China
ရှီကျင့်ဖိန်က APEC ခေါင်းဆောင်များ အလွတ်သဘောအစည်းအဝေး တက်ရောက်ရန်နှင့် နိုင်ငံတော်ခရီးစဉ်သွားရောက်ရန် တောင်ကိုရီးယားသို့ သွားရောက်မည်
ပေကျင်း၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ကိုရီးယားသမ္မတနိုင်ငံ (တောင်ကိုရီးယားနိုင်ငံ) သမ္မတ လီဂျေမြောင်၏ ဖိတ်ကြားချက်အရ အောက်တိုဘာ ၃၀ ရက်မှ နိုဝင်ဘာ ၁ ရက်အထိ တောင်ကိုရီးယားနိုင်ငံ ဂယောင်းဂျူမြို့သို့ သွားရောက်၍ (၃၂) ကြိမ်မြောက် အာရှ ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) ခေါင်းဆောင်များ အလွတ်သဘောအစည်းအဝေး တက်ရောက်ရန်နှင့် တောင်ကိုရီးယားနိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် သွားရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က အောက်တိုဘာ ၂၄ ရက်တွင် ကြေညာခဲ့သည်။ (Xinhua)
—————–
(Chinese Version)
习近平将赴韩国出席亚太经合组织第三十二次领导人非正式会议并对韩国进行国事访问
新华社北京10月24日电 外交部发言人10月24日宣布:应大韩民国总统李在明邀请,国家主席习近平将于10月30日至11月1日赴韩国庆州出席亚太经合组织第三十二次领导人非正式会议并对韩国进行国事访问。(完)
