国提供全面支持。秘书处各部门和机构间要打破壁垒,加强协调,并同会员国加大沟通,提前通气。人工智能可以发挥辅助作用,秘书处要做好安全管理,进行把关校验。在线授权登记簿建设要讲究费效比。
孙磊表示,要把握好授权制定和授权执行的关系。授权落地才能发挥作用,而授权制定直接影响授权执行。会员国要从授权源头把关,系好衣服的第一粒扣子。制定授权要聚焦核心问题,这样授权执行才能有的放矢,避免枝末问题摊薄资源。在制定授权时了解既往执行、财政资源等情况,有助于会员国掌握全貌,作出最优决策,为授权执行创造条件。
孙磊指出,还要把握好破和立的关系。改革要推动联合国破除沉疴痼疾,力避形式主义、官僚主义,厉行勤俭节约,同时也要保证联合国工作的稳定性和连贯性,保持多语言主义等联合国核心价值观,用工作实绩为多边主义注入信心和动力。
孙磊还说,中方愿同各国及联合国秘书处共同努力,为不断改进完善联合国工作、推动全球治理朝着更加公正合理方向发展发挥建设性作用。(完)
1. 这是位于纽约的联合国总部外景(9月18日摄)。新华社记者 李睿 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.